Published Books

အမြဲတမ်းဖတ်ဖို့

ဘဝနေနည်းစာစုတိုများ | သီတာအောင်

ဘဝကိုဘယ်လိုနေထိုင်ရမလဲလို့ အမြဲအဖြေရှာနေတဲ့ကျွန်မအတွက် အလင်းတန်းရရှိစေခဲ့တဲ့စာတွေက စာတို quote ပုံစံတွေများပါတယ်။ ကိုယ်တိုင်လည်း စာအရှည်ကြီးတွေရေးတာထက် ရရှိလာတဲ့ဘဝအတွေ့အကြုံတွေကို quote ပုံစံ တွေးဖြစ်၊ ပြောဖြစ်၊ ရေးဖြစ်တာများပါတယ်။

❛ အမြဲတမ်းဖတ်ဖို့ ❜ စာအုပ်မှာ ကျွန်မကိုယ်တိုင် လက်တွေ့ကျင့်သုံးခဲ့၊ ကျင့်သုံးဆဲဖြစ်တဲ့ ဘဝခွန်အားဖြည့်စာစုတိုပေါင်း ၁၅၀ ကျော်ပါဝင်ပါတယ်။ ဒီစာအုပ်ကို သွားလေရာ အိတ်ထဲထည့်သွားနိုင်ဖို့ (လက်တစ်ဖဝါးစာထက် အနည်းငယ်ကြီးတဲ့) မှတ်စုစာအုပ်အရွယ် ထုတ်ထားပါတယ်။

တစ်ထိုင်တည်း အစအဆုံးဖတ်တာထက် တစိမ့်စိမ့်ဖတ်ပြီး တရေးရေးတွေးစေနိုင်တဲ့ စာစုတွေဖြစ်လို့ စိတ်ခွန်အားကျနေချိန် ဘာလုပ်ရမှန်းမသိ စိတ်တွေထွေပြားနေတဲ့အခါ အမြဲတမ်းဖတ်ဖို့ စာအုပ်လေးကိုကောက်ယူပြီး တွေ့ရာစာမျက်နှာကိုလှန်ဖတ်လိုက်ရုံနဲ့ အလင်းတန်းတစ်ခု၊ တွန်းအားတစ်စုံတစ်ရာ ရရှိစေတယ်ဆိုရင် ကျွန်မကျေနပ်ပါပြီ။

နေ့ရက်တိုင်း ခွန်အားအပြည့်ဖြင့် ဘဝကို အနုစိတ်ခွဲခြမ်းစိတ်ဖြာ နေထိုင်နိုင်ကြပါစေ။
- သီတာအောင်

တန်ဖိုး = ၄၅၀၀ ကျပ် (စာမှတ်ကတ် ပါဝင်ပါသည်။)

မြန်မာတစ်ပြည်လုံးဖြန့်ချိရေး - ကိုလတ်စာပေ
အမှတ် ၂၂၀ ၊ မြေညီထပ်၊ ၃၁ လမ်း (အထက်ဘလောက်) ပန်းဘဲတန်းမြို့နယ် ၊ ရန်ကုန်မြို့။
စာအုပ်ဆိုင်ဖုန်း = 09-502-0068
ဖြန့်ချိရေးဖုန်း = 09-88-502-0068

ALL COURSES 20% OFF

Tr.သီတာအောင်Designing Your Relationship (DYR) နှင့် Living Being Mindful (LBM) သင်တန်းများကို ဧပြီလ ၆ ရက်မှ ၂၀ ရက်အထိ 20% discount ဖြင့် အပ်နှံနိုင်ပါသည်။

TERMS & CONDITIONS
◾ ဧပြီလ ၆ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း သင်တန်းကြေးသွင်းပြီး အပ်နှံသူသာ 20% discount ရရှိမှာဖြစ်ပါသည်။
◾ မည်သည့် Batch အတွက်မဆို ကြိုတင်အပ်နှံနိုင်ပါသည်။ သင်တန်းတက်ရမည့် batch ကို မကန့်သတ်ထားပါ။
◾ TDA Coaching Group ၏ အခြားသော discount program များနှင့် ပူးတွဲရယူခွင့်မရှိပါ။

အနီးဆုံးဖွင့်မည့် အတန်းအချိန်စာရင်းများကို သက်ဆိုင်ရာ page (DYR, LBM) များတွင် ကြည့်ရှုနိုင်ပါသည်။

20% OFF ဖြင့် သင်တန်းအပ်သူများအားလုံး ပုံမှန် course offer ဖြစ်သည့် "တစ်နှစ်အတွင်း နောက်ထပ်နှစ်ကြိမ် အခမဲ့ထပ်မံတက်ရောက်ခွင့်" ကိုလည်း ရရှိပါမည်။

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form