စီးပွားရေးလုပ်ဖို့စိတ်ဝင်စားသူတိုင်း သိထားရမယ့်အခြေခံ

Sep 22, 2022
Business

Make the decision.

  • မိမိက စီးပွားရေးအသစ်ကိုဖန်တီးမယ့်သူလား။ သူများဖွဲ့ထားပြီးသားလုပ်ငန်းကို ဝယ်ယူပြီးလုပ်မှာလားဆိုတာကို ရွေးချယ်ပါ။

Business is not personal but universal.

  • စီးပွားရေးသည် ပုဂ္ဂိုလ်ရေးရာမဟုတ်ပါ။ အများနဲ့သက်ဆိုင်ခြင်းလို့ သုံးသပ်ပါ။

Business is making money.

  • ငွေရှာခြင်းဖြစ်တာကြောင့် "လုပ်ကြည့်လိုက်ပါမယ်" ဆိုတဲ့စကားအသုံးအနှုန်းနဲ့ လုပ်ငန်းကိုမစပါနဲ့။

Distinguish between management and investment.

  • မိမိရဲ့ကိုယ်ပိုင်ငွေနဲ့စတင်သူများ... မိမိသည် မိမိလုပ်ငန်းကိုငွေမတည်သူ၊ မိမိလုပ်ငန်းကိုစီမံသူဆိုပြီး အခန်းကဏ္ဍနှစ်ခုခွဲထားပါ။

Do the research thoroughly before starting the business.

  • လုပ်ငန်းမစခင်မှာ ငွေကိုပုံအောပြီးမသုံးပါနဲ့။ ကိန်းဂဏန်းနံပါတ်ကိုတွက်ချက်ပါ။ အရင်ဆုံးလေ့လာပါ။ သိသင့်သိထိုက်တဲ့အရာများကို အလုံးစုံသိအောင်လုပ်ဆောင်ပါ။

Support others by getting support from others (or) receive support and support others.

  • လူလူချင်းကြားမှာ စီးပွားရှာသလို လူလူချင်းသာစီးပွားပေးတာမလို့ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီစနစ်ကို အသုံးပြုပါ။

Buy and sell, both are important.

  • မည်သည့်စီးပွားရေးမဆို အဝယ်၊ အရောင်း နှစ်မျိုးပါဝင်တာကြောင့် ဝယ်သည့်နေရာ၊ ရောင်းသည့်နေရာ နှစ်ခုလုံးကနေငွေရှာပါ။

Customer satisfaction is a key to success.

  • စိတ်ခံစားချက်တွေနဲ့အလုပ်လုပ်ကြတာမလို့ တစ်ဦးနဲ့တစ်ဦးစိတ်ကျေနပ်မှုရှိအောင် အကူအညီပေးရင်းနဲ့အလုပ်လုပ်ပါ။

Being Integrity: honoring your words, not your feelings and emotions.

  • ကြိုက်ခြင်းမကြိုက်ခြင်းကြောင့်ဖြစ်ပေါ်လာသော မိမိရဲ့စိတ်ခံစားချက်အပေါ်မူတည်ပြီးအလုပ်လုပ်မည့်အစား စကားတည်ပြီးအလုပ်ဖြစ်ဖို့ကိုပဲ ဦးစားပေးလုပ်ဆောင်ပါ။

Show being generosity and compassion.

  • မိမိစီးပွားရေးနဲ့ဆက်နွှယ်နေသူမှန်သမျှသည် မိမိ၏စီးပွားရေးမိသားစုဟု စိတ်နှလုံးသွင်းပါ။

Be open to update and upgrade your business.

  • ခေတ်နဲ့အညီလှုပ်ရှားနိုင်ဖို့အတွက် အတွေးအခေါ်နဲ့စနစ်တွေကို အမြဲတမ်း update, upgrade ပြုလုပ်နိုင်မယ့်အနေအထားကို ပြင်ဆင်ထားပါ။

Learn by missing and be persistent.

  • အရှုံးပေါ်ရင် ဘာကြောင့်ပေါ်တာလဲ။ မိမိဘက်က လစ်ဟာနေတဲ့အရာအပေါ် အာရုံစူးစိုက်ခြင်းဖြင့်ထပ်မံလုပ်ဆောင်ပါ။

Being trust and creative.

  • မိမိကိုယ်မိမိစိတ်ချယုံကြည်မှုနဲ့ ဖန်တီးမှုကိုအခြေခံပြီး အလုပ်လုပ်ပါ။

အကျိုးရှိမယ်ထင်ပါတယ်။

စာကြွင်း

  • စီးပွားရေးလုပ်ငန်းစချင်သူများ
  • ဘယ်ကနေဘယ်လိုစရမှန်းမသိဖြစ်နေသူများ
  • ဘာလုပ်ရမှန်းမသိသူများ
  • စိတ်ဓာတ်ကျပြီးလက်လျှော့ထားသူများ
  • လုပ်ငန်းအပြောင်းအလဲလုပ်ချင်သူများ
  • လက်ရှိဝင်ငွေထက်ပိုရှာလိုသူများ

ထိရောက်သော coaching လိုချင်ပါက TDA Coaching Group ကို ဆက်သွယ်ပါ။

  • မိမိကိုယ်တိုင် ထိရောက်သော Coach တစ်ဦးဖြစ်လိုသူများ
  • မိမိရွေးချယ်ထားသောနယ်ပယ်တွင် အများအတွက်ထိရောက်တဲ့ coaching service ပေးလိုသူများ

One-on-one coaching လက်ခံပေးနေပါပြီ။

Thida Aung

Sep 22, 2022 (Thursday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူတွေကိုမျှဝေပေးပါ။ 🌸
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form