What our clients say

TESTIMONIALS

Words about Thida

ဆရာမကို webinar လေးတစ်ခုတွေ့ပြီး join ရင်းကနေ တော်တော်သဘောကျသွားတာပါ။ နောက်ပိုင်း YouTube ဗီဒီယိုတွေကြည့်ရင်း ကိုယ်အမြဲအဖြေရှာနေတဲ့အရာကို မေးချင်စိတ်ပေါ်လာလို့ တစ်နာရီ coaching တစ်ချိန် ယူဖြစ်ခဲ့တာပါ။ ဆရာမနဲ့ချိန်းထားတဲ့အချိန်မတိုင်ခင် ပြဿနာတစ်ခုဖြစ်ပြီးစိတ်ဓာတ်ကျနေတော့ ဆရာမနဲ့တွေ့တဲ့အချိန် ကွက်တိဖြစ်သွားတာပေါ့။

အများကြီးပဲစကားပြောဖြစ်တယ်။ ကိုယ်ဘာတွေဖြစ်နေလဲ၊ ဘယ်လိုတွေးပြီးစိတ်ဆင်းရဲနေလဲဆိုတာ သိသွားတယ်။ အရင်ကဆို စိတ်ဓာတ်ကျတာခဏခဏပဲ။ ခုကျတော့ ဆရာမနဲ့တွေ့ပြီးတဲ့အချိန်ကနေစပြီး ကိုယ့်အတွေးတွေကိုသတိထားမိလာတယ်။ ပြန်ထိန်းနိုင်လာတယ်။ အရင်ကလောက်မဆိုးတော့တဲ့အပြင် စိတ်ပါပျော်သလိုဖြစ်လာတယ်။ လူတော်တော်များများက ကိုယ်ဘာဖြစ်နေလဲမသိကြဘူးလေ။ ခုလိုပြောပြမှ "ဟ အဲ့လိုပါလား" ဆိုပြီး ပြန်တွေးဖြစ်သွားတာ။ အရင်က သူငယ်ချင်း‌တွေကိုရင်ဖွင့်ပေမယ့် ခဏပဲရယ်။ ပြန်အဆင်မပြေဖြစ်တာပဲ။ အဲ့တာကြောင့် ကိုယ့်လိုဖြစ်တဲ့လူတွေကိုတွေ့ရင် သိတဲ့တတ်တဲ့လူဆီကိုပဲသွားခိုင်းတယ်။ ဆရာမကိုညွှန်းဖြစ်တယ်။

Phoo Pwint Wai
Apr 25, 2022

အရမ်းစိတ်ဓာတ်ကျနေချိန်မှာ ဆရာမသီတာအောင်နဲ့ coaching တစ်နာရီယူခဲ့ရတာ စိတ်ဓာတ်ပြန်တက်ခဲ့ရပါတယ်။ တခြားလူတွေကိုမပြောပြချင်ခဲ့တဲ့အကြောင်းအရာတွေကို ရင်ဖွင့်လိုက်ရလို့လည်း ရင်ထဲလည်းပေါ့သွားပါတယ်။ တီချယ့်ရဲ့လမ်းညွှန်မှုနဲ့ စိတ်ကိုပြန်လည်တည်ဆောက်လာတာ အခုဆိုအတော်လေးအဆင်ပြေလာပါတယ်။ ဘဝမှာ အလှည့်အပြောင်းတွေ၊ မမျှော်လင့်တာတွေလည်းဖြစ်လာတာမို့ ရောက်လာတဲ့အခြေအနေမှာ ရအောင်ရှေ့ဆက်မယ်ဆိုတဲ့အတွေးတစ်ခုရခဲ့ပါတယ်။ အခုလည်းကြိုးစားနေဆဲပါ။ ကျေးဇူးအရမ်းတင်ပါတယ် ဆရာမ။

Zin Pa Pa Phyu
Apr 21, 2022

Self Development & Performance Transformation course ကို join ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ အရင်က ကိုယ်သတိမထားမိတဲ့ inner voice တွေကိုသတိထားမိလာတယ်။ Being ကို create လုပ်တတ်လာတယ်။ communication မှာ improve ဖြစ်လာတယ်လို့ ခံစားမိပါတယ်။ လူတိုင်းအတွက်အကျိုးရှိစေတဲ့ course လေးပါ။ တီချယ်နဲ့တွေ့ဆုံခွင့်ရတဲ့အတွက် ပျော်ရွှင်မိပါတယ်။ သင်တန်းတက်ရောက်ခွင့်ပေးတဲ့အစ်မကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

Moh Moh Myint Zaw
Apr 21, 2022

SDPT course ကို တက်ခွင့်ရတဲ့အတွက် အရင်ကမသိတဲ့ Inner Voice တွေကို သတိထားမိလာတယ်။ Integrity တွေကိုလည်း နားလည်လာတယ်။ နေ့ရက်တိုင်းကို Happy ဖြစ်ဖို့ Being ကို create လုပ်တတ်လာတယ်။ ကိုယ်တိုင်အားနည်းတဲ့ Listening ကို အာရုံစူးစိုက်ပြီး ရှင်းလင်းအောင်နားထောင်တယ်။ အဲဒီအတွက် Communication မှာ ပိုပြီး improve ဖြစ်လာတယ်။ Workplace မှာရော၊ ပတ်ဝန်းကျင်မှာရော self-confidence တွေ တိုးတက်လာတယ်လို့ ကိုယ့်ကိုယ်ကိုယ်မြင်မိပါတယ်။ လူတိုင်းအတွက် ဘဝတွေကိုအကျိုးရှိစေတဲ့ Course ဖြစ်လို့ Teacher နဲ့ တွေ့ဆုံခွင့်ရတာဂုဏ်ယူမိပါတယ်။ ဘဝအတွက်ပြောင်းလဲပေးနိုင်‌သော Teacher ရဲ့ Course ကို စေတနာအပြည့်နဲ့ Join ပေးတဲ့ အစ်မကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

Aye Aye Mon
Apr 21, 2022

SDPT course ကိုတက်ရောက်ခွင့်ရတဲ့အတွက် self development အတွက်များစွာအကျိုးရှိစေပါတယ်။ Teacher နဲ့တွေ့ဆုံခွင့်ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ နေ့ရက်တိုင်းအတွက် Beingကို create လုပ်တတ်လာပါတယ်။ အလုပ်နဲ့လူမှုဆက်ဆံရေးနယ်ပယ်တွေမှာ ပိုပြီး improve ဖြစ်လာပါတယ်။ Inner voice နဲ့ integrity  တွေကိုကောင်းစွာနားလည်လာပြီး self-confidence level တိုးတက်လာတယ်လို့ခံစားမိပါတယ်။ မိမိစိတ်ထဲဖြစ်နေတာတွေကို Teacher ကိုပွင့်လင်းစွာပြောပြခွင့်ရပြီး Teacherရဲ့စိတ်ရှည်ရှည်နှင့်ပြောပြသောအကြံပေးစကားများက မိမိဘဝအတွက်များစွာအကျိုးရှိစေတဲ့အတွက်ကြောင့် Teacherကိုကျေးဇူးတင်မိပါတယ်။ လူတိုင်းအတွက် ဘဝကိုအကျိုးရှိစေတဲ့ course ဖြစ်ပါတယ်။ သင်တန်းတက်ရောက်ခွင့်ရအောင်ဖန်တီးပေးတဲ့ အစ်မကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။

Hnin Thazin Moe
Apr 21, 2022

Words about thazin

နားလည်မှုအပြည့်နဲ့ဆွေးနွေးပေးတဲ့အတွက် လူကစိတ်ပေါ့ပေါ့ပါးပါးနဲ့ လွတ်လပ်စွာ စိတ်ထဲရှိတာတွေပြောဖြစ်ခဲ့ပါတယ်။ စိတ်အာရုံပြောင်းသွားချိန်လေးမှာ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာလေးတွေ long term / short term လုပ်ရမှာတွေ ပိုရှင်းလင်းသွားပါတယ်။ တန်ဖိုးရှိတဲ့အချိန်လေးကို မျှဝေပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။

Thant Sin Tint
Apr 25, 2023

Coaching session ကနေ ကိုယ့်ကိုတစ်သက်လုံးဒုက္ခပေးလာတဲ့ inner child trauma ကို မြင်ခွင့်ရသွားတယ်။ ဒီအခြေအနေကနေလွတ်မြောက်ဖို့ ဘာတွေလုပ်ရမလဲဆိုတာလမ်းညွှန်ပေးတဲ့အတွက်ရော  နားလည်မှုအပြည့်၊ စာနာမှုအပြည့်နဲ့‌ စေတနာထားပြီးဆွေးနွေးပေးတဲ့အတွက်ရော ကျေးဇူးအများကြီးတင်ပါတယ်။ သဇင်နဲ့ coaching ယူပြီးတည်းက Relationship မှာ တဖြည်းဖြည်းချင်းပြောင်းလဲလာခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အရင်ကမမြင်မိတဲ့ရှုထောင့်တွေကနေ မြင်နိုင်လာပြီး တဖြည်းဖြည်းပြောင်းလဲနိုင်ခဲ့တယ်။

Yu War Tun
Apr 22, 2023

Childhood trauma လေးတွေဖြစ်ခဲ့တာ နှစ် ၂၀ ကျော်ကြာအထိပါနေပေမယ့် သေချာလည်းမသိခဲ့ပါဘူး။ အမသဇင်အောင်နဲ့ဆွေးနွေးခွင့်ရတဲ့အချိန်မှာ မကျေနပ်ချက်တွေပြန်တွေးတော့ အဲ့တာလေးပြန်ထွက်လာခဲ့ပါတယ်။ ပြန်ရွေးချယ်ခွင့်ရမယ်ဆိုရင်လည်း အရင်ကရွေးချယ်မှုကို ကိုယ်တိုင်ပဲ ရွေးချယ်ချင်ခဲ့တာကိုသိလိုက်ရသလို ယုံကြည်မှုအပြည့်အဝပေးခဲ့တာကို မကျေနပ်တဲ့စိတ်နဲ့ပဲခံစားပြီး သယ်လာမိတာကို အဖြေရှာပေးသွားခဲ့ပါတယ်။ အချိန်အများကြီးပေးပြီး အဖြေရှာပေးတဲ့အမကျေးဇူးကြောင့် လွှတ်ချရမယ့်အလေးအပင်တွေ ချမိသွားပြီး မိဘတွေကိုလည်းပြန်ကျေးဇူးတင်မိပါတယ်။ စိတ်လေးလျှော့ပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောရယ်၊ ကိုယ်တစ်ယောက်တည်းဖြစ်နေတာမဟုတ်လို့ လက်ခံတတ်ဖို့ရယ်၊ အရာရာသတိကပ်ဖို့ ကြိုးစားပြီး လျှောက်ကြည့်ပါမယ်။ 💛

Moh Moh Zaw Thin
Apr 19, 2023

တီချယ်ရဲ့စိတ်ရှည်မှုနဲ့ သေချာဆွေးနွေးပေးတဲ့အတွက် ညီမစိတ်ကိုပါ ဖွင့်ပြနိုင်ခဲ့တာပါ။ "ခရီးရှည်ကြီးလျှောက်ရမှာမို့ ခဏနားလည်းရတယ်" ဒီလိုစကားတွေကြောင့် ညီမကိုယ်ညီမ လက်ခံနိုင်လာပါတယ်။ တီချယ်က inspire အများကြီးဖြစ်ခဲ့ပြီး ညီမသိချင်တဲ့အရာနဲ့ အားတစ်ခုဖြစ်ပေးခဲ့လို့လည်း ကျေးဇူးအများကြီးတင်ပါတယ်။

Nyein Shwe Sin
Apr 9, 2023

သဇင်အောင်ဆီကနေ career နဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ကိုယ်မမြင်တဲ့ရှုထောင့်တွေ၊ ကိုယ့်ရဲ့အားသာချက်တွေကိုမြင်လာအောင် လမ်းပြပေးနိုင်သူတစ်ဦးဖြစ်သလို action တစ်ခုရောက်အောင် တွန်းအားပေးနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ ခုတော့ ကျွန်မဘယ်လမ်းကို focus ထားရမလဲ၊ ဘယ်လို process နဲ့ goal တစ်ခုကိုရောက်အောင်သွားရမလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိသွားခဲ့ရလို့ ကျေးဇူးအများကြီးတင်ပါတယ်။

Nang Thida Aung
Dec 25, 2022

SHARE your EXPERIENCE

Sharing is a selfless innate ability of human beings.
Your sharing has been received! Thank you for your contribution.
Oops! Something went wrong while submitting the form.

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form