Thida Aung

Thida Aung

Relationship & Inner Well-Being Educator, Founder
Integrity • Love • Responsibility

Hello!

This is Thida. I am a life coach originally, and my passion for creating loving, healthy, and workable relationships with every human being leads me to be a relationship coach as a devoted professional. As our vision says: to leave the legacy of aliveness to human beings, I'm inspired to let more and more people know how to stay powerful, fulfilled, and peaceful in any given situation, and this is where our TDA Life Education began.

As a professional consultant, I believe relationships are the center of every area in life, from failure to success, from happiness to fulfillment. And, I love to consult people on how to have healthy relationships firmly built on effective communication and powerful listening. Using transformative learning techniques I obtained from over 20 years of training experience, I always encourage my clients to find their own solutions and design their lives accordingly.

Aside from being a relationship & inner well-being consultant, I am an interior designer in my home-building company as well as an introduction leader for Young People and Teens at LandmarkWorldwide.com. Throughout my career, I have taken part in many programs that support different groups of all ages. My current volunteer work is with the SHEowner Business Mentorship as a mentor for women's empowerment in business and leadership. In addition, I run an on-air program called Healthy & Happy LIFE, aimed at increasing mental awareness and mindfulness practices among the general public.

My diverse life experience and expertise in relationships, inner well-being, leadership and executive coaching, women empowerment, youth & teens development, and senior consulting, not only causes a positive change in people I work with but also gives clarity and life-changing transformation for the rest of their life.

If you need someone professional to discuss with your life concerns, I am here to support you. Click here to book appointment in English language. For the support in Burmese language, click this.

There is no quality of life without loving relationships.
Thida Aung

WordS FROM COACHING CLIENTS

တီချယ်နဲ့ဆုံခွင့်ရခဲ့တာရော၊ LBM တက်ဖြစ်ခဲ့တာတွေက ကျွန်မအတွက် အရမ်းကိုကံကောင်းစေခဲ့တယ်။ ခုကြုံနေရတာတွေကို တီချယ်နဲ့ မဆုံချိန်အထိ ကျွန်မရဲ့စိတ်အခြေအနေနဲ့ဆို သတ်သေပြီးနေလို့ နောက်ဘဝတောင်ရောက်နေလောက်ပြီ။

LBM သင်တန်းတက်လိုက်တာက ကျွန်မအတွက် အရမ်းကိုအကျိုးရှိခဲ့တယ်။ ကျွန်မသွားချင်တဲ့နေရာကို စိတ်ကလေးကို ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ တည်တည်ငြိမ်ငြိမ်လေးသွားနေတယ်။ အရင်လိုမဝုန်းတော့ဘဲ သူကပျော့ရင် ကိုယ်ကလိုက်ပျော့နိုင်ပြီး သူမာရင်လည်း ကိုယ်ကပြဿနာမရှာဘဲ ရှောင်ထွက်တတ်လာတယ်။ ရှောင်တဲ့အခါလည်း နာကျင်စွာ ကြောက်လို့ရှောင်တာမဟုတ်ဘဲ သူ့အတွက်နေရာတစ်ခုပေးပြီးရှောင်တဲ့ပုံစံနဲ့ ရှောင်လာခဲ့တယ်။ ရင်ထဲမှာနာကျင်တာတွေ၊ ဝမ်းနည်းတာတွေ၊ ဒေါသတွေကိုလည်းသိလာပြီး အသိအမှတ်ပြုပေးလိုက်တဲ့အခါ တကယ်ကိုပြေသွားတယ်။ ဒါတွေကိုသာ ကျွန်မမသိရင် အရင်လိုရူးခါနေမှာပဲ။ ကျွန်မရဲ့ကိုယ်ပိုင်ဖြစ်တည်မှုက အခုမှစတာ။ LBM ကိုသာ သေချာလေးကျွမ်းကျင်သွားရင် လူတွေရဲ့စိတ်ကို တော်တော်မြင်လာနိုင်မယ်လို့ထင်ပါတယ်။ အရာရာအတွက် တကယ်ကိုကျေးဇူးတင်ပါတယ် တီချယ်။

Thel Oo Nyan
Mar 23, 2023

အရမ်းစိတ်ရှုပ်ပြီး ကိုယ့်နားကသူတွေကို အပြစ်ပဲမြင်မိခဲ့တယ်။ ဘာလို့ငါမှဖြစ်ရလဲတို့... သူကဒီလိုမဆက်ဆံဘဲ ကောင်းကောင်းဆက်ဆံရင် ငါဒီလိုဖြစ်မှာမဟုတ်ဘူးတို့... ငါ့ကိုပဲအပြစ်ပြောနေကြတာပဲတို့... စသဖြင့် အတွေးတွေနဲ့ပဲ တနေ့တနေ့ စိတ်ပင်ပန်းကြီးစွာနေခဲ့ရတယ်။ အဲ့အခြေအနေကနေ အရမ်းကိုလွတ်မြောက်ချင်တယ်။ ပေါက်ကွဲထွက်ပြီး ရန်ပတ်ရှာမိ၊ အကြီးအကျယ်ငိုမိ၊ ပြီးမှနောင်တတွေရမိ... အဲ့လိုကနေလွတ်မြောက်ဖို့အတွက် Psychologist တွေနဲ့လည်း ပြခဲ့တယ်။ ရင်ဖွင့်ပြောပြခဲ့လည်း ခဏပဲသက်သာပြီး ဒီလိုပဲ ချာလည်ပြန်လိုက်နေတယ်။

အမျိုးတစ်ယောက်ကညွှန်ပေးလို့ တီချယ့် YouTube video လေးကြည့်မိတာကနေ ရင်ထဲထိပြီး ငြိမ်းချမ်းမှုလမ်းစလေးမြင်လာတယ်။ အမှန်ပြောရရင် video ကြည့်ဖို့တောင် အချိန်တော်တော်ကြာခဲ့တာ... စိတ်ထဲမှာ ပြောင်းလဲနိုင်မယ်လို့ သိပ်မယုံကြည်ခဲ့တာလည်း ပါတာပေါ့နော်။ Video ကြည့်ပြီး တော်တော်လေးသဘောကျလို့ တီချယ်နဲ့ coaching တစ်ချိန်ယူခဲ့တယ်။ အဲ့မှာအရမ်းကိုအဆင်ပြေသွားတယ်။ ဘာကြောင့်ကိုယ်ဒီလိုဖြစ်နေရတာလဲဆိုတာ မြင်လာတယ်။ ဒါပေမယ့် ရက်ပိုင်းမှာပဲ အရင်လိုအတွေးတွေနဲ့ ပြန်ရှုပ်ထွေးလာပြန်တယ်။ အဲ့ဒါနဲ့ တီချယ့်သင်တန်းလေးကို တက်ဖြစ်ပါတယ်။ အဲ့မှာပိုပြီးအဆင်ပြေလာတယ်။ ဘာတွေကြောင့်ဖြစ်နေရလဲ။ ဘာတွေပြင်ရမလဲပေါ့။ ဒါပေမယ့် သင်တန်းပြီးရက်ပိုင်းမှာ အတွေးတွေပြန်ရှုပ်ပြန်တယ်။ တီချယ့်ဆီစာပို့ပြီး ကူပါကယ်ပါဦးပေါ့။ အဲ့မှာသိလာရတာက ကိုယ်တိုင် practice လုပ်ဖို့ အရေးကြီးတာလေးကိုပါ။

သင်တန်းတက်ပြီးရင် အားသာချက်က breakdown ဖြစ်ရင် တီချယ်တို့နဲ့ keep in touch အမြဲပြန်ပြောနိုင်တာလေးပါ။ အခုထိ တီချယ်တို့နဲ့ပြောနေပါတယ်။ စိတ်ရှုပ်သွားတိုင်း တီချယ်တို့ရဲ့ guidance ယူပြီး တစ်ခုချင်းပြန်ဖြေရှင်းပါတယ်။ Guidance ဆိုပေမယ့် ဘယ်ဟာလုပ်ပါဆိုပြီးပြောတာမျိုးမဟုတ်ပါဘူး။ ကိုယ်ပြောနေတာကိုနားထောင်ပြီး ကိုယ့်အတွင်းစိတ်ကို ပြန်နားထောင်မိ၊ နားလည်မိပြီး ကိုယ့်စိတ်ကို ကိုယ့်ဟာကိုယ် deal လုပ်နိုင်အောင် ပြောပြပေးတာမျိုးပါ။ ညွှန်ပေးတဲ့အမျိုးကိုကော တီချယ့်ကိုကော အရမ်းကျေးဇူးတင်လျက်ပါရှင်။ 😊

Maw Maw Min
Mar 12, 2023

She is so kind and a great listener. It was awesome to talk to such a professional counselor!!!

Bhone Hteik
Jan 3, 2023

Ma Thida always welcome for help and good advice. I would like to thank her for always being patient and giving me time.

Thi Htet
Jan 3, 2023

တီချယ်နဲ့တွေ့ပြီးနောက်မှ ကိုယ့်ကိုယ်ကိုယ် focus lose တွေဖြစ်၊ confidence နည်းတာ၊ ကြောက်ရွံ့ရင်း တကယ့်အဖြစ်ကနေရှောင်ခွာ၊ ရင်မဆိုင်ရဲဖြစ်တာ၊ အဓိကနဲ့သာမညမကွဲ၊ မရောင်ရာဆီလူးနေတာ သတိထားမိသွားပါတယ်။ တီချယ်ရဲ့စိတ်ရှည်၊ နားလည်၊ သဘောထားကြီးကြီး၊ ဉာဏ်အမြော်အမြင်ကျယ်ပြန့်တဲ့၊ လမ်းညွှန်သင်ကြားမှုတွေအောက်မှာ သမီးဖြစ်ချင်နေခဲ့တဲ့အိပ်မက်တွေကြားထဲက Realtor ဘဝကို တစိုက်စိုက်မတ်မတ်စတင်လျှောက်လှမ်းနိုင်ခဲ့တယ်။

Nu Nu Wai
Mentee, SHEowner Business Mentorship Program
Oct 17, 2022

Very experienced and encouraging relationship coach. My relationships have been greatly improved by Thida's coaching. Whenever relationships break down, she is always the first person I turn to for coaching and advice. In the past, I used to spend a lot of time in dealing with breakdowns in relationships. Through her effective coaching sessions, I not only learned how to deal with those effectively but also started to see the power of relationships.

Aung Kaung Pyae
Founder, MyanTalents Recruiting Agency
Jun 8, 2022

Coaching sessions with Ma Thida is a life-changing experience for me. I have seen the immediate result throughout the coaching sessions. She offered much more than I expected and always put the best interest in the client’s success. Her authenticity, active listening, peacefulness, and candid feedback to the client make our coaching sessions meaningful. If you are looking for a better change in your life, I would recommend you to have coaching with Ma Thida.

Laura
Apr 25, 2022

Teacher Thida Aung ကို ပထမဆုံးအနေနဲ့ ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောရင်း ဂါရဝပြုလိုက်ပါတယ်။ ကြည်ပြာ့ဘဝရဲ့ပြောင်းလဲမှုအရွှေ့တစ်ခုမှာ ကြည်ပြာကိုအသစ်တဖန် ပြန်လည်မွေးဖွားခွင့်ရအောင် (Reborn) လုပ်ပေးနိုင်လို့ပါ Teacher.

ကြောက်စိတ်တွေကြားမှာ မသေချာတဲ့အနာဂတ်တွေနဲ့ အတိတ်ရဲ့မှတ်ဉာဏ်တွေကြားလျှောက်သွားနေတဲ့ Doing ဖြစ်နေတဲ့စိတ်ကို Being ဖြစ်အောင်လုပ်ပေးခဲ့တယ်။ ပြောနေတဲ့အသံတိုးတိုးလေးတွေနဲ့ နားကအမြဲနားထောင်နေကျပုံစံ၊ စကားလုံးတွေကို သတိထားရင်း၊ လက်ခံရင်း What Happen ဆိုတာကို ပြောတတ်၊ နားထောင်တတ်လာခဲ့တယ်။ စစ်မှန်သောလူဖြစ်ဖို့၊ စစ်မှန်သောချစ်ခြင်းမေတ္တာတရားတွေနဲ့ချစ်တတ်ဖို့သင်ယူရင်း လူတိုင်းကိုမေတ္တာပိုထားတတ်လာသလို မိမိကိုယ်မိမိပိုချစ်တတ်လာတယ်။ လှည့်စားတတ်တဲ့စိတ်က သူ့အတွက်လိုလို၊ ကိုယ့်အတွက်လိုလိုနဲ့ မာယာအပြည့်နဲ့လှည့်စားတတ်လို့ စိတ်ရဲ့လှည့်ဖျားမှုတွေကိုပိုပြီးသိလာတယ်။ တကယ်မလိုချင်တဲ့အရာတွေအတွက် အချိန်ကုန်မခံတော့လို့ အချိန်တွေပိုထွက်လာသလို၊ တကယ်လိုချင်တဲ့အရာတွေအတွက် ပိုမိုစူးစိုက်မှုအားကောင်းလာတယ်။

ဘဝကိုပြည့်စုံကြွယ်ဝချမ်းသာတဲ့စိတ်နဲ့နေတတ်လာသလို လက်ခံခြင်း၊ ခွင့်လွှတ်ခြင်း၊ ကျေးဇူးတင်ခြင်း၊ သည်းခံခြင်း၊ သတိရှိခြင်းတွေကြောင့် ဘဝကပိုပြီးအဓိပ္ပါယ်ရှိလာတယ်။ လူ့ဘဝရတဲ့ခဏမှာ အတ္တမျက်နှာဖုံးတွေကိုခဝါချလို့ အဓိပ္ပါယ်ရှိတဲ့၊ အရည်အသွေးပြည့်ဝတဲ့ဘဝ၊ သာယာပျော်ရွှင်ချမ်းမြေ့တဲ့ဘဝကို တစ်ရက်ချင်းတည်ဆောက်နိုင်လို့ ပိုမိုကျေနပ်ပီတိဖြစ်ရပါတယ်။ အားနည်းချက်တွေ၊ မပြည့်စုံမှုတွေကို တဖြည်းဖြည်းလက်ခံလာပြီး Blame, Complain, Judging တွေနည်းလာလို့ တစ်နေ့တခြားပိုမိုပြည့်စုံလာလို့ ကျေနပ်မိပါတယ်။ ယုံကြည်မှုအပြည့်နဲ့ မိမိလိုချင်တဲ့ဘဝကိုဖန်တီးယူနိုင်တဲ့ လက်နက်ကိရိယာတွေကို လက်ဆောင်ပေးလိုက်လို့ ကျေးဇူးအများကြီးတင်ပါတယ် တီချယ်။

Kyi Pyar Win
MD, Royal Peace Interior Design & Build Co., Ltd.
Mar 7, 2022

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form