Relationship ကိုပျက်စီးစေတဲ့ အဓိကအကြောင်းရင်း ၃ ခု

Apr 15, 2023
Relationship
Relationship ဆိုတာ သစ်ပင်နဲ့တူတယ်။ ကောင်းမွန်စွာကြီးပြင်းလာဖို့ အချိန်နဲ့ အားစိုက်ထုတ်မှု လိုအပ်ပါတယ်။

အလားတူပဲ...

လူနှစ်ဦးကြားပေါင်းသင်းဆက်နွှယ်တဲ့ relationship တွေ ခိုင်မြဲနေဖို့ဆိုရင် သင့်ရဲ့အချိန်ပေးမှုနဲ့ အားစိုက်ထုတ်မှု လိုအပ်ပါတယ်။ ဒီ့အပြင် သင်တို့နှစ်ယောက်ရဲ့ နားလည်ပေးမှု၊ ချစ်ခြင်းမေတ္တာ၊ အပြန်အလှန်လေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ တွေ့ကြုံရတဲ့အခက်အခဲတွေအပေါ် အပြုသဘောဆောင်ရင်ဆိုင်ဖြေရှင်းတတ်မှုတွေလည်း လိုအပ်ပါတယ်။

ဒီဆောင်းပါးမှာတော့ Relationship တိုင်း သတိပြုရမယ့်၊ လျစ်လျူရှုမိရင် relationship တစ်ခုလုံးကိုဖျက်ဆီးနိုင်တဲ့ အချက် ၃ ချက်ကို ပြောပြပါမယ်။

  1. ပြောဆိုဆက်ဆံမှုမရှိခြင်း
  2. နားလည်မှုလွဲခြင်း
  3. စွပ်စွဲပြောဆိုခြင်း

ဒီ ၃ ချက်က relationship ကို ဘယ်လိုဖျက်ဆီးတတ်လဲ။

ဥပမာတစ်ခု ကြည့်ရအောင် - သင်နဲ့သင့်ဇနီး/ခင်ပွန်းတို့ အပြင်မှာညစာအတူတူထွက်စားဖို့ ချိန်းထားတယ်ဆိုပါစို့။

သင်က လှလှပပ သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး သူ့ကိုစောင့်နေတယ်။ သင့်ကိုတွေ့တော့ သူက လှလိုက်တာ / ကြည့်လို့ကောင်းလိုက်တာလို့ ချီးမွမ်းတာမျိုးမရှိတဲ့အပြင် မျက်မှောင်ကုတ်နေတော့ သင်က ဒေါသထွက်သွားတယ်။ ညစာသွားစားဖို့စိတ်ကူးထားတာတွေ၊ ပျော်နေတာတွေ အကုန်ပျောက်ကုန်တယ်။

ဒီဥပမာကို ဒီအတိုင်းဖတ်ရတဲ့အခါ စာဖတ်သူအနေနဲ့ ဒေါသထွက်တဲ့သူကို "ဒေါသထွက်စရာမဟုတ် ဒေါသထွက်နေပါလား" လို့ တွေးမိကောင်းတွေးမိနိုင်ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ဘဝမှာ ကျွန်မတို့ကိုယ်တိုင် ဒေါသထွက်တဲ့ဇာတ်ရုပ်နေရာကို ရောက်မှန်းမသိရောက်နေတဲ့အခိုက်အတန့်... ကြုံဖူးကြမှာပါ။ တကယ်လည်း ကျွန်မတို့တွေ ဒေါသထွက်စရာမဟုတ်တာကို ဒေါသထွက်နေမိတာလား။ မဟုတ်ပါဘူး။ ညစာအတူသွားစားဖို့ပျော်နေတဲ့ကျွန်မတို့က တစ်ဖက်လူလည်း ဒီလိုပျော်ရွှင်နေမယ်ထင်ပြီး သူ့ဆီကချီးမွမ်းစကားကို မျှော်လင့်ခဲ့မိလို့ပါ။

ဒါဆို... တစ်ဖက်လူရဲ့အမြင်ရှုထောင့်ကို ကြည့်ကြရအောင်။ သူကရော ဘာကြောင့်များ ချီးမွမ်းစကားတောင်မဆိုနိုင်ဘဲ မျက်မှောင်ကြုတ်နေရတာလဲ။

သူ့အနေနဲ့ တစ်နေ့တာမှာ စိတ်ရှုပ်စရာတွေ ကြုံကောင်းကြုံခဲ့ရနိုင်ပါတယ်။ အလုပ်မှာ ပြဿနာတွေတက်ခဲ့နိုင်တယ်။ ဒါမှမဟုတ် သူဌေးဆီက ဆူပူကြိမ်းမောင်းတာ ခံလိုက်ရတယ်။ စီစဉ်ထားတာတွေ မဖြစ်လာခဲ့ဘူး။ စိတ်ပင်ပန်းစရာတွေနဲ့အိမ်ပြန်လာရတဲ့သူ့အတွက် အိမ်ထောင်ဖက်ကိုသတိမထားမိလို့ ချီးမွမ်းစကားမထွက်လာတာလည်း ဖြစ်နိုင်ပါတယ်။

အပေါ်ကအဖြစ်အပျက်လေးက နှစ်ဦးကြားမှာ ပြောဆိုဆက်ဆံမှုလိုအပ်သွားလို့ တစ်ဖက်သားအပေါ်နားလည်မှုမပေးလိုက်နိုင်တဲ့ ဥပမာတစ်ခုပါ။ ဒီလိုအဖြစ်အပျက်မျိုးကို တကယ်တမ်းကြုံလာရတဲ့အခါ... များသောအားဖြင့် ကျွန်မတို့တွေက ကိုယ်စီရဲ့အမြင်ရှုထောင့်ကနေ မိမိမှန်ကန်ကြောင်း၊ မမှားကြောင်းကိုပဲ အသည်းအသန်သက်သေပြမိတတ်ကြပါတယ်။ ဘယ်သူမှ တစ်ဖက်လူရဲ့အခြေအနေကို မတွေးပေးမိကြပါဘူး။ (ဒါကလည်း လူသားသဘာဝဖြစ်လို့ မှားတယ်မှန်တယ်မဟုတ်ပါ။) သေချာတာကတော့ ဒီလိုအဖြစ်အပျက်မျိုးသာ ခဏခဏကြုံနေရရင် နှစ်ယောက်လုံး ဘယ်သူမှပျော်ရွှင်နိုင်မှာမဟုတ်ဘဲ လမ်းခွဲခြင်းနဲ့အဆုံးသတ်ရဖို့များပါတယ်။

မိန်းမတွေလိုချင်တာက အရေးတယူရှိမှု၊ နားလည်ပေးမှု၊ လေးစားမှု။
ယောက်ျားတွေလိုချင်တာက စိတ်ချယုံကြည်မှု၊ လက်ခံမှု၊ တန်ဖိုးထားမှုပါ။

ဒီအခြေခံလိုအပ်ချက်တွေကိုမရတဲ့အခါ နှစ်ဦးကြားမှာ နားလည်မှုလွဲခြင်း စတင်လာပါတယ်။ ပြောဆိုဆက်ဆံမှုလစ်ဟင်းခဲ့ရင် နားလည်မှုပိုလွဲလာစေပြီး စွပ်စွဲပြောဆိုခြင်းနဲ့အဆုံးသတ်ပါတယ်။

"နားလည်မှုလွဲခြင်း" နဲ့ပတ်သက်ပြီး ထပ်ဖြည့်ချင်တာက -

သင်နဲ့သင့်ပါတနာကြားမှာ တတိယလူပါလာရင်လည်း နားလည်မှုလွဲတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒီနေရာမှာ တတိယလူဆိုတာ ဘယ်သူ့ကိုမဆို ရည်ညွှန်းပါတယ်။

ဥပမာ - သင်နဲ့သင့်ဇနီး/ခင်ပွန်းတို့ ရန်ဖြစ်ထားကြတယ်။ သင်က အိမ်ထောင်ဖက်အပေါ်မကျေနပ်ချက်တွေကို သူငယ်ချင်းကို သွားပြောပြတယ်၊ အကြံဉာဏ်သွားတောင်းတယ်။

ဒီလိုပြောပြခြင်းက သင့်ကိုစိတ်ပေါ့ပါးကောင်း ပေါ့ပါးစေနိုင်ပေမယ့်... သူ့ဆီကရတဲ့အကြံဉာဏ်က သင်တို့နှစ်ဦးကြားကအစိုင်အခဲကိုတော့ ခြေဖျက်ပေးနိုင်မှာမဟုတ်ဘူးဆိုတာကို သတိပြုစေချင်ပါတယ်။ သူငယ်ချင်းကလည်း သူ့အတွေ့အကြုံ / သူ့ကိုယ်ပိုင်အမြင်ရှုထောင့်ကနေပြောတာဖြစ်လို့ သင့် relationship အတွက် အထောက်အကူမပြုတဲ့အကြံဉာဏ်မျိုးပေးမိခဲ့ရင် သင်နဲ့သင့်ဇနီး/ခင်ပွန်းကြားက နားလည်မှုလွဲတာကို ပိုတောင်ဆိုးရွားစေမှာဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ သင့်အတွက် အလုပ်ဖြစ်မယ့်ဖြေရှင်းနည်းက -

ဒေါသထွက်ပြီး ရန်ဖြစ်အော်ဟစ်နေမယ့်အစား သင့်အိမ်ထောင်ဖက်ရဲ့အခြေအနေကို အရင်မေးကြည့်ပါ။

သင့်အိမ်ထောင်ရေးပြဿနာတွေကို သူငယ်ချင်းကိုသွားပြောမယ့်အစား သက်ဆိုင်သူဖြစ်တဲ့ သင့်အိမ်ထောင်ဖက်နဲ့ တိုက်ရိုက်ဆွေးနွေးပါ။

  • ဒီနေ့အလုပ်မှာ အဆင်ပြေရဲ့လား။
  • စိတ်ဖိစီးနေလား။
  • နေကောင်းရဲ့လား။

သင့်အိမ်ထောင်ဖက်ပြောတာတွေကို ဂရုတစိုက်နားထောင်ပေးပါ။ စိတ်ဝင်စားမှုရှိပါ။ လိုအပ်တာတွေကို ကူညီလုပ်ကိုင်ပေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် သင်တို့နှစ်ဦးကြား ပြောဆိုဆက်ဆံမှုအားကောင်းလာစေသလို ကတောက်ကဆအတော်များများကိုလည်း ဖြေရှင်းပြီးသားဖြစ်လာပါလိမ့်မယ်။

သင်ရော -

  • အလားတူအခြေအနေမျိုးနဲ့ ရင်ဆိုင်နေရလား။
  • Relationship ကိုဖျက်ဆီးတတ်တဲ့အကြောင်းရင်းတွေကို လျစ်လျူရှုနေမိသလား။
  • သင့်ရဲ့ Relationship နဲ့ပတ်သက်ပြီး အဖြေရှာဖွေလိုသလား။

လိုချင်တဲ့အဖြေရဖို့ နည်းလမ်း ၂ မျိုးရှိပါတယ်။

  1. ကျွန်မနဲ့တစ်နာရီ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
  2. ဖြေရှင်းနည်းလမ်းကို ကိုယ်တိုင်လေ့လာသင်ယူချင်တယ်ဆိုရင် Designing Your Relationships (DYR) သင်တန်းကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

Thida Aung

Apr 15, 2023 (Saturday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူတွေကိုမျှဝေပေးပါ။ 🌸🥰
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form