Explore Our Courses

COURSES

Looking for an answer to your life? All the courses and programs are conducted online, via ZOOM platform, hence, you can explore what we have to offer at finger tips. Classes are delivered in Burmese language.

Designing Your Relationships

Relationship ဆိုတာ RELATEDNESS ကနေလာတာဖြစ်လို့ မိမိနှင့်မိမိကို ဘယ်လို relate လုပ်နေသလဲဆိုတာကို အရင်ဆုံးပြန်ကြည့်ဖို့လိုပါတယ်။ နေရာတိုင်းမှာ "မိမိ" ပါဝင်ဆက်ဆံနေရတာဖြစ်တာကြောင့် မိမိကိုယ်မိမိနဲ့ရင်းနှီးကျွမ်းဝင်သွားပြီဆိုရင် အခြားသူတွေနဲ့ရင်းနှီးကျွမ်းဝင်ဖို့လည်းလွယ်ကူသွားပါပြီ။

DYR မှာ မေးခွန်းပေါင်းများစွာကနေထွက်လာမယ့် ဖြစ်နိုင်ခြေရှိတဲ့အပေါ်မှာအခြေခံပြီး မိမိဖြစ်ချင်တဲ့ relationship ပုံစံကို ခွန်အားပြည့်ဝစွာနဲ့ ပျော်ရွှင်စွာတည်ဆောက်သွားနိုင်ဖို့ လမ်းညွှန်သင်ကြားပေးမှာဖြစ်ပါတယ်။

Mindfulness Course | TDA Coaching Group

Living Being Mindful

"နေကောင်းလား" လို့မေးခံရတဲ့အခါ ခန္ဓာကိုယ်နေကောင်းပါတယ်၊ စိတ်နေကောင်းပါတယ်လို့ ခွဲခြားပြီးပြန်ဖြေတတ်ဖို့လိုပါတယ်။ နေကောင်းကျန်းမာခြင်းဆိုသည်မှာ ခန္ဓာကိုယ်မှာရှိသလို စိတ်မှာလည်းရှိပါတယ်။

LBM သင်တန်းသည် ခန္ဓာကိုယ်ကျန်းမာခြင်းနဲ့ စိတ်၏ကျန်းမာခြင်းကို အပြန်အလှန်ဂရုစိုက်တတ်သွားစေရန်၊ မိမိနေထိုင်ရတဲ့ လူ့ဘဝသက်တမ်းတစ်လျှောက်မှာ သတိ၊ အသိနှင့် နားလည်သဘောပေါက်ခြင်းတို့ဖြင့် စိတ်တည်ငြိမ်အေးချမ်းစွာ မိမိလိုချင်သော စိတ်သဏ္ဌာန်ပုံစံနှင့် ခန္ဓာကိုယ်တို့ကို ထိန်းသိမ်းပြီးနေထိုင်သွားနိုင်စေရန်ရည်ရွယ်ပါတယ်။

ADVANCED Program

Advanced Transformation Program

စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ မိသားစုအရေး၊ ကိုယ်ရည်ကိုယ်သွေးတိုးတက်မှု စသည့် ဘဝ၏အခန်းကဏ္ဍအားလုံးတွင် လက်ရှိအနေအထားထက် ပိုမြင့်သောနေရာ၊ အစွမ်းအစ၊ ဖန်တီးမှုများကို လေ့ကျင့်သင်ကြားပေးမည့် တစ်နှစ်လျှင်တစ်ကြိမ်သာဖွင့်သည့် သင်တန်းဖြစ်ပါတယ်။

သင်တန်းကာလ ၃ လဖြစ်ပြီး အတန်းချိန် ၁၀ ချိန်နှင့် အကြိုနေ့ ၁ ချိန် ပါဝင်ပါတယ်။ DYR နှင့် LBM သင်တန်းနှစ်ခုလုံး တက်ထားပြီးသူ ဖြစ်ရပါမယ်။

youth & Teens

Young People Course (Age 8-12)

စကားနားမထောင်ဘူး၊ ပြန်ပြောတယ်၊ ရိုင်းတယ် စသဖြင့် လူကြီးတွေအမြင်မှာ မလိမ္မာဘူးထင်ရတဲ့ ကလေးတွေဟာ... တကယ်တော့ ဆိုးသွမ်းနေတဲ့ကလေးတွေ မဟုတ်ပါဘူး။ မိမိရဲ့မူလ self-expression ကိုလည်း မထိခိုက်၊ အများနဲ့လည်း လိုက်လျောညီထွေဖြစ်မယ့် ပေါင်းသင်းဆက်ဆံရေးပုံစံကို ရှာမတွေ့သေးလို့ပါ။

Young People Course သည် အသက် ၈-၁၂ နှစ်ကြား ကလေးများအတွက် သုံးရက်သင်တန်းဖြစ်ပြီး အတန်းမအပ်ခင် Introduction အရင်တက်ရပါမယ်။

Teenagers Course (Age 13-17)

Teenagers Course သည် fixing & changing အတွက် သင်ကြားပေးမှာမဟုတ်ဘဲ ဆယ်ကျော်သက်အရွယ် ဘဝသက်တမ်းအကူးအပြောင်းမှာ စိတ်ချမ်းသာ၊ လွတ်လပ်ပျော်ရွှင်စွာနဲ့ မိမိကိုယ်မိမိ သတိရှိစွာနေတတ်ဖို့ tools & techniques ထည့်ပေးရုံသာမက လေ့ကျင့်နည်းများပါ ညွှန်ကြားပေးမှာဖြစ်ပါတယ်။

သုံးရက်သင်တန်းဖြစ်ပြီး အတန်းမအပ်ခင် သင်တန်းတက်မည့် Teen ကိုယ်တိုင် Introduction အရင်တက်ရပါမယ်။

WEBINAR

Abundant Job Opportunities webinar | TDA Coaching Group

Creating Abundant Job Opportunities

ပြိုင်ဆိုင်မှုများတဲ့ ၂၁ ရာစုမှာ အခုခေတ်လူငယ်တွေက အရင်ခေတ်ကထက်စာရင် စိတ်တိုင်းကျအလုပ်တစ်ခုရဖို့ခက်ခဲလာကြပါတယ်။ သင်ထားတဲ့ပညာရပ်နဲ့ကိုက်ညီပြီး ကိုယ်တိုင်လည်းစိတ်အားထက်သန်တဲ့အလုပ်တစ်ခုရဖို့က ပိုခက်ခဲပါတယ်။ ဒါပေမယ့် မဖြစ်နိုင်တာတော့မဟုတ်ပါဘူး။

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form