အမှန်တရား (Truth) ဆိုတာဘာလဲ။

Aug 3, 2022
Inner Well-Being

လူသားတွေဘာဖြစ်လို့ အမှန်တရားကိုရှာဖွေချင်ကြတာလဲ။

အမှန်တရားကိုတွေ့ရင် လွတ်မြောက်ကြတယ်လို့ပြောဆိုကြတယ်။ ဘယ်ကနေဘာကိုလွတ်မြောက်ချင်ကြတာလဲ။

ဒုက္ခ (ဝေဒနာခံစားခြင်း) မှ လွတ်မြောက်ချင်တာလား။ ဒုက္ခက ဘယ်ကလာတာလဲ။ စိတ်အတွေးကလား။ ခန္ဓာကိုယ်ကလား။

ခန္ဓာကိုယ်နာကျင်မှု (Physical pain) ကတော့ အစစ်အမှန်တကယ့်အဖြစ်အပျက်မလို့ လိမ်ညာလို့မရပါ။ ရှောင်လွှဲလို့မရပါ။

စိတ်အတွေးကတော့ ချဲ့ထွင်တွေးတောမယ်။ ဇာတ်လမ်းထွင်မယ်။ စိတ်ကူးစိတ်သန်းတွေရှိတာကြောင့် ဝေဒနာပိုခံစားရတယ်လို့ဆိုကြပါတယ်။ ချဲ့ထွင်တွေးတောမှု၊ ဇာတ်လမ်းထွင်မှု၊ စိတ်ကူးစိတ်သန်းတွေကြောင့် တကယ့်အဖြစ်အပျက်အမှန်နဲ့ အရှိကိုအရှိအတိုင်းမကြည့်၊ မမြင်၊ မနေထိုင်ကြလို့ ဒုက္ခဝေဒနာခံစားနေကြရတာပါ။

အမှန်တရားဆိုတာက အရှိကိုအရှိအတိုင်း အပိုတွေထပ်မထည့်ဘဲ ကြည့်တတ်၊ မြင်တတ်၊ နေထိုင်တတ်ခြင်းပါပဲ။ အရှိကိုအရှိအတိုင်း အပိုတွေထပ်မထည့်ဘဲ သဘာဝကျကျ ဘဝကိုကြည့်တတ်၊ မြင်တတ်၊ နေထိုင်တတ်ရင် ဘဝမှာလွတ်မြောက်ခြင်းတွေနဲ့အတူ နေထိုင်နိုင်ကြရမှာပါ။

တကယ်တော့ အမှန်တရား (Truth) ဆိုတာကို ဝေးဝေးလံလံလိုက်ရှာနေစရာ မလိုပါဘူး။ မိမိဆီမှာပဲတွေ့ရှိနိုင်ပါတယ်။

Thida Aung

Aug 3, 2022 (Wednesday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူတွေကိုမျှဝေပေးပါ။ 🌸
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form