What our clients say

TESTIMONIALS

Words about Thida

တီချယ်က အမေလိုပါပဲ။ သေချာနားထောင်ပြီး လမ်းပြပေးတယ်။ ပြဿနာကို သေချာပြောပြတယ်။ ကျွန်မထင်တာနဲ့ တီချယ်ပြောပြတာနဲ့ သေချာရှင်းသွားတယ်။ ကြုံနေရတဲ့ပြဿနာကို ရှင်းနေအောင် မြင်သွားတယ်။

Grace Amelia
Mar 3, 2023

တစ်နာရီ coaching ယူတာ အချိန်ဘယ်လိုကုန်လို့ကုန်သွားမှန်းတောင်မသိ... အရမ်းအဆင်ပြေပါတယ်။ ကိုယ့်ဘာသာကိုယ်ဆို ကိုယ်တွေးနေတာမှန်မမှန် တွေဝေနေတာ... တီချယ်နဲ့တိုက်ရိုက်ဆွေးနွေးရတော့ အတွင်းစိတ်နဲ့ပတ်သက်ပြီး၊ အတွေးတွေနဲ့ပတ်သက်ပြီး အဆိုးရောအကောင်းရော လက်ခံနိုင်သွားတယ်။ ကျေးဇူးတင်ပါတယ် တီချယ်။

Phyu Nu Wai
Nov 9, 2022

တီချယ်သီတာနဲ့ SHEowner Mentorship Program မှာ တွေ့ဆုံခွင့်ရတာဝမ်းသာမိပါတယ်။ အစက သမီးဟာ ကိုယ့်ကိုယ်ကိုယ်လောဘတွေကြီးပြီး လုပ်ချင်ဖြစ်ချင်တာတွေများကာ ဘယ်မှမရောက်ဖြစ်နေခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ်အားမရ၊ ငါမလုံလောက်သေးဘူးဆိုပြီး ရှိသမျှသင်တန်းတွေ လျှောက်တက်၊ training တွေတက်၊ certificate တွေယူပြီး သင်ယူထားတဲ့ knowledge အဆင့်မှာတင်ရပ်နေခဲ့ကာ သံသရာလည်ရင်း action plan မရောက်ခဲ့နိုင်ပါဘူး။

တီချယ်နဲ့တွေ့ပြီးနောက်မှ ကိုယ့်ကိုယ်ကိုယ် focus lose တွေဖြစ်၊ confidence နည်းတာ၊ ကြောက်ရွံ့ရင်း တကယ့်အဖြစ်ကနေရှောင်ခွာ၊ ရင်မဆိုင်ရဲဖြစ်တာ၊ အဓိကနဲ့သာမညမကွဲ၊ မရောင်ရာ ဆီလူးနေတာ သတိထားမိသွားပါတယ်။ တီချယ်ရဲ့စိတ်ရှည်၊ နားလည်၊ သဘောထားကြီးကြီး၊ ဉာဏ်အမြော်အမြင်ကျယ်ပြန့်တဲ့၊ လမ်းညွှန်သင်ကြားမှုတွေအောက်မှာ သမီးဖြစ်ချင်နေခဲ့တဲ့အိပ်မက်တွေကြားထဲက Realtor ဘဝကို တစိုက်မတ်မတ် စတင်လျှောက်လှမ်းနိုင်ခဲ့တယ်။

အိမ်ခြံမြေလောက သဘောသဘာဝအကြောင်းပိုမိုနားလည်လာပြီး paper work တွေနဲ့ထိတွေ့ကျွမ်းဝင်ခဲ့တယ်။ လုပ်ချင်တဲ့ campaign service လေးလည်း စတင်အကောင်အထည်ဖော်ဖြစ်ခဲ့တယ်။ တီချယ်နဲ့ဆုံတွေ့ခဲ့တဲ့လေးလတာကာလမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ရင့်ကျက်၊ အမူအကျင့်ကောင်းတွေသင်ယူရင်း တိုးတက်ပြောင်းလဲနိုင်ခဲ့တယ်။ Relationship ပိုင်းဆိုင်ရာအကြံဉာဏ်ကောင်းတွေလည်း ရယူခဲ့ရပါတယ်။ တီချယ်ရဲ့စေတနာ၊ မေတ္တာတွေ၊ အချိန်တွေကို အသိအမှတ်ပြုအထူးကျေးဇူးတင်ပါတယ်။ နောက်များ သမီးဘက်ကကူညီနိုင်တာရှိရင် ပြန်လည်ကူညီခွင့်ရချင်မိပါတယ်။ သင်တန်းကာလပြီးဆုံးခဲ့ပေမယ့် တနေ့ တီချယ်နဲ့အပြင်မှာဆုံဖြစ်ခဲ့ရင် အတူတူလည်၊ စားသောက်၊ စကားတွေပြော၊ အကြံဉာဏ်တွေယူချင်ပါသေးတယ်။ တီချယ့်ကို အမြဲတမ်းလေးစား၊ အားကျ၊ အတုယူနေမှာပါ တီချယ်သီတာ။

Nu Nu Wai
Oct 17, 2022

အချိန် ၁ နာရီလေးပြောခွင့်ရတာမှာ... မပြောခင်လူတစ်ယောက် တီချယ်နဲ့ရင်ဖွင့်ပြီးလူတစ်ယောက်... အရမ်းအဓိပ္ပာယ်ရှိတဲ့လူသားဘဝလေး ရသွားတယ်ရှင့်။ နေရထိုင်ရတာပေါ့ပါးသွားတယ်။ စကားပြောခွင့်ရတဲ့အချိန် ၁ နာရီက ကိုယ့်ရဲ့လွယ်ထားတဲ့ ၁၅ နှစ်စာအလေးတွေ ချခွင့်ရခဲ့တယ်ရှင့်။ သင်တန်းပါထပ်တက်ရင် အသက်ရှင်ရမယ့်အချိန်တွေ အရမ်းတန်ဖိုးရှိရှိဖြတ်သန်းနိုင်မယ်ဆိုတာ အကြွင်းမဲ့ယုံကြည်ပါတယ်ရှင့်။ စိတ်ချင်းဆက်နွယ်နေလို့ စိတ်စွမ်းအားတွေတက်လာလို့ပါ။ တီချယ်ကျန်းမာပါစေရှင့်။

Nu Nu Htwe
Oct 6, 2022

တီချယ်နဲ့တွေ့တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်ပြန်ရလိုက်တယ်လို့ခံစားလိုက်ရတယ်။ အရင်က ကိုယ့်ကိုယ်ကိုယ်အရမ်းပင်ပန်းတယ်ဆိုပြီး အပြစ်တွေတင်ခဲ့မိတယ်။ တကယ်တော့ ငါလုပ်နိုင်တယ်ဆိုတာကို အသိအမှတ်မပြုခဲ့ဘူး။ တီချယ်ပြောပြမှသိခဲ့ရတာပါ။

Zin Mar Myint
Jul 9, 2022

Words about thazin

နားလည်မှုအပြည့်နဲ့ဆွေးနွေးပေးတဲ့အတွက် လူကစိတ်ပေါ့ပေါ့ပါးပါးနဲ့ လွတ်လပ်စွာ စိတ်ထဲရှိတာတွေပြောဖြစ်ခဲ့ပါတယ်။ စိတ်အာရုံပြောင်းသွားချိန်လေးမှာ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာလေးတွေ long term / short term လုပ်ရမှာတွေ ပိုရှင်းလင်းသွားပါတယ်။ တန်ဖိုးရှိတဲ့အချိန်လေးကို မျှဝေပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။

Thant Sin Tint
Apr 25, 2023

Coaching session ကနေ ကိုယ့်ကိုတစ်သက်လုံးဒုက္ခပေးလာတဲ့ inner child trauma ကို မြင်ခွင့်ရသွားတယ်။ ဒီအခြေအနေကနေလွတ်မြောက်ဖို့ ဘာတွေလုပ်ရမလဲဆိုတာလမ်းညွှန်ပေးတဲ့အတွက်ရော  နားလည်မှုအပြည့်၊ စာနာမှုအပြည့်နဲ့‌ စေတနာထားပြီးဆွေးနွေးပေးတဲ့အတွက်ရော ကျေးဇူးအများကြီးတင်ပါတယ်။ သဇင်နဲ့ coaching ယူပြီးတည်းက Relationship မှာ တဖြည်းဖြည်းချင်းပြောင်းလဲလာခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အရင်ကမမြင်မိတဲ့ရှုထောင့်တွေကနေ မြင်နိုင်လာပြီး တဖြည်းဖြည်းပြောင်းလဲနိုင်ခဲ့တယ်။

Yu War Tun
Apr 22, 2023

Childhood trauma လေးတွေဖြစ်ခဲ့တာ နှစ် ၂၀ ကျော်ကြာအထိပါနေပေမယ့် သေချာလည်းမသိခဲ့ပါဘူး။ အမသဇင်အောင်နဲ့ဆွေးနွေးခွင့်ရတဲ့အချိန်မှာ မကျေနပ်ချက်တွေပြန်တွေးတော့ အဲ့တာလေးပြန်ထွက်လာခဲ့ပါတယ်။ ပြန်ရွေးချယ်ခွင့်ရမယ်ဆိုရင်လည်း အရင်ကရွေးချယ်မှုကို ကိုယ်တိုင်ပဲ ရွေးချယ်ချင်ခဲ့တာကိုသိလိုက်ရသလို ယုံကြည်မှုအပြည့်အဝပေးခဲ့တာကို မကျေနပ်တဲ့စိတ်နဲ့ပဲခံစားပြီး သယ်လာမိတာကို အဖြေရှာပေးသွားခဲ့ပါတယ်။ အချိန်အများကြီးပေးပြီး အဖြေရှာပေးတဲ့အမကျေးဇူးကြောင့် လွှတ်ချရမယ့်အလေးအပင်တွေ ချမိသွားပြီး မိဘတွေကိုလည်းပြန်ကျေးဇူးတင်မိပါတယ်။ စိတ်လေးလျှော့ပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောရယ်၊ ကိုယ်တစ်ယောက်တည်းဖြစ်နေတာမဟုတ်လို့ လက်ခံတတ်ဖို့ရယ်၊ အရာရာသတိကပ်ဖို့ ကြိုးစားပြီး လျှောက်ကြည့်ပါမယ်။ 💛

Moh Moh Zaw Thin
Apr 19, 2023

တီချယ်ရဲ့စိတ်ရှည်မှုနဲ့ သေချာဆွေးနွေးပေးတဲ့အတွက် ညီမစိတ်ကိုပါ ဖွင့်ပြနိုင်ခဲ့တာပါ။ "ခရီးရှည်ကြီးလျှောက်ရမှာမို့ ခဏနားလည်းရတယ်" ဒီလိုစကားတွေကြောင့် ညီမကိုယ်ညီမ လက်ခံနိုင်လာပါတယ်။ တီချယ်က inspire အများကြီးဖြစ်ခဲ့ပြီး ညီမသိချင်တဲ့အရာနဲ့ အားတစ်ခုဖြစ်ပေးခဲ့လို့လည်း ကျေးဇူးအများကြီးတင်ပါတယ်။

Nyein Shwe Sin
Apr 9, 2023

သဇင်အောင်ဆီကနေ career နဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ကိုယ်မမြင်တဲ့ရှုထောင့်တွေ၊ ကိုယ့်ရဲ့အားသာချက်တွေကိုမြင်လာအောင် လမ်းပြပေးနိုင်သူတစ်ဦးဖြစ်သလို action တစ်ခုရောက်အောင် တွန်းအားပေးနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ ခုတော့ ကျွန်မဘယ်လမ်းကို focus ထားရမလဲ၊ ဘယ်လို process နဲ့ goal တစ်ခုကိုရောက်အောင်သွားရမလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိသွားခဲ့ရလို့ ကျေးဇူးအများကြီးတင်ပါတယ်။

Nang Thida Aung
Dec 25, 2022

SHARE your EXPERIENCE

Sharing is a selfless innate ability of human beings.
Your sharing has been received! Thank you for your contribution.
Oops! Something went wrong while submitting the form.

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form