ကလေးဘဝတုန်းကခံစားချက်

Jan 11, 2020
Inner Well-Being

Inner voice က စိတ်ကိုအပြောင်းအလဲဖြစ်စေသလို အပြုအမူကိုပြောင်းလဲစေတဲ့တုံ့ပြန်မှုတွေလည်းဖြစ်စေပါတယ်။ တကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်အပေါ်မှာလည်း လိုသလို story လုပ်တတ်ပါတယ်။

ကျွန်မအသက် ၅ နှစ်မှာ မေမေကညီမလေးကိုမွေးခဲ့ပါတယ်။ တစ်ရက် ညီမလေးကိုနို့တိုက်နေတဲ့အချိန် ကျွန်မကမေမေ့ကိုပြေးဖက်လိုက်တဲ့အခါမှာ မေမေက ကျွန်မကိုသူ့လက်နဲ့တွန်းထုတ်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်မရဲ့အတွင်းသံလေးက“အမေက ငါ့ကိုမချစ်တော့ဘူး” လို့ ပြောလိုက်ပါတယ်။ ဝမ်းနည်းစိတ်နဲ့အတူ ဒေါသစိတ်ပါဖြစ်ခဲ့ပါတယ်။ အဲ့ဒီနေ့ကစပြီး ကျွန်မရဲ့အပြုအမူတွေက မေမေ့အပေါ်ဟန်ဆောင်ဆက်ဆံခဲ့တယ်။ လိမ်လည်ခဲ့တယ်။ တုံ့ပြန်မှုကတော့ မေမေနဲ့ဝေးဝေးနေခြင်းပါပဲ။

တကယ့်အဖြစ်အပျက်က ကလေးကိုထိခိုက်မိမှာစိုးလို့ မေမေကသူ့လက်နဲ့ကာလိုက်တာကို ကျွန်မက မေမေငါ့ကိုမချစ်ဘူး။ ညီမလေးကိုပဲပိုချစ်တယ်… စသဖြင့် story ခင်းခဲ့တာပါ။

ကလေးသဘာဝ လိုချင်တာပဲသိခဲ့တယ်။ လိုတာမရလို့စိတ်ဆိုးမယ်ဆိုတာလည်း ပါတာပေါ့နော်။ နှစ်ပေါင်းများစွာ မသိစိတ်နဲ့ မေမေ့အပေါ်မှာဆက်ဆံမိခဲ့တယ်။ ကျွန်မလည်း အပြစ်ရှိတယ်လို့ခံစားခဲ့ရပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း မေးခွန်းပြန်မေးခဲ့တယ်။ “ငါဘာဖြစ်လို့ မေမေ့အပေါ်မှာ နွေးနွေးထွေးထွေးမဆက်ဆံနိုင်ခဲ့တာလဲ။” မေမေနဲ့တင်မက မိသားစုတစ်ဦးချင်းစီအပေါ်မှာလည်း story တွေခင်းပြီးဆက်ဆံခဲ့ပါတယ်။ ရင်ထဲမှာတစ်ခုခုလိုနေသလို ဆက်ဆံရေးမှာ ပြည့်ဝမှုမရှိသလိုလည်းခံစားရပါတယ်။

အခုတော့ လူတွေနဲ့ဆက်ဆံတဲ့အခါ ကိုယ့်ရဲ့ inner voice နဲ့ story ကို သတိထားဖယ်ရှားပြီးမှ ဆက်ဆံတတ်လာတဲ့အတွက် အဆင်ပြေပြီးစိတ်ပျော်ရွှင်မှုတွေရခဲ့ပါတယ်။ စိတ်ပျော်ရွှင်မှုရခဲ့တဲ့အတွက်လည်း နေ့စဉ်အလုပ်လုပ်ရတာအဆင်ပြေလာခဲ့ပါတယ်။

အကျဉ်းချုပ်

လူရဲ့သဘာဝက အဖြစ်အပျက်တစ်ခုခုကြုံတိုင်း inner voice က story ခင်းတတ်ပါတယ်။ အဲ့ဒီ story ပေါ်မှာလိုက်ပြီး feeling နဲ့ emotion တွေ ဖြစ်ပေါ်လာတယ်။ အဲ့ဒီ feeling နဲ့ emotion ပေါ်မှာအခြေခံပြီး ဆုံးဖြတ်ချက်တွေချတတ်ကြတယ်။ ဆုံးဖြတ်ချက်အလိုက် လုပ်ဆောင်ချက်တွေကွဲလာပြီး ရလဒ်ဆိုတာဖြစ်လာပါတယ်။

Thida Aung

Jan 11, 2020 (Sat)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ဂရုစိုက်တဲ့သူတစ်ယောက်ကို မျှဝေလိုက်ပါ။ 🌸
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form