Being of A Professional Coach

Jun 5, 2022
Transformation

Coach ဆိုတာ Teacher မဟုတ်ပါ။ သူတို့အပေါ် ဆရာသမားလိုလေးစားကြည်ညိုနေဖို့လည်း သူတို့မမျှော်လင့်ပါ။

Coach ဆိုတာ အမှန်ကိုအမှန်အတိုင်း တွေ့တာမြင်တာကိုပြောတတ်ပါတယ်။ နားထောင်အားကောင်းသူတွေ ဖြစ်ပါတယ်။

  • တစ်ဦးတစ်ယောက်ရဲ့ဘဝအတွက် အလုပ်ဖြစ်စေမယ့်လမ်းကြောင်းတွေကိုဆွဲထုတ်ပြီး လမ်းပြပေးတတ်ပါတယ်။
  • သင်ရိုးညွှန်းတမ်းကြီးတစ်ခုအတည်တကျထားပြီး ဒါလုပ်ရမယ်လို့မညွှန်ကြားပါဘူး။
  • တစ်ဦးချင်းစီရဲ့လိုအပ်ချက်တွေကို မြင်အောင်ပြလေ့ရှိပါတယ်။
  • သူတို့ရဲ့ဘဝအတွက် အလုပ်ဖြစ်စေမယ့်အရာတွေအပေါ်ပဲ တိုက်တွန်းအကြံဉာဏ်ပေးလေ့ရှိပါတယ်။
  • ဆွေးနွေးတိုင်ပင်မှုကိုတောင်းခံတဲ့သူဘက်ကလည်း ပြန်လည်ဆွေးနွေးခွင့်ရှိသလို မေးခွန်းတွေနဲ့အဓိကအလုပ်လုပ်လေ့ရှိပါတယ်။

တစ်ဦးတစ်ယောက်ရဲ့ သူတို့လိုချင်တဲ့ရလဒ်၊ နေရာကိုရောက်ဖို့အတွက် အဘက်ဘက်ကနေ မရောက်ရောက်အောင် မြှင့်တင်ပို့ဆောင်ပေးလေ့ရှိတာက Coach တစ်ယောက်ရဲ့ဝတ္တရားပါ။

Thida Aung

Jun 5, 2022 (Sunday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ဂရုစိုက်တဲ့သူတစ်ယောက်ကို မျှဝေပေးပါ။ 🌸
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form