Relationship Course

DESIGNING YOUR RELATIONSHIPS

မိမိ၏ဆက်နွှယ်မှု Relationship အားလုံးကို စိတ်တိုင်းကျရေးဆွဲခြင်း

Relationships Course | Online | Zoom Class

လူအတော်များများက အကြောင်းအမျိုးမျိုးကြောင့် relationship နဲ့ပတ်သက်ပြီး အမြဲတမ်းစိုးရိမ်ကြောင့်ကြနေရပါတယ်။ Relationship တွေ အဆင်မပြေတဲ့အခါမှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတွေ ထိခိုက်တာကို တွေ့ရပါတယ်။ Relationship တွေသာအဆင်ပြေနေမယ်ဆိုရင် နေ့စဉ်နဲ့အမျှ တစ်ဦးနဲ့တစ်ဦးဆက်ဆံရေးတွေမှာ အထစ်အငေါ့မရှိ စိတ်ချမ်းသာပြီးနေထိုင်နိုင်ပါလိမ့်မယ်။

Relationship ဆိုတာ RELATEDNESS (ရင်းနှီးကျွမ်းဝင်ဆက်နွှယ်မှု) ကနေလာတာဖြစ်လို့ မိမိနှင့်မိမိကို ဘယ်လို relate လုပ်နေသလဲဆိုတာကို အရင်ဆုံးပြန်ကြည့်ဖို့လိုပါတယ်။ နေရာတိုင်းမှာ "မိမိ" ပါဝင်ဆက်ဆံနေရတာဖြစ်တာကြောင့် မိမိကိုယ်မိမိနဲ့ရင်းနှီးကျွမ်းဝင်သွားပြီဆိုရင် အခြားသူတွေနဲ့ရင်းနှီးကျွမ်းဝင်ဖို့လည်း လွယ်ကူသွားပါပြီ။

Designing Your Relationships course မှာ မေးခွန်းပေါင်းများစွာကနေထွက်လာမယ့် ဖြစ်နိုင်ခြေရှိတဲ့အပေါ်မှာအခြေခံပြီး အနာဂတ်မှာ မိမိဖြစ်ချင်တဲ့ relationship ပုံစံကို ခွန်အားပြည့်ဝစွာနဲ့ ပျော်ရွှင်စွာတည်ဆောက်သွားနိုင်ဖို့ လမ်းညွှန်သင်ကြားပေးမှာဖြစ်ပါတယ်။ စာတွေ့သိရုံထက် လက်တွေ့အသုံးချနိုင်အောင် သင်ခန်းစာတိုင်းမှာ assignment, exercise, reading material, worksheet တွေနဲ့ သေချာပြင်ဆင်ထားပါတယ်။

မိမိနှင့်ချစ်သူ/အိမ်ထောင်ဖက်၊ မိမိနှင့်မိသားစု (မိဘ၊ သားသမီး၊ မောင်နှမ၊ ဆွေမျိုး)၊ မိမိနှင့်လုပ်ငန်းခွင် (အလုပ်ရှင်၊ လုပ်ဖော်ကိုင်ဖက်၊ ဝန်ထမ်း)၊ မိမိနှင့်သူငယ်ချင်းအပေါင်းအသင်းစသဖြင့် relationship တစ်ခုခုမှာ မိမိလိုချင်တဲ့ပုံစံအနေအထားမျိုး ရှိမနေဘူးလို့ထင်ရင် Designing Your Relationships သင်တန်းက သင့်အတွက်လို့ပြောပါရစေ။ "ဘာကြောင့်လဲ" လို့ ဒွိဟဖြစ်နေတဲ့မေးခွန်းတွေအတွက် အဖြေတွေပေးနိုင်တဲ့ DYR ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

ဘယ်သူတွေတက်သင့်သလဲ။

  • Relationship ကို လက်လျှော့ထားသူများ
  • ကောင်းမွန်တဲ့ relationship ကိုလိုချင်သော်လည်း ဘယ်လိုလုပ်ရမလဲမသိသူများ
  • သံသယကိုကျော်လွှားပြီး စိတ်ချမှုနှင့်ပေါင်းသင်းဆက်ဆံလိုသူများ
  • စိတ်ထဲရှိသည့်အတိုင်း ထုတ်ဖော်ဆက်ဆံဖို့တွန့်ဆုတ်နေသူများ
  • ပေါင်းသင်းဆက်ဆံရေးမှာ အားနည်းနေသည်ဟုထင်နေသူများ
  • မိသားစုအတွင်း နွေးထွေးတဲ့ဆက်ဆံရေးကို ပြန်လည်ဖန်တီးလိုသူများ

သင်ကြားမည့်အကြောင်းအရာများ

  • ဆက်နွယ်ဆက်ဆံရေး (Relationship) ဆိုတာ ဘာလဲ။
  • Relationship များကြားတွင်ရှိသော ကြောက်စိတ်။
  • လမ်းခွဲရခြင်းနှင့် နောက်ဆက်တွဲဝေဒနာများ။
  • အတိတ်သံယောဇဉ်များကို ပြည်ဖုံးကားချခြင်း။
  • လူတွေ မိမိစကားကို နားထောင်အောင် ဘယ်လိုလုပ်မလဲ။
  • Relationship များ၏ အခြေခံအုတ်မြစ်။
  • ဖိုနှင့်မသဘာဝ၏ ကွဲပြားခြားနားချက်များကို နားလည်ခြင်း။
  • မိမိ၏အရေးကြီးသော relationship များအတွက် ဖြစ်နိုင်ခြေများကို BEING ဖြစ်တည်မှုအဖြစ် စိတ်တိုင်းကျရေးဆွဲခြင်း။

ရရှိမည့်အကျိုးကျေးဇူးများ

  • စိတ်၏အေးချမ်းခြင်း
  • မိမိကိုယ်မိမိတန်ဖိုးထားခြင်း
  • မိမိကိုယ်မိမိယုံကြည်မှုတိုးလာခြင်း
  • စစ်မှန်သောဆက်သွယ်ပြောဆိုခြင်း
  • နေ့ရက်တိုင်းတွင် ပျော်ရွှင်မှုနှင့်ပြည့်စုံခြင်း
  • နေ့စဉ် ဘဝကိုအသစ်တစ်ဖန်နေထိုင်တတ်လာခြင်း
  • မိမိကိုယ်မိမိနှင့် မိမိ၏လက်တွဲဖော်ကိုပါ စိတ်ချမှုရှိခြင်း
  • မိမိချစ်ရသူတို့၏အနားတွင် လွတ်လပ်မှုနှင့် နေထိုင်နိုင်ခြင်း

Upcoming: DYR Batch 16

Date: Jul 26, 27, 28, 29 & 31, 2024
Time: 8:00-10:30 PM (Yangon Time)
Fee: 200,000 MMK
Language: Burmese
Trainer: Thida Aung

Zoom ဖြင့် သင်ကြားပါမည်။
REGISTER NOW

သင်တန်းသားတွေရဲ့စကားသံ

ဆရာမဆီမှာ DYR ကိုတက်လိုက်ရင် တခြား Relationship သင်တန်းတွေနဲ့မတူပါဘူး။ ပညာကိုမချန်၊ စေတနာအပြည့်အဝနဲ့သင်ကြားပေးပါတယ်။

လူတွေရဲ့ငယ်စဉ်ဘဝကသတ်မှတ်ခဲ့တဲ့ identity တွေနဲ့ ရင်ထဲမှာသိမ်းထားခဲ့တဲ့... ကိုယ်ကိုယ်တိုင်တောင်မသိခဲ့တဲ့ဒဏ်ရာတွေ၊ Trauma တွေကြောင့် ကြီးပြင်းလာတဲ့အခါ အဲဒီပုံစံအတိုင်းပြုမူဆောင်ရွက်နေတာတွေကိုလည်း ပြသခဲ့ပါတယ်။ Relationship လို့ဆိုလိုက်တိုင်း bf, gf ဆက်ဆံရေးတစ်ခုတည်းသာမက self-relationship, Parents Relationship & Relative Relationship တွေကိုပါသိလာအောင်၊ ပြဿနာတစ်ခုဖြစ်တိုင်း acceptance ဖြစ်လာအောင်၊ လူတစ်ယောက်ကို positive အမြင်ဖြင့်ကြည့်တတ်ပြီးဆက်ဆံတတ်အောင်သင်ကြားပေးပါတယ်။ ဆရာမ Daw Thida Aung ကို Thz u So Much from the bottom of my heart လို့ပြောပါရစေ တီချယ်။

May Thandar Zin
DYR, Batch 5
Jul 9, 2022

ကိုယ့်ကိုယ်ကိုယ်ပြောနေတဲ့ Inner voiceတွေကို ပိုပြီး Awareness ဖြစ်လာတယ်။ Breakdown ဖြစ်တဲ့ အရာတွေကို Breakthrough လုပ်ရင်း ဘဝကပိုပြီးနေပျော်လာတယ်။ တန်ဖိုးအရှိဆုံးအနေနဲ့ Integrity အကြောင်းကိုသိလိုက်ရပြီး growth Mindset ရရှိခဲ့ပါတယ်။ Transformative Learning နဲ့ သင်ကြားရတာဖြစ်လို့ သင်တစ်ခုခုရရှိပြီး well being ပိုဖြစ်လာမှာသေချာပါတယ်။ Let's Focus and Create Your Being.

Cosmos
DYR, Batch 6
Jul 7, 2022

ဒီသင်တန်းက ကိုယ်နဲ့အခြားသူတွေကြားက ဆက်ဆံရေးတွေ၊ သူတို့ဆီကဘာလိုချင်တာလဲဆိုတာတွေကို ပိုပြီးရှင်းရှင်းလင်းလင်းသိသွားစေပါတယ်။ ဒီတစ်လျှောက်လုံး ကိုယ်မှာဘယ်လိုအကြောက်တရားတွေရှိနေသလဲ၊ ဘယ်လိုကြောင့် ကိုယ့်ရဲ့အဆိုးရွားဆုံးအကြောက်တရားဖြစ်လာသလဲဆိုတာကိုလည်း ပြပေးလိုက်သလိုပါပဲ။ သင်တန်းပြီးတဲ့နောက်ပိုင်း ကိုယ့်ကိုယ်ကိုယ်ပိုနားလည်လာတယ်။ ကိုယ့်ကိုဝါးမြိုနေတဲ့အကြောက်တရားကိုလည်း ဖယ်ထုတ်နိုင်လာတယ်။ စိတ်ဖိစီးမှုကင်းလာပြီး နေရတာပိုပေါ့ပါးလာတယ်။

Yanz
DYR, Batch 4
May 27, 2022

DYR တက်ပြီးတော့ benefit တွေ အများကြီးရခဲ့ပါတယ်။ ဒီcourse ရဲ့ နာမည်လေးက ဆန်းပါတယ်။ Relationship Course ဆိုလို့ ချစ်သူတွေပဲတက်ရမယ်လို့ မထင်လိုက်ပါနဲ့နော်။ Course တက်ပြီးတာနဲ့  family, friends, colleague & social community တွေကြားမှာပါ စိတ်ရှင်းရှင်းနဲ့ အပျော်ရွှင်ဆုံး ပေါ့ပေါ့ပါးပါးဆက်ဆံနိုင်လာတယ်။ Course က လေးရက်ပဲတက်ရပေမယ့် ရလိုက်တဲ့ benefits တွေကတော့ lifetime warranty ပေးလိုက်သလိုပါပဲ။ နေ့ရက်တိုင်းက new Being တွေနဲ့ ‌ပျော်ရွှင်စွာရှေ့ဆက်နေပါတယ်။

Jessica Aung
DYR, Batch 2
May 25, 2022

ဒီ course လေးက မတက်ခင်ကဆိုရင် ရုတ်တရက်နာမည်ကိုကြည့်လိုက်ရင် ရိုးရှင်းလွန်းတယ်၊ အခြေခံကျပြီး မထူးခြားလောက်ဘူးထင်မိတယ်။ ကိုယ်တိုင် Batch 4 မှာ ဝင်တက်ကြည့်တော့ Relationships ဆိုတာ ကိုယ်ထင်ထားသလိုမဟုတ်တဲ့အကြောင်း ပိုလေးနက်သေချာသိလာရတယ်။ တကယ်ကို စောစောကသိခဲ့၊ နားလည်ခဲ့ရင်ကောင်းမယ်ဆိုတာတွေလည်း သိလာရတယ်။ Coach ကလည်း တကယ်ကိုသေသေချာချာနားလည်တဲ့အထိသေချာရှင်းပြပြီး မေးခွန်းတွေပါစိတ်ရှည်ရှည်ဖြေပေးလို့ အဆင်ပြေတယ်။ (Love coach personality.)

A little bit spoiler: Course ရဲ့ Day 2 အစီစဉ်လေးဆို တကယ် favorite ဖြစ်ခဲ့တယ်။ အတန်းတက်သူအချင်းချင်းရော ရင်းနှီးမှုရစေခဲ့တယ်။ Course ကြောင့် မသိတာအချို့သိလာရလို့ စိတ်ပိုချမ်းသာလာရပြီး ပိုကောင်းတဲ့ရလဒ် being ဖြင့် တီထွင်နေလျက်ရှိ၏။

Ye Lwin
DYR, Batch 4
May 22, 2022

အမေးများသောမေးခွန်းများ

Updated on Aug 21, 2022.
အကျိုးများဖို့ ဘာလုပ်ရမလဲ။
လက်တွေ့လေ့ကျင့်ဖို့ကူညီပေးလား။
Graduate ၏အကျိုးခံစားခွင့်များ
သင်တန်းစည်းကမ်းချက်များ
သင်တန်းဘယ်လိုအပ်ရမလဲ။

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form