မိမိကိုယ်မိမိ ရင်းနှီးမြှုပ်နှံပါ။

Feb 19, 2024
Business

တစ်နေ့က သားနဲ့ညနေစာအတူတူစားရင်း စကားစမြည်းပြောဖြစ်တယ်။ သားကို ၂၁ နှစ်အရွယ် တက္ကသိုလ်တက်နေတဲ့ သူ့သူငယ်ချင်းက investment ကိစ္စ မေးလာတဲ့အကြောင်းလေး ပြောပြတယ်။

သူ့သူငယ်ချင်းက မေးတယ်... "အကယ်၍ လက်ထဲမှာ ဒေါ်လာနှစ်သောင်းခွဲ ရှိတယ်။ အိမ်ခြံမြေနဲ့ပတ်သက်တဲ့စီးပွားရေးထဲမှာ ရင်းနှီးမြှုပ်နှံချင်ရင် ဘယ်လိုစတင်ပြီး ရင်းနှီးမြှုပ်နှံရမလဲ အကြံလေးပေးပါဦး" တဲ့။

ကျွန်မသားပြောတာက... ရှင်းပါတယ်။

"လောလောဆယ် မိမိလက်ထဲမှာ ဒေါ်လာနှစ်သောင်းခွဲရှိရင် မွေ့ရာအောက်ထဲထည့်ပြီး မေ့ထားလိုက်ပါ။ ဘာမှမလုပ်ပါနဲ့။

အသက်ငယ်ရွယ်နုပျိုစဉ် ခွန်အားနဲ့ဉာဏ်အားပြည့်ဝနေချိန်မှာ ပထမဆုံးလုပ်ရမှာက မိမိစိတ်ဝင်စားတဲ့စီးပွားရေးနဲ့ပတ်သက်လို့ ကျွမ်းကျင်အောင် အရင်ဦးဆုံး (OJT) လုပ်ငန်းခွင်ထဲ ခြေစုံပစ်ဝင်ဖို့ လိုအပ်တယ်။ ငယ်ရွယ်တုန်းမှာ ဘာပဲလုပ်လုပ်... အဆင့်တွေမကျော်ပစ်ဖို့လိုတယ်။ အလုပ်လုပ်နေတုန်းမှာလည်း မိမိလှမ်းနေတဲ့အဆင့် (steps) တွေကို သိပ်ဂရုမထားဘဲ အလုပ်ထဲမှာပဲ စိတ်ဝင်တစား (အနီးကပ်) တစိုက်မတ်မတ် လေ့လာဖို့လိုပါတယ်။

အောင်မြင်သောရင်းနှီးမြှုပ်နှံသူ ဖြစ်ချင်ရင်လည်း မိမိရင်းနှီးမြှုပ်နှံမယ့်စီးပွားရေးက မိမိအတွက် Good Deal လား၊ Bad Deal လားဆိုတာ အပြည့်အဝသိရှိဖို့ လိုအပ်တယ်။ မိမိ invest လုပ်မယ့် business အကြောင်းကို ဂဃနဏမသိဘဲ ရင်းနှီးမြှုပ်နှံခြင်းသည် အမိုက်မဲဆုံးသောလုပ်ရပ်တစ်ခုသာ ဖြစ်တယ်။ ဒါကြောင့် ငယ်ရွယ်သူတွေအတွက် ငွေရှိရင်တောင် ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ blindly မလုပ်ဖို့နဲ့ စာတွေ့သိရုံ၊ စာဖတ်ရုံနဲ့ မလုံလောက်ဘူး။ မိမိကိုယ်တိုင် နှစ်အနည်းငယ်မျှ လုပ်ငန်းခွင်ထဲဝင်ပြီး လေ့လာလိုက်စား၊ အတွေ့အကြုံယူသင့်ပါတယ်" လို့ ပြောလိုက်တဲ့အခါ သူငယ်ချင်းဖြစ်သူက အံ့သြသွားတယ်ဆိုတာကို သားက ပြောပြပါတယ်။

ငယ်ရွယ်သူ လူငယ်တွေအတွက် အကြံပေးချင်တာကတော့ -

✅ ငွေရှိရင် အကုန်ဖြစ်တယ်ဆိုတဲ့ mindset ကို ဖယ်ထားပါ။

✅ မိမိနဲ့မိမိအချိန်ကို invest လုပ်ဖို့ ခွင့်ပြုပါ။

✅ စိတ်ရှည်ရှည်နဲ့ လိုအပ်တဲ့အချိန်ကာလအတိုင်းအတာကိုယူပြီး မိမိရဲ့အတွေ့အကြုံနဲ့အရည်အချင်းကို ခိုင်မာတောင့်တင်းအောင် အရင်ဆုံးတည်ဆောက်ကြပါ။

ဆိုလိုချင်တာက - မိမိနဲ့ မိမိအချိန်ကို ခဏတာစတေးပြီး ဘဝအခြေခိုင်ဖို့ (foundation ကောင်းဖို့) အရင်ဆုံး မိမိကိုယ်မိမိ invest လုပ်ပါ။

ဘဝလမ်းကြောင်းကို ဖြတ်သန်းနေတဲ့အခိုက် လမ်းခုလတ်မှာ တစ်စုံတစ်ခုကြောင့် ပြိုလဲခဲ့မယ်ဆိုရင်တောင် ဘဝအခြေခိုင်သူတစ်ဦးဖြစ်တာမို့ ပြန်လည်ထူထောင်တည်ဆောက်တဲ့အခါ အခက်အခဲမရှိဘဲ လွယ်ကူပါလိမ့်မယ်။

Thida Aung

Feb 19, 2024 (Monday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူတွေကိုမျှဝေပေးပါ။ 🌸🥰
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form