Relationship Course

DESIGNING YOUR RELATIONSHIPS

မိမိ၏ဆက်နွှယ်မှု Relationship အားလုံးကို စိတ်တိုင်းကျရေးဆွဲခြင်း

Relationships Course | Online | Zoom Class

လူအတော်များများက အကြောင်းအမျိုးမျိုးကြောင့် relationship နဲ့ပတ်သက်ပြီး အမြဲတမ်းစိုးရိမ်ကြောင့်ကြနေရပါတယ်။ Relationship တွေ အဆင်မပြေတဲ့အခါမှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတွေ ထိခိုက်တာကို တွေ့ရပါတယ်။ Relationship တွေသာအဆင်ပြေနေမယ်ဆိုရင် နေ့စဉ်နဲ့အမျှ တစ်ဦးနဲ့တစ်ဦးဆက်ဆံရေးတွေမှာ အထစ်အငေါ့မရှိ စိတ်ချမ်းသာပြီးနေထိုင်နိုင်ပါလိမ့်မယ်။

Relationship ဆိုတာ RELATEDNESS (ရင်းနှီးကျွမ်းဝင်ဆက်နွှယ်မှု) ကနေလာတာဖြစ်လို့ မိမိနှင့်မိမိကို ဘယ်လို relate လုပ်နေသလဲဆိုတာကို အရင်ဆုံးပြန်ကြည့်ဖို့လိုပါတယ်။ နေရာတိုင်းမှာ "မိမိ" ပါဝင်ဆက်ဆံနေရတာဖြစ်တာကြောင့် မိမိကိုယ်မိမိနဲ့ရင်းနှီးကျွမ်းဝင်သွားပြီဆိုရင် အခြားသူတွေနဲ့ရင်းနှီးကျွမ်းဝင်ဖို့လည်း လွယ်ကူသွားပါပြီ။

Designing Your Relationships course မှာ မေးခွန်းပေါင်းများစွာကနေထွက်လာမယ့် ဖြစ်နိုင်ခြေရှိတဲ့အပေါ်မှာအခြေခံပြီး အနာဂတ်မှာ မိမိဖြစ်ချင်တဲ့ relationship ပုံစံကို ခွန်အားပြည့်ဝစွာနဲ့ ပျော်ရွှင်စွာတည်ဆောက်သွားနိုင်ဖို့ လမ်းညွှန်သင်ကြားပေးမှာဖြစ်ပါတယ်။ စာတွေ့သိရုံထက် လက်တွေ့အသုံးချနိုင်အောင် သင်ခန်းစာတိုင်းမှာ assignment, exercise, reading material, worksheet တွေနဲ့ သေချာပြင်ဆင်ထားပါတယ်။

မိမိနှင့်ချစ်သူ/အိမ်ထောင်ဖက်၊ မိမိနှင့်မိသားစု (မိဘ၊ သားသမီး၊ မောင်နှမ၊ ဆွေမျိုး)၊ မိမိနှင့်လုပ်ငန်းခွင် (အလုပ်ရှင်၊ လုပ်ဖော်ကိုင်ဖက်၊ ဝန်ထမ်း)၊ မိမိနှင့်သူငယ်ချင်းအပေါင်းအသင်းစသဖြင့် relationship တစ်ခုခုမှာ မိမိလိုချင်တဲ့ပုံစံအနေအထားမျိုး ရှိမနေဘူးလို့ထင်ရင် Designing Your Relationships သင်တန်းက သင့်အတွက်လို့ပြောပါရစေ။ "ဘာကြောင့်လဲ" လို့ ဒွိဟဖြစ်နေတဲ့မေးခွန်းတွေအတွက် အဖြေတွေပေးနိုင်တဲ့ DYR ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

ဘယ်သူတွေတက်သင့်သလဲ။

  • Relationship ကို လက်လျှော့ထားသူများ
  • ကောင်းမွန်တဲ့ relationship ကိုလိုချင်သော်လည်း ဘယ်လိုလုပ်ရမလဲမသိသူများ
  • သံသယကိုကျော်လွှားပြီး စိတ်ချမှုနှင့်ပေါင်းသင်းဆက်ဆံလိုသူများ
  • စိတ်ထဲရှိသည့်အတိုင်း ထုတ်ဖော်ဆက်ဆံဖို့တွန့်ဆုတ်နေသူများ
  • ပေါင်းသင်းဆက်ဆံရေးမှာ အားနည်းနေသည်ဟုထင်နေသူများ
  • မိသားစုအတွင်း နွေးထွေးတဲ့ဆက်ဆံရေးကို ပြန်လည်ဖန်တီးလိုသူများ

သင်ကြားမည့်အကြောင်းအရာများ

  • ဆက်နွယ်ဆက်ဆံရေး (Relationship) ဆိုတာ ဘာလဲ။
  • Relationship များကြားတွင်ရှိသော ကြောက်စိတ်။
  • လမ်းခွဲရခြင်းနှင့် နောက်ဆက်တွဲဝေဒနာများ။
  • အတိတ်သံယောဇဉ်များကို ပြည်ဖုံးကားချခြင်း။
  • လူတွေ မိမိစကားကို နားထောင်အောင် ဘယ်လိုလုပ်မလဲ။
  • Relationship များ၏ အခြေခံအုတ်မြစ်။
  • ဖိုနှင့်မသဘာဝ၏ ကွဲပြားခြားနားချက်များကို နားလည်ခြင်း။
  • မိမိ၏အရေးကြီးသော relationship များအတွက် ဖြစ်နိုင်ခြေများကို BEING ဖြစ်တည်မှုအဖြစ် စိတ်တိုင်းကျရေးဆွဲခြင်း။

ရရှိမည့်အကျိုးကျေးဇူးများ

  • စိတ်၏အေးချမ်းခြင်း
  • မိမိကိုယ်မိမိတန်ဖိုးထားခြင်း
  • မိမိကိုယ်မိမိယုံကြည်မှုတိုးလာခြင်း
  • စစ်မှန်သောဆက်သွယ်ပြောဆိုခြင်း
  • နေ့ရက်တိုင်းတွင် ပျော်ရွှင်မှုနှင့်ပြည့်စုံခြင်း
  • နေ့စဉ် ဘဝကိုအသစ်တစ်ဖန်နေထိုင်တတ်လာခြင်း
  • မိမိကိုယ်မိမိနှင့် မိမိ၏လက်တွဲဖော်ကိုပါ စိတ်ချမှုရှိခြင်း
  • မိမိချစ်ရသူတို့၏အနားတွင် လွတ်လပ်မှုနှင့် နေထိုင်နိုင်ခြင်း

Upcoming: DYR Batch 16

Date: Jul 26, 27, 28, 29 & 31, 2024
Time: 8:00-10:30 PM (Yangon Time)
Fee: 200,000 MMK
Language: Burmese
Trainer: Thida Aung

Zoom ဖြင့် သင်ကြားပါမည်။
REGISTER NOW

သင်တန်းသားတွေရဲ့စကားသံ

DYR Course တက်နေရင်းနဲ့ နေ့စဉ်ဆက်ဆံရေးပြောဆိုနေမှုတွေကို mindful ပိုဖြစ်လာပါတယ်။ အရင်ကထက် ကိုယ့်ကိုယ်ကိုယ်ပိုပြီး authentic ဖြစ်လာတယ်လို့ ခံစားရတယ်။ နှစ်ပေါင်းများစွာသယ်လာခဲ့တဲ့ စိတ်ဒဏ်ရာဟောင်းအချို့ကို လွှတ်ချနိုင်ခဲ့တယ်။ ပိုကောင်းတဲ့ဖြစ်တည်မှုတွေအတွက် ဆက်လက်လေ့ကျင့်နေအုန်းမှာမို့လို့ ပိုပြီးကောင်းမွန်တဲ့ပြောင်းလဲမှုတွေ ကြုံလာမှာသိနေပါတယ်။ သင်တန်းရဲ့အကြိုက်ဆုံးအရာတွေက တစ်ခါ enrollment လုပ်ပြီးရင် Zoom live class ပြန်ဖွင့်တိုင်းတက်ခွင့်ရတာ၊ တီချယ်တို့နဲ့ကိုယ့်ရဲ့ update တွေကို အမြဲဆွေးနွေးတိုင်ပင်လို့ရနေတာ၊ တီချယ်တို့ရဲ့တအားနွေးထွေးနားလည်ဖော်ရွေမှုတွေဖြစ်ပါတယ်။

Myo Yadana Oo
DYR, Batch 3
Apr 22, 2022

Designing Your Relationship course လေးတက်ပြီးမှာတော့ ဖို/မသဘာဝ Knowledge တွေ၊ Self-awareness တွေ၊ Relationship တစ်ခုရဲ့သဘောတရားတွေ၊ ဆောင်ရန်ရှောင်ရန်တွေကို ရှင်းရှင်းလင်းလင်းပိုသိလာခဲ့တယ်။ အဲ့လိုသိလာပြီးတဲ့နောက်မှာတော့ Self-awareness ရလာတဲ့အတွက် ကိုယ့်အားနည်းချက်တွေကိုမြင်လာတယ်။ ကိုယ့် Relationship ရဲ့ အားနည်းချက်၊ အားသာချက်တွေကို ပိုမြင်လာတယ်။ အဲဒီလိုအားနည်းချက်တွေကို ပိုမိုကောင်းမွန်တဲ့အရာတွေအဖြစ် ပြုပြင်ပြောင်းလဲဖန်တီးရာမှာလည်း ဆရာမရဲ့ Guideline တွေ၊ Suggestions တွေက အများကြီးအထောက်အကူပြုခဲ့တယ်။ ဆရာမအကြံပြုတဲ့အတိုင်းလည်း လိုက်နာဆောင်ရွက်ပြီး ပိုမိုပျော်ရွှင်စရာကောင်းပြီး မမေ့နိုင်တဲ့ moments လေးတွေဖန်တီးလာနိုင်ခဲ့တယ်။ Transformation လုပ်ဖြစ်နေတဲ့အတွက် တစ်နေ့ထက်တစ်နေ့ အခြေအနေလေးတွေက ပိုမိုကောင်းမွန်လာခဲ့ပါတယ်။ ဆရာမရဲ့ Designing Your Relationships course လေးဟာ ကျွန်တော့်အတွက် အလွန်တရာအကျိုးများခဲ့ပါတယ်။ ဒီလိုအကျိုးအများကြီးရှိတဲ့အတွက် ဆရာမရဲ့ Relationship Course ကို တက်ဖို့အကြံပြုပါတယ်။

Kyaw Myint Oo
DYR, Batch 3
Apr 21, 2022

အခုနေအချိန် အလုပ်ပြောင်းကိုပြောင်းရမှာမို့ ပြောင်းလဲပြီးရှင်သန်နေထိုင်ဖို့ ကြိုးစားလမ်းစရှာနေချိန် အန်တီကသေချာလေးသင်ကြားပို့သပေးလို့ စိတ်‌ချမ်းသာရာအရင်ဆုံးရပါတယ်။ ပျော်ရွှင်လာပါတယ်။ Energy တွေကတဆင့် သူ့အလိုလို စိတ်အားထက်သန်စွာ တစိုက်စိုက်မတ်မတ်လုပ်နေရင်း လမ်းစရှာဖွေတွေ့ရှိလာပါတယ်။ အခုလမ်းစပေါ်ကနေ စတင်လျှောက်နေပါပြီ။ အဓိကက ကိုယ်ဘာမှမနိုင်တဲ့အခြေအနေမှာ ဘယ်လိုရုန်းကန်ရှင်သန်ရမလဲ၊ ပေးတဲ့စိတ်ခွန်အားတွေကြောင့် အဆင်ပြေလာပါတယ်။ အန်တီနဲ့အမတို့ကို သိပ်ကျေးဇူးတင်တယ်။ 3 C ရှာတွေ့ပါတယ်။ CHOICE - CHANCE - CHANGE စတင်နေပါတယ်။

Zin Yu Mi
DYR, Batch 2
Apr 20, 2022

အရင်ဆုံးကတော့ တီချယ် Thida Aung ကို အရမ်းကျေးဇူးတင်တယ်။ ဘဝမှာ ဘယ်လိုရှင်သန်နေထိုင်ရမယ်ဆိုတာကို နားလည်သွားတယ်။ လမ်းပျောက်နေသလိုကနေ တကယ်အားအင်တွေရမိပါတယ်။ ဆက်ပြီးကြိုးစားနေပါတယ် တီချယ်။

Pyae Pyae
DYR, Batch 3
Apr 20, 2022

ကျွန်မ Teacher Thida Aung နဲ့ တွေ့ဆုံခွင့်၊ သင်ယူခွင့်ရတဲ့အတွက် ကျေးဇူးတင်မိပါတယ်။

အဖိုးမဖြတ်နိုင်တဲ့ ဘဝအတွက်အကျိုးရှိပြီး အဓိပ္ပါယ်ရှိရှိဖြတ်သန်းနိုင်တဲ့ powerful Tips and Tools တွေရခဲ့ပါတယ်။ ကျွန်မကိုယ်တိုင် လက်တွေ့ဘဝမှာချက်ချင်းအသုံးချပြီး အကျိုးရှိပါတယ်။ Inner voice ကိုလက်ခံပြီး situation တစ်ခုကို shift ဖြစ်သွားတာကို ဒီနေ့ပဲရလိုက်တဲ့အတွက် အရမ်းကိုအကျိုးရှိစေပါတယ်။ ဆက်လက်လည်း အသုံးချသွားပါမယ်။ ဆရာမရဲ့ powerful ဖြစ်တဲ့ အသံအေးအေးလေးနဲ့ရှင်းပြပေးတဲ့အသံက ခေါင်းထဲရှင်းလင်းစွာဝင်သွားပြီး shift ဖြစ်သွားတဲ့အတွေ့အကြုံလေးက အမှတ်တရပါပဲ။ Join ခဲ့သမျှသင်တန်းထဲမှာ ကျွန်မအတွက် shift ဖြစ်တဲ့ percent အများဆုံးလို့ပြောလို့ရပါတယ်။

ဆရာမရဲ့ YouTube မှာမျှဝေထားတဲ့ Topics လေးကိုနားထောင်ကြည့်ဖို့နဲ့ DYR course ကို join ဖို့ 100% Recommend ပေးပါတယ်ရှင်။

Thazin Aung
DYR, Batch 3
Apr 10, 2022

အမေးများသောမေးခွန်းများ

Updated on Aug 21, 2022.
အကျိုးများဖို့ ဘာလုပ်ရမလဲ။
လက်တွေ့လေ့ကျင့်ဖို့ကူညီပေးလား။
Graduate ၏အကျိုးခံစားခွင့်များ
သင်တန်းစည်းကမ်းချက်များ
သင်တန်းဘယ်လိုအပ်ရမလဲ။

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form