Transformation vs. Fixing and Changing

Aug 2, 2022
Transformation

ဖြစ်ပျက်မှုတွေစုံလင်လှတဲ့လောကကြီးမှာ ပုံစံခွက်နဲ့ပြုပြင်ပြောင်းလဲပြီး မနေထိုင်ပါနဲ့။

အသွင်သဏ္ဍာန် (ဖြစ်တည်မှု) ပြောင်းလဲပြီးနေထိုင်ပါ။

လောကမှာဘယ်အရာမှမျှော်လင့်သလို အမြဲတမ်းမဖြစ်သလို အပြောင်းအလဲတွေအပေါ်လိုက်ပြီး မိမိရဲ့မျှော်လင့်ချက်တွေလည်းပြောင်းလဲတတ်ပါတယ်။ မိမိကိုယ်မိမိ ဒါပါလို့ တသမတ်တည်းသတ်မှတ်ပြီး (ပုံစံခွက်နဲ့) နေထိုင်ခြင်းက မျှော်လင့်ထားသလိုမဖြစ်လာရင်၊ အဆင်မပြေခဲ့ရင် "ငါတစ်ခုခုမှားနေပြီ" ဆိုပြီး ပြုပြင်၊ ပြောင်းလဲယူလိုက်ခြင်း (fixing and changing) သည် အပြစ်သဘောပါတာကြောင့် ပိုကောင်းမွန်တဲ့အနေအထားဆီရောက်သွားစေသည့်တိုင်အောင် စိတ်ရဲ့လွတ်လပ်မှုနဲ့စိတ်ချမ်းသာတဲ့ဘဝကိုရရှိဖို့ ခက်ခဲပါတယ်။

Transformation အသွင်သဏ္ဍာန်ပြောင်းလဲနေထိုင်ခြင်းဆိုသည်မှာ -

Being (မိမိ၏ဖြစ်တည်မှု) နှင့်နေထိုင်ခြင်းကို ဆိုလိုပါတယ်။

  • မိမိထံရောက်ရှိလာတဲ့ပြဿနာအားလုံးကို ဂိမ်းတစ်ခုလိုသဘောထားကာ လိုက်လျောညီထွေစွာဖြေရှင်းနေထိုင်ခြင်း၊
  • ပေါ်လာတဲ့ပြဿနာအပေါ် ဖြစ်နိုင်ခြေရှိတာတွေနဲ့ဖန်တီးနေထိုင်သွားခြင်းပါ။
  • ဟန်ချက်ညီစွာနေထိုင်ခြင်းလည်းဖြစ်ပါတယ်။

ဘဝကိုဟန်ချက်ညီစွာနေထိုင်ခြင်းက စိတ်၏ချမ်းမြေ့မှုကိုရရှိစေပါတယ်။ အပြုသဘောဆောင်တာကြောင့် လွတ်လပ်မှုခံစားချက်တွေနဲ့အတူ မိမိလိုချင်တဲ့ဘဝကိုဖန်တီးနေထိုင်လာပါလိမ့်မယ်။

Thida Aung

Aug 2, 2022 (Tuesday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူတွေကိုမျှဝေပေးပါ။ 🌸

Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form