Relationship Course

DESIGNING YOUR RELATIONSHIPS

မိမိ၏ဆက်နွှယ်မှု Relationship အားလုံးကို စိတ်တိုင်းကျရေးဆွဲခြင်း

Relationships Course | Online | Zoom Class

လူအတော်များများက အကြောင်းအမျိုးမျိုးကြောင့် relationship နဲ့ပတ်သက်ပြီး အမြဲတမ်းစိုးရိမ်ကြောင့်ကြနေရပါတယ်။ Relationship တွေ အဆင်မပြေတဲ့အခါမှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတွေ ထိခိုက်တာကို တွေ့ရပါတယ်။ Relationship တွေသာအဆင်ပြေနေမယ်ဆိုရင် နေ့စဉ်နဲ့အမျှ တစ်ဦးနဲ့တစ်ဦးဆက်ဆံရေးတွေမှာ အထစ်အငေါ့မရှိ စိတ်ချမ်းသာပြီးနေထိုင်နိုင်ပါလိမ့်မယ်။

Relationship ဆိုတာ RELATEDNESS (ရင်းနှီးကျွမ်းဝင်ဆက်နွှယ်မှု) ကနေလာတာဖြစ်လို့ မိမိနှင့်မိမိကို ဘယ်လို relate လုပ်နေသလဲဆိုတာကို အရင်ဆုံးပြန်ကြည့်ဖို့လိုပါတယ်။ နေရာတိုင်းမှာ "မိမိ" ပါဝင်ဆက်ဆံနေရတာဖြစ်တာကြောင့် မိမိကိုယ်မိမိနဲ့ရင်းနှီးကျွမ်းဝင်သွားပြီဆိုရင် အခြားသူတွေနဲ့ရင်းနှီးကျွမ်းဝင်ဖို့လည်း လွယ်ကူသွားပါပြီ။

Designing Your Relationships course မှာ မေးခွန်းပေါင်းများစွာကနေထွက်လာမယ့် ဖြစ်နိုင်ခြေရှိတဲ့အပေါ်မှာအခြေခံပြီး အနာဂတ်မှာ မိမိဖြစ်ချင်တဲ့ relationship ပုံစံကို ခွန်အားပြည့်ဝစွာနဲ့ ပျော်ရွှင်စွာတည်ဆောက်သွားနိုင်ဖို့ လမ်းညွှန်သင်ကြားပေးမှာဖြစ်ပါတယ်။ စာတွေ့သိရုံထက် လက်တွေ့အသုံးချနိုင်အောင် သင်ခန်းစာတိုင်းမှာ assignment, exercise, reading material, worksheet တွေနဲ့ သေချာပြင်ဆင်ထားပါတယ်။

မိမိနှင့်ချစ်သူ/အိမ်ထောင်ဖက်၊ မိမိနှင့်မိသားစု (မိဘ၊ သားသမီး၊ မောင်နှမ၊ ဆွေမျိုး)၊ မိမိနှင့်လုပ်ငန်းခွင် (အလုပ်ရှင်၊ လုပ်ဖော်ကိုင်ဖက်၊ ဝန်ထမ်း)၊ မိမိနှင့်သူငယ်ချင်းအပေါင်းအသင်းစသဖြင့် relationship တစ်ခုခုမှာ မိမိလိုချင်တဲ့ပုံစံအနေအထားမျိုး ရှိမနေဘူးလို့ထင်ရင် Designing Your Relationships သင်တန်းက သင့်အတွက်လို့ပြောပါရစေ။ "ဘာကြောင့်လဲ" လို့ ဒွိဟဖြစ်နေတဲ့မေးခွန်းတွေအတွက် အဖြေတွေပေးနိုင်တဲ့ DYR ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

ဘယ်သူတွေတက်သင့်သလဲ။

  • Relationship ကို လက်လျှော့ထားသူများ
  • ကောင်းမွန်တဲ့ relationship ကိုလိုချင်သော်လည်း ဘယ်လိုလုပ်ရမလဲမသိသူများ
  • သံသယကိုကျော်လွှားပြီး စိတ်ချမှုနှင့်ပေါင်းသင်းဆက်ဆံလိုသူများ
  • စိတ်ထဲရှိသည့်အတိုင်း ထုတ်ဖော်ဆက်ဆံဖို့တွန့်ဆုတ်နေသူများ
  • ပေါင်းသင်းဆက်ဆံရေးမှာ အားနည်းနေသည်ဟုထင်နေသူများ
  • မိသားစုအတွင်း နွေးထွေးတဲ့ဆက်ဆံရေးကို ပြန်လည်ဖန်တီးလိုသူများ

သင်ကြားမည့်အကြောင်းအရာများ

  • ဆက်နွယ်ဆက်ဆံရေး (Relationship) ဆိုတာ ဘာလဲ။
  • Relationship များကြားတွင်ရှိသော ကြောက်စိတ်။
  • လမ်းခွဲရခြင်းနှင့် နောက်ဆက်တွဲဝေဒနာများ။
  • အတိတ်သံယောဇဉ်များကို ပြည်ဖုံးကားချခြင်း။
  • လူတွေ မိမိစကားကို နားထောင်အောင် ဘယ်လိုလုပ်မလဲ။
  • Relationship များ၏ အခြေခံအုတ်မြစ်။
  • ဖိုနှင့်မသဘာဝ၏ ကွဲပြားခြားနားချက်များကို နားလည်ခြင်း။
  • မိမိ၏အရေးကြီးသော relationship များအတွက် ဖြစ်နိုင်ခြေများကို BEING ဖြစ်တည်မှုအဖြစ် စိတ်တိုင်းကျရေးဆွဲခြင်း။

ရရှိမည့်အကျိုးကျေးဇူးများ

  • စိတ်၏အေးချမ်းခြင်း
  • မိမိကိုယ်မိမိတန်ဖိုးထားခြင်း
  • မိမိကိုယ်မိမိယုံကြည်မှုတိုးလာခြင်း
  • စစ်မှန်သောဆက်သွယ်ပြောဆိုခြင်း
  • နေ့ရက်တိုင်းတွင် ပျော်ရွှင်မှုနှင့်ပြည့်စုံခြင်း
  • နေ့စဉ် ဘဝကိုအသစ်တစ်ဖန်နေထိုင်တတ်လာခြင်း
  • မိမိကိုယ်မိမိနှင့် မိမိ၏လက်တွဲဖော်ကိုပါ စိတ်ချမှုရှိခြင်း
  • မိမိချစ်ရသူတို့၏အနားတွင် လွတ်လပ်မှုနှင့် နေထိုင်နိုင်ခြင်း

Upcoming: DYR Batch 16

Date: Jul 26, 27, 28, 29 & 31, 2024
Time: 8:00-10:30 PM (Yangon Time)
Fee: 200,000 MMK
Language: Burmese
Trainer: Thida Aung

Zoom ဖြင့် သင်ကြားပါမည်။
REGISTER NOW

သင်တန်းသားတွေရဲ့စကားသံ

၄ ရက်တာသင်တန်းက ကျမအတွက် တကယ်ကိုမှအကျိုးရှိခဲ့ပါတယ်။ အဲ့ဒီထဲကမှ ကိုယ်လုပ်ရမှာကို ကိုယ့်ကိုယ်ကိုယ်ညှာပြီး သူများကိုအပြစ်တင်နေမိတာမျိုးတွေ၊ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် နေ့တိုင်းငြူစူနေမိတာတွေ၊ ချစ်ဖို့မေ့နေတာတွေ၊ အနာဂတ်ကိုမျှော်ပြီး ခြေကုန်လက်ပန်းကျနေတာမျိုးတွေက ကျမမျက်လုံးထဲ မြူတွေဆိုင်းနေခဲ့တာပါ။ သေချာတာပေါ့... ဒီအတန်းတက်လိုက်ရုံနဲ့ အကုန်လုပ်နိုင်သွားမှာတော့မဟုတ်ဘူးဆိုတာနားလည်ပေမယ့် ကျမကျင့်ယူမှာပါ၊ သတိချပ်မှာပါ၊ ဘဝလက်ကျန်အချိန်တွေကို တန်ဖိုးရှိစွာအသုံးပြုမှာပါ။ ဆရာမနှင့်တကွ မယမုံ၊ Admin တွေကိုလည်း ကျေးဇူးတင်ပါတယ်နော်။ ပြန်တွေ့ကြပါမယ်။

Seng Moon
DYR, Batch 14
Aug 22, 2023

ကိုယ့်ကိုယ်ကိုယ်ပိုသိဖို့ အားထုတ်ရတော့မယ်၊ မနက်ခင်းနိုးထမှုတွေက မပျော်ရွှင်ဘဲ လေးလံနေတာတွေသိလာချိန် ကိုယ့် inner journey အတွက် mentor တစ်ယောက်ရှာနေမိတယ်။ ညီမလေးသူဇာလွင် ကျေးဇူးနဲ့ တီချယ့် video ကို ကြည့်ဖြစ်ပြီး ကိုယ်ရှာနေတာနဲ့ ကိုယ်သွားချင်တဲ့လမ်းကို ညွှန်ပြပေးနိုင်မယ်ဆိုတာ လုံးဝယုံကြည်ခဲ့တယ်။ ကိုယ့်အဖြစ်က အနာရှိမှန်းသိပြီး ဘယ်ဆေးသောက်ရမယ်၊ ဘယ်လိုလေးပြုပြင်ပေးရမယ်ဆိုတာ မသိသူလိုပါပဲ။

DYR သင်တန်းမှာ ကျွန်မတို့ လုံးပြီးအကြမ်းဖျင်းပဲသိထားတဲ့အကြောင်းအရာတွေကို အသေးစိတ်ကွဲပြားစွာသိလာရပါတယ်။ သင်တန်းတက်နေစဉ် ၂ ရက်မြောက်နေ့မှာ ကြုံတွေ့ရတဲ့ အခက်အခဲတစ်ခုမှာ ကိုယ့်ဘက်ကပြုပြင်လုပ်ဆောင်ရမှာတွေကို possibility create လုပ်၊ လက်တွေ့အသုံးပြုခဲ့လို့ victim နေရာမှာ ဖြစ်ကြောမရှည်တော့ဘဲ စိတ်ချမ်းသာခဲ့ရပါတယ်။ သင်တန်းပြီး တစ်ပတ်အတွင်းမှာ အလိုမကျစိတ်လေးဖြစ်နေတာသိပြီး unconditional love နဲ့ လက်ခံပေးမှုကို တဒင်္ဂနားလည်လိုက်တာကလည်း ပြန်မရှင်းပြတတ်အောင်ပါပဲ။ နောက်တစ်ခုအကျိုးရှိလာတာက အရင်က အပြင်ကို အပြစ်တင်ဝေဖန်ရာကနေ အခု တစ်ခုခုဖြစ်ရင် ငါ့အတွင်းထဲက ဘာတွေပြောလဲ၊ ဘာတွေဖြစ်သွားလဲ၊ ဘာတွေတုံ့ပြန်လဲ၊ နောက်ကွယ်ကအကြောင်းရင်းကဘာလဲ စသဖြင့် မိမိကိုယ်မိမိ ပြန်ချိတ်ဆက်နေပြီး ကိုယ့်ရဲ့ power တွေကို ပြန်လည်ရယူနေတာပါပဲ။

သင်တန်းကပေးတဲ့ Tools & Techniques လေးတွေက ဘဝတစ်သက်စာအသုံးချပညာတွေမို့  အလွန်တရာမှတန်ဖိုးရှိပြီး လူတိုင်းအတွက်လိုအပ်ပါတယ်။ သင်တန်းတစ်လျှောက်လုံးမှာလည်း တီချယ်နဲ့မယမုံတို့ရဲ့ အားလုံးအပေါ် နွေးထွေးမှု၊ ဂရုစိုက်ပေးမှု၊ warmly welcome အပြည့်နဲ့ ကူညီဖို့အသင့်ရှိနေမှုတွေကြောင့် စိတ်သက်တောင့်သက်သာဖြစ်ရပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Thant Sin Tint
DYR, Batch 12
Apr 30, 2023

အရမ်းစိတ်ရှုပ်ပြီး ကိုယ့်နားကသူတွေကို အပြစ်ပဲမြင်မိခဲ့တယ်။ ပေါက်ကွဲထွက်ပြီး ရန်ပတ်ရှာမိ၊ အကြီးအကျယ်ငိုမိ၊ ပြီးမှနောင်တတွေရမိ... Psychologist တွေနဲ့လည်း ပြခဲ့တယ်။ ရင်ဖွင့်ပြောပြလည်း ခဏပဲသက်သာပြီး ဒီလိုပဲချာလည်ပြန်လိုက်နေတယ်။

တီချယ့် YouTube video ကြည့်ပြီး တော်တော်လေးသဘောကျလို့ တီချယ်နဲ့ coaching တစ်ချိန်ယူခဲ့တယ်။ အဲ့မှာအရမ်းကိုအဆင်ပြေသွားတယ်။ ဘာကြောင့်ကိုယ်ဒီလိုဖြစ်နေရတာလဲဆိုတာ မြင်လာတယ်။ DYR သင်တန်းလေးကို တက်ဖြစ်ပါတယ်။ အဲ့မှာပိုပြီးအဆင်ပြေလာတယ်။ ဘာတွေကြောင့်ဖြစ်နေရလဲ။ ဘာတွေပြင်ရမလဲပေါ့။ ဒါပေမယ့် သင်တန်းပြီးရက်ပိုင်းမှာ အတွေးတွေပြန်ရှုပ်ပြန်တယ်။ အဲ့မှာသိလာရတာက ကိုယ်တိုင် practice လုပ်ဖို့ အရေးကြီးတာလေးကိုပါ။

သင်တန်းတက်ပြီးရင် အားသာချက်က breakdown ဖြစ်ရင် တီချယ်တို့နဲ့ keep in touch အမြဲပြန်ပြောနိုင်တာလေးပါ။ စိတ်ရှုပ်သွားတိုင်း တီချယ်တို့ရဲ့ guidance ယူပြီး တစ်ခုချင်းပြန်ဖြေရှင်းပါတယ်။ Guidance ဆိုပေမယ့် ဘယ်ဟာလုပ်ပါဆိုပြီးပြောတာမျိုးမဟုတ်ပါဘူး။ ကိုယ်ပြောနေတာကိုနားထောင်ပြီး ကိုယ့်အတွင်းစိတ်ကို ပြန်နားထောင်မိ၊ နားလည်မိပြီး ကိုယ့်စိတ်ကို ကိုယ့်ဟာကိုယ် deal လုပ်နိုင်အောင်ပြောပြပေးတာမျိုးပါ။ ညွှန်ပေးတဲ့အမျိုးကိုကော တီချယ့်ကိုကော အရမ်းကျေးဇူးတင်လျက်ပါရှင်။ 😊

Maw Maw Min
DYR, Batch 4
Mar 12, 2023

DYR သင်တန်းလေးကအရမ်းတက်သင့်တယ်လို့ သင်တန်းပြီးချိန်မှာပိုသိရပါတယ်။ တစ်ခါတလေမှာ မိမိမှာရှိတယ်မထင်မှတ်ထား၊ မတွေးထားတဲ့စိတ်အခြေအနေလေးတွေကြောင့် မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ချစ်သူ၊ မိမိဝန်ထမ်းအားလုံးအပေါ်မှာ ခင်မင်မှုလေးတွေပျက်စီးခဲ့ရပါတယ်။ တစ်ခါတလေမှာ မိမိဆို မိတ်ဆွေတွေနဲ့ပတ်သက်ရင် ကိုယ်သာအမြဲမှန်စိတ်ရှိခဲ့လို့ မိတ်ဆွေစစ်တွေနဲ့လွဲချော်ခဲ့ရပါတယ်။

အခု DYR သင်တန်းလေးတက်ပြီးတစ်ရက်မှာစတင်တွေ့ရှိပြီး သင်တန်းလေးရက်မြောက်နေ့မှာ အရမ်းအကျိုးရှိတဲ့ခံစားချက်ကိုရရှိခဲ့ပါတယ်။ မိသားစုဆီကနွေးထွေးမှုကိုရရှိလိုက်တာ တန်ဖိုးမဖြတ်နိုင်တဲ့ပျော်ရွှင်မှုပါ။ တီချယ်ကိုလည်းကျေးဇူးအထူးတင်ပါတယ်။ တီချယ်အပေါ်ယုံကြည်ပြီး သင်တန်းတက်ခဲ့လို့ အချိန် (၈) နာရီက အရမ်းတန်ဖိုးရှိခဲ့ပါတယ်။ ကျေးဇူးအထူးပါ တီချယ်။

MMK
DYR, Batch 7
Aug 10, 2022

ပထမဆုံးတီချယ်နဲ့စတွေ့ချိန်ထဲက တီချယ်ရဲ့မေတ္တာဓာတ်လေးခံစားခဲ့ရတာ။ 🥰🥰

ချစ်သူရည်းစား relationship ပဲဖြစ်ဖြစ်.. မိသားစုချင်း relationship ပဲဖြစ်ဖြစ် လူသားဖြစ်နေတဲ့အတွက် လူလူချင်းဆက်ဆံရတဲ့ relationship တွေတိုင်းမှာ အရမ်းလက်တွေ့ကျပြီး အထောက်အကူဖြစ်ခဲ့ရတယ်။ အရမ်းတက်သင့်တဲ့သင်တန်းလေးပါ။ မှားလို့မှားနေမှန်းတောင်မသိတဲ့အပြုအမူ၊ အနေအထားလေးတွေကနေ (အလုံးစုံကောင်းမွန်အောင် မပြင်ဆင်နိုင်သေးပေမဲ့) အလင်းလေးတစ်ခုတွေ့လိုက်ရသလိုပါပဲ။ ကောင်းမွန်ပျော်ရွှင်တဲ့ဘဝလေးဖြစ်အောင် မိမိကိုယ်ကိုပြုပြင်ချင်တဲ့သူတိုင်းတက်သင့်ပါတယ်။

Hnin Ei Phyu
DYR, Batch 3
Aug 3, 2022

အမေးများသောမေးခွန်းများ

Updated on Aug 21, 2022.
အကျိုးများဖို့ ဘာလုပ်ရမလဲ။
လက်တွေ့လေ့ကျင့်ဖို့ကူညီပေးလား။
Graduate ၏အကျိုးခံစားခွင့်များ
သင်တန်းစည်းကမ်းချက်များ
သင်တန်းဘယ်လိုအပ်ရမလဲ။

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form