စိတ်ချမှုကိုတည်ဆောက်ခြင်း - Building Trust

Aug 3, 2023
Relationship

စစ်မှန်တဲ့ယုံကြည်စိတ်ချမှုဆိုတာ မိမိမျှော်လင့်ထားတဲ့အတိုင်း တစ်ဦးတစ်ယောက်က ပြုမူနေရမယ်။ သူရဲ့အပြုအမူအပေါ်မူတည်ပြီး မိမိကစိတ်ချနေရမယ်၊ စိတ်ကျေနပ်နေရမယ်၊ စိတ်အေးနေရမယ်လို့ မဆိုလိုပါဘူး။

ယုံကြည်စိတ်ချမှုဆိုတာ တစ်ဖက်လူဘာပဲလုပ်လုပ် မိမိကသဘောတူနေတဲ့အခြေအနေပါ။

အဲ့ဒီလိုမှမဟုတ်ရင် ယုံကြည်စိတ်ချမှုဆိုတဲ့စကားလုံးကိုအသုံးမပြုသင့်ပါ။

ယုံကြည်စိတ်ချမှုဆိုတာက မိမိမျှော်လင့်ထားတဲ့အတိုင်း လူတွေရဲ့အပြုအမူပေါ်မူတည်နေမယ်ဆိုရင် တစ်ခုသေချာတာက မိမိဘဝအတွက် စိတ်ချရမှုကို အကျဉ်းချထားခြင်းပါပဲ။

ယုံကြည်စိတ်ချမှုဆိုတာ လူတွေအပေါ်မှာကန့်သတ်ချက်ထားခြင်းမဟုတ်ဘဲ လူတွေအပေါ် ခွန်အားပေးသောစကားလုံးနဲ့ အပြုအမူတစ်ခုဖြစ်သင့်ပါတယ်။

စစ်မှန်တဲ့ယုံကြည်စိတ်ချမှုရဲ့ရည်ရွယ်ချက်ကတော့ လူတွေအပေါ် အကောင်းမြင်ဝါဒနဲ့ မိမိလိုချင်သောပုံစံအတိုင်း သူတို့ဆောင်ရွက်ပါလိမ့်မည်ဟု ခံယူပွေ့ပိုက်လိုက်ခြင်းပါ။

ထပ်ခါတလဲလဲ အသစ်တဖန် ပြည်လည်တည်ဆောက်ခြင်းပါ။

သင်ရော... ချစ်ရတဲ့သူ / သင့်ဘဝထဲကလူတွေနဲ့ စိတ်ချမှုကိုပြန်တည်ဆောက်ဖို့ လိုအပ်နေပါသလား။

Relationship Consultant တစ်ယောက်အနေနဲ့ ကူညီပေးနိုင်တဲ့နည်းလမ်း ၂ မျိုးရှိပါတယ်။

  • ကျွန်မနဲ့ တစ်ဦးချင်းသီးသန့် Zoom မှတဆင့် ဆွေးနွေးနိုင်ပါတယ်။ ရေရှည်ခရီးအတွက် အတူတူတိုင်ပင်အဖြေရှာချင်ရင်လည်း consultation package တွေရှိပါတယ်။ Facebook chatbox မှာ ပွင့်ပွင့်လင်းလင်း မေးမြန်းနိုင်ပါတယ်။
  • ဖြေရှင်းနည်းလမ်းကို ကိုယ်တိုင်လေ့လာသင်ယူချင်တယ်ဆိုရင် Designing Your Relationships (DYR) သင်တန်းကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

သင်တန်းတက်သည်ဖြစ်စေ၊ တိုင်ပင်ဆွေးနွေးသည်ဖြစ်စေ ရရှိမယ့်အကျိုးကျေးဇူးတွေက -

  • မိမိကိုယ်မိမိစိတ်ချယုံကြည်မှု
  • မိမိမဟုတ်တဲ့ အခြားလူအပေါ် စိတ်ချထားတတ်မှု
  • ချစ်ရသူတို့ရဲ့အနားမှာ လွတ်လွတ်လပ်လပ်နေထိုင်နိုင်မှု
  • ဟန်ဆောင်မှုမပါ၊ သိသိသာသာကောင်းမွန်လာတဲ့ ပေါင်းသင်းဆက်ဆံရေး
  • စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် ဘဝနေထိုင်နည်းအသစ်တို့ ဖြစ်ပါတယ်။

Thida Aung

Aug 3, 2022 (Thursday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူတွေကိုမျှဝေပေးပါ။ 🌸🥰
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form