ဖြစ်တည်မှု (Being) ကို နှလုံးသွင်းခြင်း

Oct 2, 2022
Transformation

သင့်မှာဘာနဲ့ပတ်သက်ပြီးကြောက်စိတ်တွေရှိနေတယ်လို့ သတိထားမိလဲ။

ကျွန်မမှာ ငွေကြေးနဲ့ပတ်သက်ပြီးကြောက်စိတ်ရှိတယ်။ Scarcity ဆိုတဲ့ နည်းပါးရှားပါးတဲ့စိတ် - ကိုယ့်မှာရှိတာကုန်သွားမှာ၊ ပြန်ရအောင်မလုပ်နိုင်မှာကိုကြောက်နေတာမျိုး ကျွန်မမှာရှိတယ်။

ပိုက်ဆံနဲ့ပတ်သက်တဲ့ကြောက်စိတ်ရှိတာကို ငယ်ငယ်ကတည်းက သတိထားမိတယ်။ ပိုက်ဆံများများရှာနိုင်တဲ့အခါ ဒီစိုးရိမ်စိတ်ပျောက်သွားမှာပါဆိုပြီးထင်ထားပေမယ့် တကယ်တမ်းကျတော့ သူက ပိုက်ဆံရှိတာများခြင်းနည်းခြင်းနဲ့မဆိုင်ဘူး။ ရှားပါးစိတ်ရှိတဲ့သူက ချမ်းသာနေသည့်တိုင်အောင် စိတ်ပင်ပန်းနေရတယ်၊ စိုးရိမ်နေရတယ်။ အဆိုးဆုံးက ပေါများကြွယ်ဝခြင်းတွေက သူ့ဆီမလာတော့ဘူး။

TDA ရဲ့သင်တန်းတိုင်းမှာ ထည့်သင်နေကျခေါင်းစဉ်တစ်ခုက "ဖြစ်တည်မှု (Being) ကို နှလုံးသွင်းခြင်း" ပါ။ ကိုယ်လိုချင်တဲ့ Being ကို အရင်ဖန်တီးပြီး အဲ့ Being ဆီတူရှုတဲ့ Action တွေလိုက်လုပ်ခြင်းဖြင့် လိုချင်တဲ့ရလဒ် Result ရပါတယ်။ Scarcity စိတ်များတဲ့ကျွန်မ... သင်တန်းတွေရဲ့ Being topic ရောက်တိုင်း သင်တန်းသားတွေနဲ့အတူတူ Being Abundance (ပေါများကြွယ်ဝခြင်း) ကို create လိုက်လုပ်ကြည့်ပါတယ်။ ဘယ်လောက်ပဲလေ့ကျင့်လေ့ကျင့်... "ပေါများကြွယ်ဝခြင်းဖြစ်တည်မှု" ကို ဘယ်လိုမှဖန်တီးလို့မရဘူးဖြစ်နေပြီး ရခဲ့ရင်လည်း ခဏပဲခံတယ်။ ရှားပါးမှာကြောက်တဲ့စိတ်က ရှိမြဲရှိဆဲပဲ။

တစ်ရက်ကျတော့... ငွေကြေးနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ်ဘယ်လိုစကားတွေပြောနေသလဲ၊ ဘယ်လို inner voice, already always listening တွေရှိနေသလဲဆိုတာကို အကုန်ချရေးကြည့်လိုက်တယ်။ ထွက်လာတဲ့စကားတွေက... "ငါ့အတွက် ခက်ခဲတယ်" "ငါ့မှာမရှိဘူး" "ငါမလုပ်တတ်ဘူး" "ငါ့အတွက်မဖြစ်နေဘူး" စတဲ့ အပျက်သဘောဆောင်တာတွေချည်းပဲ။ အဲ့မှာဘာသွားတွေ့လဲဆိုတော့ ကျွန်မမှာ Millionaire Mindset - သန်းကြွယ်သူဌေးတွေရဲ့ခံယူချက်မျိုး မရှိနေဘူးဆိုတာကိုသွားတွေ့တယ်။

တစ်ခါတုန်းက မီလျံနာတစ်ယောက်ကပြောဖူးတယ်။ ချမ်းသာကြွယ်ဝမှုနဲ့ပတ်သက်လာရင် သူ့ကိုယုံကြည်မှုရှိစေတာက သူရှာထားတဲ့ငွေကြေးတွေမဟုတ်ဘူးတဲ့။ ဒီငွေကြေးတွေကိုရှာနိုင်တဲ့ သူ့အရည်အချင်း၊ အစွမ်းအစ... တစ်နည်းအားဖြင့် သူ့ရဲ့ Being ပေါ့။ သူဆင်းရဲသွားသည့်တိုင်အောင် သူ့ကိုယ်သူမီလျံနာလို့ပဲခံယူတယ်။ အချိန်တန်ရင် ပြန်ချမ်းသာလာမှာပဲတဲ့။ (လက်တွေ့လုပ်ဆောင်ချက် Action မရှိဘဲ "ငါဟဲ့... သန်းကြွယ်သူဌေးဖြစ်ရမယ်" လို့ ထိုင်ဖန်တီးနေရုံနဲ့ ချမ်းသာလာမယ်လို့ပြောတာမဟုတ်ဘူးနော်။ Being ကွာသွားတဲ့အတွက် action တွေလည်းကွာသွားတယ်ဆိုတာကိုပြောချင်တာ။)

ကျွန်မမှာတော့ ပေါများကြွယ်ဝအောင်ဆိုပြီး being abundance ကိုဖန်တီးလိုက်ရတာ... တကယ်တမ်းကျတော့ being scarcity (ရှားပါးခြင်း) က စိတ်ထဲမှာနေရာအပြည့်ယူထားတယ်ဆိုတာကို ပထမဆုံးခံစားမိလိုက်တယ်။ အဲ့တော့မှ Being တွေ create လုပ်ပြီးတဲ့အခါ ဘယ်နေရာမှာထားရမလဲဆိုတာကိုလည်း နားလည်လိုက်တယ်။

Being creation comes from within: once you feel it inside of you, it becomes a part of you.

ဖန်တီးလိုက်တဲ့ Being က ကိုယ့်ကိုတကယ် inspire ဖြစ်စေရင် အပြင်ကနေအုပ်ထားတာမျိုးမဟုတ်ဘဲ အတွင်းထဲကနေထွက်လာတာ (စိတ်ထဲမှာ၊ ကိုယ်ထဲမှာထည့်ထားတာ)... ယမုံသော်ဆိုတာ ပေါများကြွယ်ဝတဲ့ဖြစ်တည်မှုဆိုတာမျိုး။ လူနဲ့ဖြစ်တည်မှုက တစ်သားတည်းဖြစ်နေတာလို့ သဘောပေါက်လိုက်တယ်။ အဲ့နောက်ပိုင်း being abundance ကို သီးသန့်ထပ်ခါထပ်ခါဖန်တီးစရာမလိုတော့ဘဲ ပေါများကြွယ်ဝခြင်းက ကိုယ့်အပိုင်၊ ကိုယ်နဲ့အမြဲရှိနေတယ်လို့ ခံစားလာရတယ်။

အခုဆိုရင် ငွေကြေးနဲ့ပတ်သက်ပြီး ကြောင့်ကြစိတ်တွေနည်းလာတယ်။ လုပ်စရာရှိတာကို အာရုံစိုက်လာနိုင်တယ်။ အလုပ်လည်းပိုတွင်လာတယ်။ စိတ်ထဲမှာစိုးရိမ်စိတ်နည်းလာတော့ ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတာတွေကို အာရုံပိုစိုက်လာနိုင်တယ်... ပိုပြီးလည်းတန်ဖိုးထားတတ်လာတယ်။

မှတ်ချက်။

Creating the possibility of being ဆိုတာကလေ... တစ်ခါသင်ဖူး၊ နားထောင်ဖူးတာနဲ့ အပြီးတတ်သွားတာမျိုးမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ်မေးခွန်းပြန်ထုတ်၊ လေ့ကျင့်ကြည့်တော့မှ ပိုသဘောပေါက်လာတာမျိုးပါ။ ဒါကြောင့် သင်ထားတဲ့ distinction တွေကို ဗဟုသုတအနေနဲ့မထားဘဲ ကိုယ့်ဘဝအတွက် လက်တွေ့အကျိုးရှိအောင်အသုံးချကြပါ။ (ဒါက TDA ရဲ့သင်တန်းသားတွေအတွက် စကားချပ်)

ပေါင်းသင်းဆက်နွှယ်ဆက်ဆံရေးအကြောင်း သင်ချင်ရင် Designing Your Relationships (DYR) ကို တက်လို့ရပါတယ်။

မိမိရဲ့စိတ်အကြောင်းကိုသေချာနားလည်ပြီး ကောင်းကောင်းထိန်းကျောင်းကိုင်တွယ်တတ်ချင်ရင် Living Being Mindful (LBM) အတန်းကိုတက်ဖို့ strongly recommend လုပ်ပါတယ်။

Yamong Thaw

Oct 2, 2022 (Sunday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ဂရုစိုက်တဲ့သူတစ်ယောက်ကိုမျှဝေလိုက်နော်။ ❄️
Yamong Thaw

Co-Founder & Lead Educator of TDA Life Education. She loves to create playgrounds for people to find their greatness while writing, baking, and exchanging languages are her hobbies.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form