Relationships (လူမှုဆက်ဆံရေး)

Dec 26, 2023
Relationship

ဘဝဆိုတာ... လူမှု ဆက်ဆံ ဆက်နွယ် ပေါင်းသင်း ပတ်သက် နေထိုင်ခြင်းပါ။ မိမိကိုယ်မိမိ ဆက်ဆံရသလို... မိမိက လူတိုင်းနဲ့၊ အရာတိုင်းနဲ့လည်း ဆက်ဆံရပါတယ်။ အသက်ရှိနေသရွေ့ Relationships နဲ့ပတ်သက်ရင် မိမိက နေရာတိုင်းမှာ ပြေးမလွတ်အောင် ပါဝင်နေပါတယ်လို့ ဆိုချင်ပါတယ်။ ရှောင်ရှားလို့ မရပါဘူး။

Relationship လို့ပြောတာနဲ့ romantic relationship လို့ပဲ ထင်မှတ်ကြပါတယ်။ တကယ်တော့ လူမှု ဆက်နွယ် ဆက်ဆံပေါင်းသင်းခြင်းမှာ အမျိုးအစား၊ အခြေအနေ၊ အနေအထား အမျိုးမျိုးရှိပါတယ်။

ကမ္ဘာနဲ့အဝှမ်း ကြည့်ပါ။ လူတွေအချင်းချင်းကြား ဆက်ဆံရမှာ ကြောက်ကြသလို၊ ဆက်ဆံနေချိန်မှာလည်း အဆင်မပြေဖြစ်နေကြတယ်။ လမ်းခွဲပြီးရင်လည်း ခံစားနေကြတယ်။ နောက်လာမယ့် (relationships) ဆက်ဆံရေးတွေကိုလည်း ကြောက်ကြတယ်။ Relationships အပေါ်မှာလည်း အကောင်းမြင်ဝါဒ မရှိကြသလောက်ပါပဲ။ လူအချင်းချင်း ရှောင်ဖယ်ကြတယ်။ လူသားအချင်းချင်းကြားမှာ သံသယတွေနဲ့ ဟန်ဆောင် ပေါင်းသင်း ဆက်ဆံနေကြတာတွေ တွေ့ရပါတယ်။ လူအချင်းချင်းကြားမှာ မေတ္တာနဲ့ ပျော်ရွှင်မှုတွေ ဖြစ်ထွန်းနေမယ့်အစား ကြောက်ရွံ့မှုတွေ၊ မနှစ်မြို့မှုတွေ ရှိနေကြပါတယ်။ တကယ်တော့ လူ့ဘဝမှာ အလုပ်လုပ်၊ ငွေရှာခြင်းက လူတွေကို energy ဖြစ်စေပါတယ်။ စီးပွားရှာတာကလည်း လူသားအချင်းချင်းကြားမှာပဲ ရှာလို့ရပါတယ်။

"အလုပ်လုပ်ရတာ ပင်ပန်းတယ်။ အလုပ်က မကောင်းဘူး။ ဒီအလုပ်က စိတ်ပျက်ဖို့ကောင်းလိုက်တာ" လို့ ညည်းတွားပြီဆိုရင် စိတ်ပျက်ခြင်းရဲ့နောက်ကွယ်မှာက... မိမိရဲ့အလုပ်မှာ လူတွေနဲ့ဆက်ဆံရတာ အဆင်မပြေတဲ့နေ့၊ အိမ်ကမိသားစုနဲ့ အဆင်မပြေတဲ့နေ့ စသဖြင့် မိမိကိုယ်မိမိ မကျေနပ်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ တကယ်တော့ လူသားဆိုတာ ဖန်တီးရတာကို ပျော်ရွှင်တဲ့ သဘာဝပါ။ စိတ်ဓာတ်ကျ၊ ပင်ပန်းခြင်းက... ဖန်တီးပြီးအလုပ်လုပ်ခြင်းကနေ ဖြစ်ပေါ်ခြင်း မဟုတ်ပါ။ ဟိုလူနဲ့အဆင်မပြေ၊ ဒီလူနဲ့အဆင်မပြေတာတွေကနေ စတင်တာပါ။ ဒါကြောင့် လူမှုဆက်ဆံရေးသည် လူဖြစ်ပြီဆိုရင် အရေးကြီးဆုံး အခန်းကဏ္ဍမှာ ရှိပါတယ်။ လူသားအချင်းချင်း ဆက်နွယ်၊ ပတ်သက်၊ အလုပ်လုပ်ကြတဲ့ အဖွဲ့အစည်းမှာ ဆက်ဆံရေးအဆင်မပြေဘူးဆိုရင် လုပ်ရကိုင်ရတာ အဆင်ပြေမှာ မဟုတ်ပါဘူး။

သတိထားကြည့်မယ်ဆိုရင်...

သက်ရှိလူသားအချင်းချင်း ပေါင်းသင်းဆက်ဆံရေးမှာ အဆင်မပြေသူတွေက မိမိနဲ့မိမိ ဆက်ဆံရေး (self-relationship) အဆင်မပြေကြသူတွေပါ။ မိမိကိုယ်မိမိ မဆက်ဆံတတ်ရင်၊ ပျော်ရွှင်အောင် မနေတတ်ရင် တခြားလူတွေနဲ့ဆက်ဆံဖို့ အခက်အခဲရှိတတ်ပါတယ်။ မိမိနဲ့မိမိ ဆက်ဆံရေးအဆင်ပြေပြီး ပျော်ရွှင်နေသူတစ်ယောက်က လူသားအားလုံးနဲ့လည်း အဆင်ပြေတတ်ပါတယ်။ ပျော်ရွှင်တဲ့သူတွေ ပေါင်းစပ်ပြီး အလုပ်လုပ်ကြမယ်ဆိုရင်တော့ လုပ်ငန်းနေရာကဏ္ဍတွေမှာ ထုတ်လုပ်နှုန်းအားတွေ ပိုမိုတိုးတက်ဖို့ရှိလာနိုင်ပါတယ်။

လူ့နယ်ပယ်၊ လူ့အသိုင်းအဝိုင်း၊ လူအချင်းချင်းကြား ကောင်းမွန်တဲ့ Relationship လိုအပ်သလို... မိမိနဲ့မိမိ Relationship ကို အမြဲဂရုစိုက်ဖို့ လိုအပ်ပါတယ်။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေချင်ရင် ပထမဆုံး Self-Relationship ကို နားလည်ဖို့ လိုအပ်ပါတယ်။

မိမိကိုယ်မိမိ...

  • ရွေးချယ်ဖို့ လိုပါတယ်။
  • နှစ်သက်ဖို့ လိုပါတယ်။
  • သိရှိဖို့ လိုပါတယ်။
  • မိမိရဲ့သဘာဝကို နားလည်ဖို့ လိုပါတယ်။

အများနဲ့ဆက်ဆံရေးတွေ အဆင်ပြေဖို့  ပထမဆုံးအနေနဲ့ မိမိနဲ့ မိမိရဲ့ relationship ကို (မိမိ)လိုသလို ဖန်တီးချင်တယ်၊ တည်ဆောက်ချင်တယ်ဆိုရင် Designing Your Relationships အတန်းကို တက်လို့ရပါပြီ။

Thida Aung

Dec 26, 2022 (Tuesday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူတွေကိုမျှဝေပေးပါ။ 🌸🥰

Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form