လူတိုင်းမသိသော Relationship အကြောင်း

Apr 18, 2023
Relationship

Relationship Coach အနေနဲ့ client တွေကို စပြီး coaching လုပ်တော့ တချို့တွေ ကျွန်မကိုလာမေးကြတယ်။

အမက အချစ်ရေး /အိမ်ထောင်ရေးအကြောင်းကိုပဲ ဆွေးနွေးပေးတာလား ❞ တဲ့။

ဒီနေရာမှာ ကျွန်မရဲ့အဘိဓာန်ထဲက Relationship ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အရင်ပြောပြပါမယ်။

Relationship (ဆက်နွှယ်မှု) ဆိုတာ အင်္ဂလိပ်စကားလုံး Relatedness (ရင်းနှီးကျွမ်းဝင်မှု) ကနေ လာပါတယ်။

ကာယကံရှင် ❝ မိမိ ❞ ကနေ ဘေးပတ်လည်ကိုဖြာထွက်သွားတဲ့ဆက်ဆံရေးအားလုံးသည် မိမိရဲ့ Relationship တွေပါ။ ဥပမာ - မိမိနဲ့ ချစ်သူ/အိမ်ထောင်ဖက်၊ မိမိနဲ့ မိဘ၊ သားသမီး၊ တစ်ဖက်မိဘ / ဆွေမျိုးမောင်နှမ (in-laws)၊ သူငယ်ချင်း / မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်၊ စီးပွားရေး / အလုပ်အကိုင်၊ အလုပ်ရှင် / ဝန်ထမ်း၊ ငွေကြေး၊ ပိုင်ဆိုင်မှု၊ အိမ်မွေးတိရစ္ဆာန်၊ ဘဝရည်မှန်းချက်ပန်းတိုင် စတဲ့ သက်ရှိ၊ သက်မဲ့ဆက်နွှယ်မှုအားလုံးသည် မိမိရဲ့ relationship တွေပဲဖြစ်ပါတယ်။

မိမိနဲ့မိမိ ဘယ်လိုဆယ်နွှယ် relate လုပ်နေသလဲဆိုတဲ့ self-relationship သည်လည်း Relationship ခေါင်းစဉ်အောက်မှာ အကျုံးဝင်ပါတယ်။ ဒါ့ကြောင့် relationship သည် လူတွေပြောနေကြတဲ့ အချစ်ရေးတစ်ခုကိုပဲ မရည်ညွှန်းပါ။

Relationship is all about You and Your Life.

ဒါ့ကြောင့် self-relationship ၊ မိသားစု၊ မောင်နှမ၊ သားသမီး၊ အချစ်ရေး၊ အိမ်ထောင်ရေး၊ လူမှုရေး၊ လုပ်ငန်းခွင်ပေါင်းသင်းဆက်ဆံရေး၊ ဝန်ထမ်းအုပ်ချုပ်ရေးစတဲ့ relationship အားလုံးအတွက် ကျွန်မ coaching လုပ်ပေးပါတယ်။

ကောင်းမွန်တဲ့ Relationship တွေရှိဖို့ လိုအပ်လား။

ဟုတ်ကဲ့။ လိုအပ်ပါတယ်။ အလွန်လည်းအရေးကြီးပါတယ်။

ကောင်းမွန်တဲ့ relationship ရှိဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် သေချာနားလည်ဖို့လိုပါတယ်။ လူလူချင်းကြားက ဆက်သွယ်မှုကိုလည်း သေချာကိုင်တွယ်တတ်ဖို့လိုပါတယ်။

နေရာတိုင်းမှာ ❝ မိမိ ❞ ပါဝင်ဆက်ဆံနေရတာဖြစ်တာကြောင့် မိမိကိုယ်မိမိသေချာနားလည်မှသာ အခြားသူများနဲ့ဘယ်လိုဆက်ဆံပြောဆိုပေါင်းသင်းရမလဲဆိုတာကို သိမှာဖြစ်ပါတယ်။ မဟုတ်ရင် တစ်ဖက်လူအကြိုက်ပုံစံပြောင်းပြီးနေထိုင်ရတဲ့အခါ (သို့) တစ်ဖက်လူကို မိမိဖြစ်စေချင်တဲ့အတိုင်း အတင်းလုပ်ယူရတဲ့အခါ ဘဝမှာ ပျော်စရာထက် စိတ်မကျေနပ်တာတွေ စုပုံလာပါလိမ့်မယ်။

ကောင်းမွန်တဲ့ relationship ကို ဖန်တီးနိုင်သူဆိုတာ ဘယ်သူ့ကိုမှလည်းပြောင်းလဲစရာမလိုသလို၊ မိမိကိုယ်တိုင်လည်း ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် အရှိကိုအရှိအတိုင်း စိတ်ချမ်းသာစွာနဲ့နေထိုင်တတ်သူဖြစ်ပါတယ်။ Relationship တွေသာအဆင်ပြေနေမယ်ဆိုရင် နေ့စဉ်နဲ့အမျှ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတွေမှာလည်း အထစ်အငေါ့မရှိ ချောမွေ့လာပါလိမ့်မယ်။

သင်ရော -

  • အဖြေရှာလိုတဲ့ Relationship ပုစ္ဆာတွေ ရှိသလား။
  • လက်ရှိမှာ စိတ်တိုင်းမကျတဲ့ Relationship တစ်ခုက ဘာလဲ။
  • သင်နဲ့ပတ်သက်ပြီး ပြောင်းလဲချင်တဲ့အရာက ဘာလဲ။

Relationship Coach တစ်ယောက်အနေနဲ့ ကူညီပေးနိုင်တဲ့နည်းလမ်း ၂ မျိုးရှိပါတယ်။

  • ကျွန်မနဲ့ တစ်ဦးချင်းသီးသန့် Zoom မှတဆင့် ဆွေးနွေးနိုင်ပါတယ်။ ရေရှည်ခရီးအတွက် အတူတူတိုင်ပင်အဖြေရှာချင်ရင်လည်း Coaching Package တွေရှိပါတယ်။ Facebook chatbox မှာ ပွင့်ပွင့်လင်းလင်း မေးမြန်းနိုင်ပါတယ်။
  • ဖြေရှင်းနည်းလမ်းကို ကိုယ်တိုင်လေ့လာသင်ယူချင်တယ်ဆိုရင် Designing Your Relationships (DYR) သင်တန်းကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

သင်တန်းတက်သည်ဖြစ်စေ၊ coaching ယူသည်ဖြစ်စေ ရရှိမယ့်အကျိုးကျေးဇူးတွေက -

  • Relationship အတွက် သင်ရှာနေတဲ့၊ လိုချင်နေတဲ့အဖြေများ
  • မိမိကိုယ်မိမိစိတ်ချယုံကြည်မှု
  • မိမိချစ်ရသူတို့ရဲ့အနားမှာ လွတ်လွတ်လပ်လပ်နေထိုင်နိုင်မှု
  • သိသိသာသာကောင်းမွန်လာတဲ့ ပေါင်းသင်းဆက်ဆံရေး
  • ဘယ်သူနဲ့မဆို ဟန်ဆောင်နေစရာမလိုတဲ့ ပြောဆိုဆက်ဆံရေး
  • ကိုယ်တိုင်စိတ်ကျေနပ်နေမယ့် အနေအထားအသစ်တစ်ခု
  • အလုပ်တွေကို အရင်အတိုင်းလုပ်နေပေမယ့် ၂ ဆ / ၃ ဆမက ဖြစ်လာတဲ့ရလဒ်
  • စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် ဘဝနေထိုင်နည်းအသစ်တို့ ဖြစ်ပါတယ်။

Thida Aung

Apr 18, 2023 (Tuesday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူတွေကိုမျှဝေပေးပါ။ 🌸🥰
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form