What our clients say

TESTIMONIALS

Words about Thida

တီချယ်က အမေလိုပါပဲ။ သေချာနားထောင်ပြီး လမ်းပြပေးတယ်။ ပြဿနာကို သေချာပြောပြတယ်။ ကျွန်မထင်တာနဲ့ တီချယ်ပြောပြတာနဲ့ သေချာရှင်းသွားတယ်။ ကြုံနေရတဲ့ပြဿနာကို ရှင်းနေအောင် မြင်သွားတယ်။

Grace Amelia
Mar 3, 2023

တစ်နာရီ coaching ယူတာ အချိန်ဘယ်လိုကုန်လို့ကုန်သွားမှန်းတောင်မသိ... အရမ်းအဆင်ပြေပါတယ်။ ကိုယ့်ဘာသာကိုယ်ဆို ကိုယ်တွေးနေတာမှန်မမှန် တွေဝေနေတာ... တီချယ်နဲ့တိုက်ရိုက်ဆွေးနွေးရတော့ အတွင်းစိတ်နဲ့ပတ်သက်ပြီး၊ အတွေးတွေနဲ့ပတ်သက်ပြီး အဆိုးရောအကောင်းရော လက်ခံနိုင်သွားတယ်။ ကျေးဇူးတင်ပါတယ် တီချယ်။

Phyu Nu Wai
Nov 9, 2022

တီချယ်သီတာနဲ့ SHEowner Mentorship Program မှာ တွေ့ဆုံခွင့်ရတာဝမ်းသာမိပါတယ်။ အစက သမီးဟာ ကိုယ့်ကိုယ်ကိုယ်လောဘတွေကြီးပြီး လုပ်ချင်ဖြစ်ချင်တာတွေများကာ ဘယ်မှမရောက်ဖြစ်နေခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ်အားမရ၊ ငါမလုံလောက်သေးဘူးဆိုပြီး ရှိသမျှသင်တန်းတွေ လျှောက်တက်၊ training တွေတက်၊ certificate တွေယူပြီး သင်ယူထားတဲ့ knowledge အဆင့်မှာတင်ရပ်နေခဲ့ကာ သံသရာလည်ရင်း action plan မရောက်ခဲ့နိုင်ပါဘူး။

တီချယ်နဲ့တွေ့ပြီးနောက်မှ ကိုယ့်ကိုယ်ကိုယ် focus lose တွေဖြစ်၊ confidence နည်းတာ၊ ကြောက်ရွံ့ရင်း တကယ့်အဖြစ်ကနေရှောင်ခွာ၊ ရင်မဆိုင်ရဲဖြစ်တာ၊ အဓိကနဲ့သာမညမကွဲ၊ မရောင်ရာ ဆီလူးနေတာ သတိထားမိသွားပါတယ်။ တီချယ်ရဲ့စိတ်ရှည်၊ နားလည်၊ သဘောထားကြီးကြီး၊ ဉာဏ်အမြော်အမြင်ကျယ်ပြန့်တဲ့၊ လမ်းညွှန်သင်ကြားမှုတွေအောက်မှာ သမီးဖြစ်ချင်နေခဲ့တဲ့အိပ်မက်တွေကြားထဲက Realtor ဘဝကို တစိုက်မတ်မတ် စတင်လျှောက်လှမ်းနိုင်ခဲ့တယ်။

အိမ်ခြံမြေလောက သဘောသဘာဝအကြောင်းပိုမိုနားလည်လာပြီး paper work တွေနဲ့ထိတွေ့ကျွမ်းဝင်ခဲ့တယ်။ လုပ်ချင်တဲ့ campaign service လေးလည်း စတင်အကောင်အထည်ဖော်ဖြစ်ခဲ့တယ်။ တီချယ်နဲ့ဆုံတွေ့ခဲ့တဲ့လေးလတာကာလမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ရင့်ကျက်၊ အမူအကျင့်ကောင်းတွေသင်ယူရင်း တိုးတက်ပြောင်းလဲနိုင်ခဲ့တယ်။ Relationship ပိုင်းဆိုင်ရာအကြံဉာဏ်ကောင်းတွေလည်း ရယူခဲ့ရပါတယ်။ တီချယ်ရဲ့စေတနာ၊ မေတ္တာတွေ၊ အချိန်တွေကို အသိအမှတ်ပြုအထူးကျေးဇူးတင်ပါတယ်။ နောက်များ သမီးဘက်ကကူညီနိုင်တာရှိရင် ပြန်လည်ကူညီခွင့်ရချင်မိပါတယ်။ သင်တန်းကာလပြီးဆုံးခဲ့ပေမယ့် တနေ့ တီချယ်နဲ့အပြင်မှာဆုံဖြစ်ခဲ့ရင် အတူတူလည်၊ စားသောက်၊ စကားတွေပြော၊ အကြံဉာဏ်တွေယူချင်ပါသေးတယ်။ တီချယ့်ကို အမြဲတမ်းလေးစား၊ အားကျ၊ အတုယူနေမှာပါ တီချယ်သီတာ။

Nu Nu Wai
Oct 17, 2022

အချိန် ၁ နာရီလေးပြောခွင့်ရတာမှာ... မပြောခင်လူတစ်ယောက် တီချယ်နဲ့ရင်ဖွင့်ပြီးလူတစ်ယောက်... အရမ်းအဓိပ္ပာယ်ရှိတဲ့လူသားဘဝလေး ရသွားတယ်ရှင့်။ နေရထိုင်ရတာပေါ့ပါးသွားတယ်။ စကားပြောခွင့်ရတဲ့အချိန် ၁ နာရီက ကိုယ့်ရဲ့လွယ်ထားတဲ့ ၁၅ နှစ်စာအလေးတွေ ချခွင့်ရခဲ့တယ်ရှင့်။ သင်တန်းပါထပ်တက်ရင် အသက်ရှင်ရမယ့်အချိန်တွေ အရမ်းတန်ဖိုးရှိရှိဖြတ်သန်းနိုင်မယ်ဆိုတာ အကြွင်းမဲ့ယုံကြည်ပါတယ်ရှင့်။ စိတ်ချင်းဆက်နွယ်နေလို့ စိတ်စွမ်းအားတွေတက်လာလို့ပါ။ တီချယ်ကျန်းမာပါစေရှင့်။

Nu Nu Htwe
Oct 6, 2022

တီချယ်နဲ့တွေ့တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်ပြန်ရလိုက်တယ်လို့ခံစားလိုက်ရတယ်။ အရင်က ကိုယ့်ကိုယ်ကိုယ်အရမ်းပင်ပန်းတယ်ဆိုပြီး အပြစ်တွေတင်ခဲ့မိတယ်။ တကယ်တော့ ငါလုပ်နိုင်တယ်ဆိုတာကို အသိအမှတ်မပြုခဲ့ဘူး။ တီချယ်ပြောပြမှသိခဲ့ရတာပါ။

Zin Mar Myint
Jul 9, 2022

Words about thazin

တီချယ်သဇင်အောင်နဲ့ parenting coaching တစ်ချိန်ယူခဲ့ပါတယ်။ အရမ်းစိတ်ရှည်ပါတယ်။ သားနဲ့သမီးအပေါ် ကိုယ့်ရဲ့လိုအပ်နေမှုလေးတွေကို ကိုယ်မမြင်ရတဲ့ point of view ကနေ ဆွေးနွေးပေးခဲ့ပါတယ်။ အရမ်းအကျိုးရှိခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်။

Dr May Thu Htun
Dec 1, 2022

သားနှစ်ယောက်အတွက်စိတ်ပူပန်ပြီး စိတ်ဖိစီးမှုတွေရှိနေခဲ့လို့ ဆရာမနဲ့ဆွေးနွေးတိုင်ပင်ခွင့်ရခဲ့တာ ကျေးဇူးအများကြီးတင်ပါတယ်။ သားတို့ရဲ့မှားယွင်းမှုလေးတွေကို ပြောဆိုဆုံးမရမယ့်နည်းလမ်းကောင်းများကို အကြံဉာဏ်ပေးခဲ့ပြီး သားတွေရဲ့စိတ်ကိုပိုမိုနားလည်မှုရှိအောင်ကြိုးစားဖို့ သိမြင်လာရပါတယ်။ မိခင်တစ်ယောက်ရဲ့အတ္တနဲ့ ပြောင်းလဲရမယ့်စိတ်အနေအထားတွေကိုလည်း သေချာမြင်မိအောင် နည်းလမ်းတွေပြောပြပေးခဲ့လို့ ကိုယ့်စိတ်ကိုလည်းထိန်းနိုင်အောင်ပြုပြင်ကြိုးစားဖို့ ခွန်အားတွေဖြစ်စေခဲ့ပါတယ်။

Parenting Coach တစ်ယောက်အနေဖြင့် နည်းလမ်းကောင်းများလမ်းညွှန်ပေးပြီး မိခင်တွေအတွက် နွေးထွေးမှုတွေပေးခဲ့တဲ့ဆရာမလေး ဒီထက်မကအောင်မြင်မှုတွေရရှိနိုင်ပါစေ။

Thin Nwe Htwe
Nov 21, 2022

သားသားနဲ့ပတ်သက်ပြီး စိတ်ထဲမရှင်းမလင်းဖြစ်တာတွေ၊ ကိုယ်မမြင်တဲ့ရှုထောင့်တွေ၊ သတိမထားမိတာလေးတွေကို ထောက်ပြပေးတာရယ်... ကလေးလေးအပေါ်မှာ ကိုယ်ထားရမယ့်စိတ်သဘောထား၊ သတိပြုရမယ့်အမူအကျင့်လေးတွေကအစ ထောက်ပြပေးတာရယ်... ကျေးဇူးတင်ရပါတယ်ရှင့်။ 🥰

စိတ်ထဲပူပင်နေတာတွေလည်း အများကြီးလျော့သွားပြီး သားသားကိုလိုအပ်တာလေးတွေဖြည့်ဆည်းပေးနိုင်အောင် အကြံပေးတယ်။ ကလေးနဲ့ပတ်သက်ပြီး အများကြီးပိုနားလည်လာရလို့ ကျေးဇူးတင်ပါတယ်ရှင့်။ လူလောကကိုအကျိုးပြုဖို့ အကြံဉာဏ်ကောင်းတွေပေးတဲ့ မသဇင်လည်း ဒီထက်မကအောင်မြင်ပါစေရှင့်။

Aye Zarni Lwin
Nov 12, 2022

သင်း သိချင်တာလေးတွေကို အချိန်ပေးပြီး စိတ်ရှည်လက်ရှည်ရှင်းပြပြီး ဆွေးနွေးပေးလို့ကျေးဇူးတင်ပါတယ်ရှင့်။ တီချယ်နဲ့စကားပြောပြီးတော့ သင်းစိတ်ထဲ သမီးလေးနဲ့ပတ်သက်ပြီး သင်းစိတ်ပူနေတာတွေ တော်တော်လေး သက်သာသွားတယ်ရှင့်။ သမီးလေးအတွက်ပါမဟုတ်ဘူး... သင်းအတွက်ပါ ဗဟုသုတတွေရတာမို့ အရမ်းအဆင်ပြေပါတယ်ရှင့်။ မိဘနဲ့သားသမီးကြားမှာ ထားရှိရမယ့်စိတ်သဘောထားကို သေချာလေးပြောပြပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်။ Parenting နဲ့ပတ်သက်ပြီး သေချာလေးဆွေးနွေးချင်တယ်ဆို teacher Thazin Aung (Parenting Coach) ကို အပြည့်အဝ recommend ပေးပါတယ်ရှင့်။

Thin Thin Wai
Nov 5, 2022

ပထမဦးဆုံး..Teacher ကို ကျေးဇူးအထူးတင်ပါတယ်လို့ ပြောချင်ပါတယ်ရှင်။ အချိန်ယူပြီး သေချာဆွေးနွေးပေးတဲ့အတွက်ရော.. ကျွန်မဘက်ကပြောပြရမယ့်အကြောင်းအရာလေးတွေကို စုံလင်အောင်သေသေချာချာမေးမြန်းပြီးမှ ကျွန်မလိုအပ်နေတဲ့အဖြေလမ်းကြောင်းကို ကိုယ်တိုင်ရှာတွေ့အောင် လမ်းပြပေးခဲ့လို့ပါ။ မိဘနဲ့သားသမီးကြား ထားသင့်တဲ့စိတ်နေသဘောထားလေးတွေကို သေချာပြောပြရုံမက ကျွန်မရဲ့ work-life balance ညီမျှအောင်ချိန်ဆတတ်ဖို့ကို နွေးထွေးစွာဆွေးနွေးအဖြေရှာပေးလို့ ချစ်ခင်လေးစားရပါတယ် Teacher ရှင့်။ မိသားစုတွင်း၊ သားသမီးနဲ့မိဘကြား handle လုပ်ရခက်နေတဲ့ မေမေ၊ ဖေဖေတို့ကို Teacherနဲ့ တိုင်ပင်ဆွေးနွေးအဖြေရှာကြည့်ဖို့ fully Recommend လုပ်ပါတယ်ရှင်။

တီချယ်လည်း ယခုထက်ပိုပြီး မိသားစုတွေကိုကူညီပေးနိုင်ပါစေရှင်။ စိတ်ချယုံကြည်နွေးထွေးစေတဲ့ Parenting Coach တစ်ယောက်ကို ရှာနေတယ်ဆိုရင်.. Teacher Thazin Aung နဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါရှင်။

Hnin Wutyi
Nov 4, 2022

SHARE your EXPERIENCE

Sharing is a selfless innate ability of human beings.
Your sharing has been received! Thank you for your contribution.
Oops! Something went wrong while submitting the form.

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form