Childhood Trauma

Apr 12, 2023
Inner Well-Being

Childhood Trauma - ကလေးဘဝ စိတ်ခန္ဓာကိုယ်တုန်လှုပ်ချောက်ချားမှုဒဏ်ရာဆိုတာ ကလေးဘဝ မွေးကင်းစအရွယ်ကနေ ၆နှစ်အရွယ်ကြားမှာရရှိခဲ့တဲ့ trauma (စိတ်ဒဏ်ရာ) ပါ။

ကလေးငယ်တစ်ယောက်အနေနဲ့ ဘာကိုမှစွမ်းဆောင်နိုင်အားမရှိတဲ့အနေအထား၊ သူတို့ကိုယ်သူတို့ ခုခံကာကွယ်လို့မရနိုင်တဲ့အနေအထား၊ အကျဉ်းအကျပ်ထဲပိတ်မိနေသောအနေအထားမှာ ဖြစ်တတ်ခြင်းပါ။ စကားမပြောတတ်၊ ရင်မဖွင့်တတ်တဲ့အရွယ်... သူတို့ရဲ့အာရုံခံစားမှုမှာ သူတို့အတွက်လုံခြုံမှုမရှိခြင်း၊ ကြောက်ရွံ့ထိတ်လန့်နေရခြင်း၊ အားကိုးရာမဲ့ဖြစ်နေခြင်းကအစပြုပြီး စိတ်၊ ခန္ဓာကိုယ်နှစ်ခုလုံးမှာ ဒဏ်ရာရရှိခဲ့ခြင်းပါ။

လသားအရွယ်လေးတွေ၊ ၁ နှစ် ၂ နှစ်သားအရွယ်လေးတွေကို လူကြီးတွေက သတိမထားဘဲ လေထဲမှာမြှောက်ပြီး ဆော့ကစားမှုတွေက သူတို့အတွက် ခန္ဓာကိုယ် trauma ဖြစ်စေပါတယ်။

စိတ်နဲ့ခန္ဓာကိုယ်ရဲ့ဆက်နွှယ်မှုကြောင့် ခန္ဓာကိုယ်ဒဏ်ရာက စိတ်ဒဏ်ရာဖြစ်တတ်သလို၊ စိတ်ဒဏ်ရာကလည်း ခန္ဓာကိုယ်ဒဏ်ရာဖြစ်စေတတ်ပါတယ်။

Childhood Trauma ဘယ်ကနေ စတင်ခဲ့သလဲ။

Childhood Trauma ဆိုတာ ပေါက်ဖွားကြီးပြင်းခဲ့ရတဲ့ မိသားစု၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ လူမှုကွန်ယက်ကနေ စတင်ခဲ့ခြင်းပါ။

  • မိသားစုအတွင်းအကြမ်းဖက်မှု၊ ကိုယ်ထိလက်ရောက်နှိပ်စက်မှု၊ စော်ကားမှု၊ စိတ်ပိုင်းဆိုင်ရာနှိပ်စက်မှု၊ ဆူပူဆဲဆိုမှု၊ မူးယစ်နေသောပတ်ဝန်းကျင်တွင် မတော်တဆငြင်းခုန်ဖြစ်ပွားမှု၊ ထိခိုက်ဒဏ်ရာရမှု စသည်တို့ကနေ ရရှိနိုင်ပါတယ်။
  • စကားပြောတတ်စ လောကကြီးနဲ့ဆက်ဆံလာတတ်တဲ့အရွယ်မှာ မိမိကိုယ်၌သော်လည်းကောင်း၊ မိသားစုထဲမှတစ်ယောက်ယောက်သော်လည်းကောင်း... ကိုယ်အင်္ဂါမပြည့်စုံမှုအပေါ် တွေ့ရှိပြီး နားလည်မှုလွဲမှားခြင်း၊ ရှင်းပြမည့်သူမရှိသည့်အခြေအနေ။
  • စိတ်ရောဂါရှိနေသောမိဘတစ်ဦးဦးနှင့် ကြီးပြင်းလာသော ကလေးငယ်များအတွက် ဆက်ဆံရေးတွင်လွဲချော်နေခြင်း၊ စိတ်ပူရခြင်း၊ စိုးရိမ်ရခြင်းအခြေအနေကနေ trauma ဖြစ်လာစေပါတယ်။
  • သူတို့ကိုယ်တိုင် ကိုယ်ထိလက်ရောက်စော်ကားခြင်းမခံရသော်လည်း ပတ်ဝန်းကျင်မှုအဖြစ်အပျက်တွေအပေါ် မြင်နေ၊ ကြားနေ၊ ထိတွေ့နေရခြင်းကလည်း ကလေးငယ်တွေအတွက် စိတ်ဒဏ်ရာရစေပါတယ်။

လူသားမှတ်ဉာဏ်ရဲ့သဘာဝက ကျွန်မတို့ရဲ့စိတ်ခံစားချက်နဲ့စိတ်လှုပ်ရှားမှုတွေကို သိမ်းထားတတ်ပါတယ်။ အလားသဏ္ဍာန်တူတဲ့အဖြစ်အပျက်တွေနဲ့ တိုက်ဆိုင်ကြုံတွေ့လာတိုင်း မိမိကိုယ်မိမိကာကွယ်တဲ့တုံ့ပြန်မှုတွေကို ငယ်စဉ်ဘဝကလိုမျိုး ပြုလုပ်တတ်ကြပါတယ်။ အဲ့ဒီလို ခံစားမှုနဲ့တုံ့ပြန်ခြင်းတွေက ကျွန်မတို့ရဲ့မှတ်ဉာဏ် (memory) တွေကြောင့်ပါ။

Memory တွေက ကျွန်မတို့နဲ့အမြဲလိုက်ပါလာပါတယ်။ ငယ်စဉ်ကတည်းကပါလာတဲ့ဒဏ်ရာသည် ဆယ်ကျော်သက်အရွယ်မှာ ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ခံစားမှုတွေပိုပြီးပြင်းထန်တတ်ပါတယ်။ ဒါ့ကြောင့်လည်း ဆယ်ကျော်သက်အရွယ်မှာ မိသားစုနဲ့ဆက်ဆံရေးတွေ အခက်အခဲတွေ့ရတတ်ပါတယ်။

လူတိုင်းလူတိုင်း ကလေးဘဝမှာ ဒဏ်ရာအနည်းနဲ့အများရှိကြပါတယ်။ ပြင်းထန်တဲ့ဒဏ်ရာပါလာသူတွေအတွက်တော့ များသောအားဖြင့် လူလူချင်းကြားဆက်ဆံရေးတွေမှာ ကြီးမားတဲ့ပြဿနာတစ်ခုလို အဆင်မပြေဖြစ်တတ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာလည်း အားနည်းသူတွေဖြစ်တာကြောင့် လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါ ပြုလုပ်ခံရသူ (Victim) အနေအထားမျိုးနဲ့ ဘဝအပေါ် အပျက်သဘောဆောင်တဲ့ negative အတွေးအမြင်တွေနဲ့ဆက်ဆံလာတတ်ကြပါတယ်။

"ဘဝက လုံခြုံမှုမရှိဘူး" "တရားမျှတမှု မရှိဘူး" "လောကကြီးက ကြောက်ဖို့ကောင်းတယ်" ဆိုတဲ့ memory ကပေးတဲ့အမြင်အာရုံတွေနဲ့ အကာအကွယ်ယူပြီးဆက်ဆံနေရသလိုဖြစ်နေပါတယ်။ အသက်သာကြီးလာပေမယ့် မိမိရဲ့ inner child က မိမိကိုလွတ်လပ်စွာနေထိုင်ခွင့်မပေးသလို ရင့်ကျက်မှုနဲ့နေထိုင်ခြင်းမှလည်း တားဆီးထားပါတယ်။

မိမိလုပ်ချင်တဲ့အရာတွေကို မလုပ်နိုင်ဘူး၊ လုပ်လို့မရဘူးဆိုတဲ့ victim ဘဝကိုရောက်နေတာကြောင့် ပျော်ရွှင်မှုတွေပျောက်ဆုံးနေခဲ့သလို ရရှိထားတဲ့ အဖိုးတန်လှတဲ့ မိမိဘဝရဲ့ဖြစ်နိုင်ခြေရှိတဲ့လမ်းကြောင်းတွေကိုလည်း ရှာမတွေ့ဘူးဖြစ်နေတတ်ပါတယ်။

Childhood Trauma ကို ဘယ်လိုကုသပျောက်ကင်းနိုင်မလဲ။

နည်းလမ်း (၁) - စိတ်ပညာကျွမ်းကျင်သူ ဆရာဝန်များနဲ့ ပြသလို့ရပါတယ်။ အချိန်ယူပြီး ကုသမှုခံယူပါက ကုသမှုအပေါ်မူတည်ပြီး ဒဏ်ရာသက်သာမှုရှိလာနိုင်ပါတယ်။

နည်းလမ်း (၂) - စိတ်ကိုစိတ်နဲ့ကုသနိုင်ပါတယ်။

  • မျိုသိပ်ထားရတာတွေ၊ ခံစားနေရတာတွေကိုဖွင့်ချပြီး နားထောင်ပေးခြင်း။
  • အဖြစ်အပျက်တွေအားလုံးအပေါ် နားလည်၊ သဘောပေါက်၊ ဖော်ထုတ်ခြင်း။
  • သဘာဝနဲ့ယှဉ်ပြီး အသိအမှတ်ပြု လက်ခံတတ်ခြင်း။
  • အတိတ်ကို ရဲဝံ့စွာရင်ဆိုင်ပြီး အဆုံးသတ်နိုင်ခြင်း။
  • စိတ်ခွန်အားပြည့်ဝရန် လက်တွေ့လေ့ကျင့်ခြင်း။
  • မိမိရဲ့စိတ်နဲ့ခံစားချက်ကို မိမိလိုသလို စီမံခန့်ခွဲတတ်လာခြင်းမှ ကလေးဘဝစိတ်ဒဏ်ရာ Childhood Trauma လုံးဝပျောက်ကင်းသွားနိုင်ပါတယ်။

မှတ်ချက်။

Childhood trauma ရှိသူသည် စိတ်ရောဂါဖြစ်နေသူ မဟုတ်ပါ။ ရှက်စရာမဟုတ်ပါ။ မိမိမှာဒဏ်ရာရှိမှန်းသတိပြုမိလျှင် ကျွမ်းကျင်သူများနှင့် အမြန်ဆုံးဆွေးနွေးပါ။ ကုသမှုကို ခံယူပါ။

နည်းလမ်း (၂) ဖြင့်ကုသလိုသူများ ကျွန်မနှင့် တစ်နာရီတိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ Facebook page chatbox တွင် appointment ယူပေးပါ။

With love ❤️

Thida Aung

Apr 12, 2023 (Wednesday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူတွေကိုမျှဝေပေးပါ။ 🌸🥰
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form