Q&A for Relationships

Oct 25, 2022
Relationship

တကယ်လို့ သင့် Relationship နဲ့ပတ်သက်ပြီး မေးခွန်းတစ်ခုပဲမေးခွင့်ရမယ်ဆိုရင် ဘာမေးချင်သလဲ။

ဒီအကြောင်းအရာအတွက်မေးလာတဲ့မေးခွန်းတွေကို တစ်ခုချင်းစီဖြေထားပေးပါတယ်။ ဖန်းတီးရမယ့် Being (ဖြစ်တည်မှု) နဲ့ အကျိုးရှိမယ့်သင်တန်းတွေကိုလည်း လမ်းညွှန်ပေးထားပါတယ်။

Q: လက်ရှိ သူကကိုယ့်အပေါ် ဘယ်လိုစိတ်ထားရှိသလဲ။

A: မိမိကရော သူ့အပေါ်ဘယ်လိုစိတ်ထားရှိသလဲဆိုတာ ပြန်မေးပါ။ သူထားရှိတဲ့စိတ်အခြေအနေအပေါ်ကြည့်ပြီး မိမိကစိတ်လိုက်ထားဖို့ ကြိုးစားနေမိသလား။ သူ့စိတ်ထားကိုသိဖို့နဲ့ မိမိစိတ်ထားကိုဖော်ပြဖို့အတွက် communicate လုပ်ဖို့ အကြံပေးချင်ပါတယ်။

မိမိရဲ့ Being ကို Communication (ပြောဆိုဆက်ဆံခြင်း)၊ Explore (စူးစမ်းရှာဖွေခြင်း) ကိုဖန်တီးပေးပါ ညီမလေး။

Designing Your Relationships (DYR) ကိုတက်ရောက်ဖို့ဖိတ်ခေါ်ပါတယ်။

Q: အဒေါ်နဲ့ပတ်သက်ပြီး မေးချင်ပါတယ်။ အားကိုးစရာမရှိတဲ့အဒေါ်တစ်ယောက်က သူစိတ်ညစ်စရာရှိရင်၊ အဆင်မပြေရင် ပြဿနာတွေလာပြောလေ့ရှိပါတယ်။ ကိုယ်ကအကြံပေးတော့လည်း လုပ်ချင်တာလုပ်တယ်။ ကိုယ်ကအရူးဖြစ်ရော... အသုံးချနေတယ်လို့ခံစားလာရတယ်။ ကိုယ့်ရဲ့ will-power ကျတယ်လို့ခံစားရတယ်။ ဘယ်လိုလုပ်ရမလဲ မမရေ... ဖြေပေးပါနော်။

A: သူ့ဘဝမှာ ငယ်စဉ်ကတည်းက နားထောင်ပေးမယ့်သူမရှိဘူးလို့ ယူဆလို့ရပါတယ်။ မိသားစုထဲကမှ မိမိကိုရွေးချယ်ပြီး အားကိုးတကြီး စိတ်ချယုံကြည်နေတာဖြစ်နိုင်ပါတယ်။ ဘာမှပြန်မပြောဘဲနဲ့ နားထောင်ရုံသက်သက် နားထောင်ပေးပါ။ အကြံဉာဏ်လိုချင်လား မေးပါ။ အကြံတောင်းမှ ပေးပါ။ နားထောင်ပေးရုံသက်သက်ကလည်း အဒေါ်ရဲ့တင်းကြပ်နေတဲ့ခံစားချက်ကို ပြေပျောက်စေပါတယ်။

မိမိရဲ့ Being ကို Patience (စိတ်ရှည်ခြင်း) နဲ့ Listening (နားထောင်ခြင်း) ဖန်တီးပေးပါ ညီမလေး။

Designing Your Relationships (DYR) တက်ဖို့ဖိတ်ခေါ်ပါတယ်။

Q: ကိုယ်နဲ့ရေရှည်သွားလို့မရတဲ့သူတွေနဲ့ပဲ ဘာလို့တွေ့ဆုံနေရတာလဲရှင်။

A: ဘဝမှာ မိမိလိုချင်တဲ့ပုံစံ၊ မိမိလိုလူမျိုး ဘယ်တော့မှဆုံရမှာမဟုတ်ဘူးနော်။ တစ်ဖက်လူကလည်း မိမိနဲ့ဆုံရင် ဒီလိုပဲပြောဆိုသွားကြမှာပါပဲ။ ဘဝမှာ လူတွေနဲ့ရေရှည်သွားချင်ရင် Individual Uniqueness (လူတစ်ဦးချင်းစီရဲ့အတုမရှိတဲ့ဟန်ပန်အမူအရာ) လေးတွေကို လက်ခံသဘောပေါက်ရင် အဆင်ပြေသွားမှာပါ။

You are very unique in your own way, as well as the others are.

Designing Your Relationships (DYR) သို့မဟုတ် Living Being Mindful (LBM) တက်ဖို့ဖိတ်ခေါ်ပါတယ်။

Q: လမ်းဆုံးမှာ ရောက်နေပါတယ်။

A: တစ်ခုခုကိုဆုံးဖြတ်ချက်ချဖို့ လိုအပ်ပြီပေါ့။ ရွေးချယ်ဆုံးဖြတ်ချက်ချမြန်ဖို့ အရေးကြီးပါတယ်။ ခြေချော်လက်ချော်ရှိခဲ့ရင်တောင် ပြန်မတ်ဖို့လမ်းကို အမြန်ဆုံးတွေ့ရှိပါလိမ့်မယ်။ တွေဝေခြင်းက အချိန်ဖြုန်းခြင်းပါပဲ။

Be Courageous, Be Creative.

Designing Your Relationships (DYR) သို့မဟုတ် Living Being Mindful (LBM) တက်ဖို့ဖိတ်ခေါ်ပါတယ်။

Q: သားသမီးတွေအပေါ် အကောင်းဆုံးလုပ်ပေးပါလျက်နဲ့ သူတို့တွေကအဆိုးမြင်နေတာခံစားရတဲ့အချိန်မှာ စိတ်ကိုဘယ်လိုပြင်ဆင်ထားသင့်ပါလဲရှင်။

A: ခွဲခြမ်းစိတ်ဖြာပါ။ မိမိအကောင်းဆုံးလုပ်ပေးတာကို ဂုဏ်ယူအသိအမှတ်ပြု၊ မိမိကိုယ်မိမိကျေးဇူးတင်ပါ။

သားသမီးဆိုတာလည်း လူသားမို့ သူတို့လုပ်ချင်တာတွေလုပ်ပြီး ပြုမူနေကြတာပါပဲ။ မိဘအပေါ်နွဲ့ဆိုးဆိုးချင်တာတွေလည်းရှိတတ်ပါတယ်။ မိမိအပေါ် "အဆိုးမြင်နေတယ်" လို့ခံစားရတာက attention လိုချင်တဲ့အခါမျိုး၊ ခန္ဓာကိုယ်ပင်ပန်းတဲ့အခါမျိုး၊ မိမိကိုယ်မိမိအသုံးမကျဘူးလို့တွေးတဲ့အခါမှာ ခံစားတတ်ကြပါတယ်။ Vulnerable ဖြစ်ဖို့လိုပါတယ်။ ပွင့်လင်းစွာ ဖွင့်ပြောပါ။

ပြင်ဆင်ရမှာကတော့ ဒီမိသားစုလေးမှာ မိမိကဘယ်လောက်အရေးပါနေသလဲဆိုတာလေးနဲ့ မိမိရဲ့လုပ်ဆောင်နေရတဲ့အလုပ်က ဘဝမှာအမွန်မြတ်ဆုံးဆိုတာကို အမြဲခံယူထားခြင်းပါပဲ။

Being loving mom, being loving wife, being worthy ဆိုတာကို အမြဲစိတ်နှလုံးသွင်းပါ။

Living Being Mindful (LBM) တက်ဖို့ဖိတ်ခေါ်ပါတယ်။

Q: ကိုယ့်ရဲ့ self-relationship ကောင်းမွန်အောင် ဘယ်လိုလုပ်သင့်သလဲရှင့်။

A: မိမိကိုယ်မိမိခွင့်လွှတ်တတ်ဖို့၊ မိမိကိုယ်မိမိနားလည်ဖို့ (စိတ်အတွေး၊ ခန္ဓာ၊ စိတ်လှုပ်ရှားခံစားမှု၊ စွမ်းအင်တွေ အတူတူအလုပ်လုပ်ခြင်း)၊ မိမိရဲ့ Being ဖန်တီးခြင်းတွေကိုပြုလုပ်နိုင်ရင် self-relationship ကောင်းမွန်လာပါလိမ့်မယ်။

Designing Your Relationships (DYR) ကိုတက်ရောက်ဖို့ဖိတ်ခေါ်ပါတယ်။

Q: မိသားစုအချင်းချင်း relationship က လုံးဝပြတ်တောက်တတ်ပါသလား။

A: မိသားစုအချင်းချင်းကြား မခေါ်မပြောဘဲနေထိုင်ခြင်းအပြုအမူတွေကြောင့် အဆက်အသွယ်ပြတ်တောက်ခြင်းတွေရှိတတ်ပါတယ်။ မိသားစုမှာ စိတ်ပြတ်တောက်တယ်ဆိုတာ မရှိပါဘူး။ မိမိသတိတရရှိနေရင်တော့ မိမိကစတင်ပြီး ဆက်သွယ်တာမျိုးလေးလုပ်ပေးပါ။ မိမိအတွက် နောင်တဆိုတာမဖြစ်တော့ဘဲ မိသားစုအားလုံးကို ပြန်လည်ဆက်သွယ်ပေးသူဖြစ်ရုံသာမက မိသားစုကြားမှာ နောင်တကင်းပြီး ဝမ်းမြောက်ခြင်းပီတိခံစား၊ စံစားသူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ မိမိကိုယ်တိုင်လည်း အလုပ်များခြင်း၊ အဝေးမှာရောက်နေလို့ relationship ပြတ်တောက်နေတယ်ဆိုရင်လည်း အပြစ်သဘောမထားဘဲ relationship ကို မိမိဆန္ဒရှိခဲ့မယ်ဆိုရင် ပြန်တည်ဆောက်လို့ရပါတယ်။

Designing Your Relationships (DYR) တက်ရောက်ဖို့ဖိတ်ခေါ်ပါတယ်။

Q: ကိုယ့်စိတ်ရဲ့လိုအပ်ချက်

A: မိမိရဲ့စိတ်က တစ်ခုခုလိုအပ်နေတယ်ထင်ရင် စိတ်ကိုစောင့်ကြည့်ပါ။

Living Being Mindful (LBM) တက်ရောက်ဖို့ဖိတ်ခေါ်ချင်ပါတယ်။

Q: အမျိုးသားနဲ့ relationship က အဆင်ပြေချင်ပေမယ့် ဘယ်လိုဆက်လုပ်ရမလဲမသိလို့ပါ။

A: အဆင်မပြေရတဲ့အကြောင်းလေးတွေက ဘာလဲ။ တနေကုန်လုံး မိမိနဲ့အမျိုးသားအကြောင်းစဉ်းစားမိရင် Impact (ရင်တွင်းခံစားချက်အကျိုးသက်ရောက်မှု၊ ဆက်ဆံရေး၊ အခြေအနေ၊ ဖြစ်ပွားမှု) တွေ ဘယ်လိုရှိနေလဲ။ စာချရေးပါ။

တစ်ဘဝလုံးအတွက် ဘာဆက်လုပ်နိုင်မလဲသိချင်တယ်၊ မိမိဖြစ်စေချင်တဲ့ relationship မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင် Designing Your Relationships (DYR) တက်ရောက်ဖို့ဖိတ်ခေါ်ပါတယ်။

Q: အရာရာတိုင်းနဲ့ရန်ဖြစ်နေတယ်လို့ ခံစားရတယ်။ သည်းခံတတ်တဲ့စိတ်မရှိတာရယ်၊ ကိုယ်နဲ့အကြိုက်မတူဘူးဆိုတာနဲ့ လူတွေနဲ့လည်းအဆက်အသွယ်ဖြတ်ပစ်တာပဲ။ လူရှောင် တစ်ယောက်တည်းပဲနေပြီး အလုပ်ကိုပဲအာရုံစိုက်တော့ ကိုယ့်လိုတိတိကျကျအလုပ်မလုပ်တဲ့သူတွေနဲ့ပတ်ရန်ဖြစ်။ ကြာတော့ ကိုယ့်ကိုယ်ကိုယ်ပါစိတ်ပျက်မိလာ။ စိတ်ကလေးထားတတ်ချင်ပါတယ်ရှင့်။

A: မိမိစိတ်ကိုသိရင် မိမိနဲ့မိမိတည့်လာသလို မိမိဘယ်သူလဲ သိလာပါလိမ့်မယ်။ လူတွေအားလုံးမှာရှိတဲ့စိတ်တွေနဲ့ ပေါင်းသင်းလို့ရလာပါလိမ့်မယ်။

Designing Your Relationships (DYR) သို့မဟုတ် Living Being Mindful (LBM) တက်ဖို့ဖိတ်ခေါ်ပါတယ်။

Q: မိဘနဲ့ RS ရော၊ မောင်နှမ RS ရော၊ အိမ်ထောင်ဘက်နဲ့ RS ပါ။ အဓိကက နားလည်မှုမရှိကြ၊ မျှမတွေးတတ်ကြတာ၊ နွေးထွေးမှုမရှိ၊ ညှိနှိုင်းမရ။ ကိုယ်ကကြားခံ အဆင်ပြေစေချင်သူပါ။ ဒီလို RS တွေ ကိုယ့်လက်ထက်မှာပဲရပ်တန့်ပစ်ပြီး သားသမီးတွေထိ မပါစေချင်တော့ဘူး။ ကိုယ်တစ်ယောက်တည်းပြေလည်ဖို့ကြိုးစားရတာကြာတော့ လက်လွှတ်ချင်ပြီ။ ကိုယ်ကပဲ နည်းလမ်းကုန်၊ အားကုန်ထုတ်သုံးဖို့ လိုနေသေးတာလား မသိတော့ဘူး ဆရာမရယ်။

A: မိသားစုကြားထဲမှာ ပြေလည်မှုတွေနဲ့စိတ်ချမ်းသာမှုတွေကို ဖန်တီးပေးချင်တဲ့သူတစ်ဦးဖြစ်ချင်သူက ပြဿနာထဲမှာနေလို့မရပါဘူး။ ပြဿနာရဲ့အပြင်ဖက်ကိုထွက်ရမယ်။ မိသားစုတိုင်းမှာ အနည်းနဲ့အများကြုံတွေ့နေရတာမို့ ဒါကိုပြဿနာကြီးတစ်ခုအနေနဲ့အာရုံစူးစိုက်ရင် ပြဿနာကပိုပြီးကြီးလာတတ်ပါတယ်။ မိမိကအပေါ်ကနေမိုးကြည့်ပြီး ဖြေရှင်းပေးချင်တယ်ဆိုရင်တော့ နည်းလမ်းအသစ်ဖန်တီးပြီး ဖြေရှင်းပေးသူတစ်ယောက်ဖြစ်ဖို့လိုပါတယ်။

မိသားစုမှာခေါင်းဆောင်နေရာယူပြီး ပြဿနာတွေကိုကိုင်တွယ်ဖြေရှင်းသူဖြစ်ဖို့ ဆန္ဒရှိတယ်ဆိုရင် Designing Your Relationships (DYR) သို့မဟုတ် Living Being Mindful (LBM) တက်ရောက်ဖို့ဖိတ်ခေါ်ပါတယ်။

Q: သူ့ကိုအချိန်မပေးနိုင်တာပါ။ သူ့ကိုတကယ်လည်းအများကြီးမြတ်နိုးတယ်။ သူကလည်း ထပ်တူပါပဲ။ တစ်ခါတလေ သူတစ်ယောက်တည်းဆို overthinking အရမ်းဖြစ်တတ်တယ်။ သူစိတ်ကုန်သွားမှာလည်း ကြောက်နေရ။

A: သူ့ရဲ့ overthinking အတွက်စိုးရိမ်ခြင်းနဲ့ သူစိတ်ကုန်သွားမှာကြောက်တယ်ဆိုတဲ့ မိမိရဲ့အတွေးလွန်ကဲမှုတွေကလည်း မိမိအတွက်သံသယဖြစ်စေပါလိမ့်မယ်။ မိမိစိတ်ကို စောင့်ကြည့်ပါ။ တွေးနေတာတွေအားလုံးအပေါ် အသိအမှတ်ပြုပါ။ မဝေဖန်ပါနဲ့။ လက်ခံပါ။

Q: မှန်တိုင်းပြောလို့မရဘူးတဲ့... ဘုရားဟောထားတာကြားဖူးတယ်။ Human relationship & society relationship. How can I do and how can I do that case?

A: အမှန်အတိုင်းပြောရင် လူ့သဘာဝမကြိုက်ကြတာများတာမို့... မှန်တိုင်းပြောလို့မရဘူးလို့ ဘုရားကဟောထားတာပါ။ တကယ်တော့ အမှန်အတိုင်းပြောလို့ရပါတယ်။ ဘယ်လိုပြောရမလဲသိဖို့ လိုပါတယ်။ အများကိုအမှန်အတိုင်းမြင်စေချင်ရင် မြင်အောင်ပြတတ်ဖို့လိုပါတယ်။ အရင်ဆုံး မိမိကိုယ်မိမိ အမှန်အတိုင်း မြင်တတ်၊ ကြားတတ်ရင် တစ်လောကလုံးနဲ့အဆင်ပြေသွားပါလိမ့်မယ်။

Designing Your Relationships (DYR) သို့မဟုတ် Living Being Mindful (LBM) တက်ဖို့ဖိတ်ခေါ်ပါတယ်။

Q: နာကျင်နေမှန်းသိပါလျက်နဲ့ ဘာကြောင့်လက်မလွှတ်နိုင်သေးတာလဲ။

A: ခွဲခြမ်းစိတ်ဖြာလိုက်ပါ။

  • နာကျင်နေရခြင်းက ဘာကြောင့်လဲ။ ဘယ်ကလာတာလဲ။
  • နာကျင်ခြင်းကို အဆုံးထိခံစားပါ။
  • လက်မလွှတ်နိုင်တာက ဘာကြောင့်လဲ။
  • လက်မလွှတ်နိုင်တာကိုလည်း အသိအမှတ်ပြုပါ။

Designing Your Relationships (DYR) သို့မဟုတ် Living Being Mindful (LBM) တက်ရောက်ဖို့ဖိတ်ခေါ်ပါတယ်။

Q: ကိုယ်နဲ့ကိုယ့်ရဲ့ relationship ပိုကောင်းဖို့ ဘာတွေလုပ်သင့်ပါသလဲ။

A: Being communication, being in listening, being happy, being love.

Designing Your Relationships (DYR) တက်ဖို့ဖိတ်ခေါ်ပါတယ်။

Q: ငါကြိုက်တာ သူ၊ သူကြိုက်တာ ငါမဟုတ်။ အရမ်းနာကျင်ရတယ်ရှင့်။

A: လူတိုင်းကြုံရတဲ့အဖြစ်အပျက်လေးတွေပါ။ မိမိတစ်ဦးတည်းမဟုတ်ပါ။ အချစ်စစ်အချစ်မှန်ဆိုတာထက် စွဲလမ်းမိတဲ့စိတ်ကူးစိတ်သန်းတွေကြောင့်လည်း နာကျင်မှု၊ ခံစားမှုပိုစေပါတယ်။ ကြုံတွေ့နေရတဲ့အခြေအနေအပေါ် မိမိကိုယ်မိမိရော၊ တစ်ဖက်သားအပေါ်ရော အပြစ်မတင်မိပါစေနဲ့နော်။

Designing Your Relationships (DYR) တက်ရောက်ဖို့ဖိတ်ခေါ်ပါတယ်။

Q: ဇနီးသည်က အိမ်ကမောင်းချခံလိုက်ရတာကို... သူ့စိတ်ပြန်လည်လာပြီး အိမ်ပြန်လာပါတော့လို့ပြန်ခေါ်လာအောင် ဘယ်လိုလုပ်ရမလဲဗျ။

A: မိမိရဲ့ဇနီးသည်က မိမိအပေါ်ဘာဖြစ်စေချင်တာလဲ။ ဘာဖြစ်လို့အိမ်ကမောင်းချတာလဲ။ မိမိကသိချင်လည်းသိမယ်။ မသိရင် မေးကြည့်ပါ။ အိမ်ပြန်ချင်ရင် မိမိအိမ်ဖြစ်တာကြောင့် ပြန်ခွင့်ရှိပါတယ်။ သူစိတ်ပြေတာကိုစောင့်စရာမလိုဘဲ မိမိကိုယ်မိမိ အိမ်ပြန်လို့ရမယ့်နည်းလမ်းကတော့ -

  • မိမိကိုယ်မိမိ ရိုးသားပါ။ မိမိကိုယ်မိမိ ကတိပေးပါ။
  • ပြီးရင် တာဝန်ယူစရာရှိတာ တာဝန်ယူပါ။
  • တောင်းပန်စရာရှိတာ တောင်းပန်ပါ။
  • ညှိနှိုင်းပါ။ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းပါ။

Designing Your Relationships (DYR) တက်ရောက်ဖို့ဖိတ်ခေါ်ပါတယ်။

Q: ဘုရားတရားအမြဲရွတ်ဖတ်နေတဲ့လူတစ်ယောက်က လုပ်ငန်းခွင်မှာကျတော့ အမြဲတမ်း လူတကာမကောင်းကြောင်းပတ်ပြောနေတဲ့သူနဲ့ ဘယ်လိုဆက်ဆံရမလဲရှင်။

A: သူ့ရဲ့အပြုအမူကို သူကိုယ်တိုင်သတိထားမိချင်မှ သတိထားမိမှာပါ။ ဘုရားတရားအမြဲရွတ်ဖတ်နေတဲ့သူဖြစ်ပေမယ့် အတင်းပြောရင် ဘယ်လိုအကျိုးသက်ရောက်မှုရှိတတ်လဲဆိုတာ သူကိုယ်တိုင်နားလည်သဘောပေါက်ပုံမရပါဘူး။ မိမိစိတ်အနှောင့်အယှက်မဖြစ်ချင်ရင် မေတ္တာကရုဏာထားပေးပါ။ မကြိုက်ရင် ပွင့်လင်းစွာဖွင့်ပြောလိုက်ပါ။

Living Being Mindful (LBM) တက်ဖို့ဖိတ်ခေါ်ပါတယ်။

Q: မိဘဆီကငြိုငြင်မှုရခဲ့ရင်တောင် ငါ့ကိုမို့လို့ဆိုတဲ့ ခံရတဲ့စိတ်ကို ဘယ်လိုပုံစံပြောင်းရမလဲ။

A: "ငါ့ကိုမို့လို့" ဆိုတာ တကယ်မဟုတ်ဘူး။ ငါ့စိတ်က ဖြစ်နေတာလို့ သတိရလိုက်ပါ။ စိတ်ခံစားချက်ပြောင်းလဲသွားပါလိမ့်မယ်။

Living Being Mindful (LBM) တက်ရောက်ဖို့ဖိတ်ခေါ်ပါတယ်။

Q: Self-relationship 🤎

A: Watch your mind, body, emotions, and energy.

Recommend to join Designing Your Relationships (DYR) course.

Q: LDRS ချစ်သူတွေမို့ ငါရှိတဲ့ဘက်ကိုလာစေချင်တာ... သူ့ဘက်က အဆင်မပြေဘူးလို့ပဲ အကြောင်းပြန်နေတယ်။

A: LDRS ဆိုရင် စိတ်ရှည်ရပါတယ်။ LDRS ကိုရွေးချယ်ထားကြတာမို့ တစ်ဖက်က မိမိဖြစ်စေချင်တာကို လတ်တလောမဖြည့်ဆည်းပေးလို့ အဆင်မပြေဘူးဆိုတာကို စိတ်ညစ်နေမလား။ လက်ထဲရှိတဲ့အနေအထားကိုကျေနပ်မှုရှိပြီး ပျော်ရွှင်ခြင်းကိုဦးတည်တဲ့ spending time together on the conversation လား။ မိမိအပေါ်မှာပဲ မူတည်ပါတယ်။

Q: Trustee

A: အရင်ဆုံး မိမိကိုယ်မိမိ စိတ်ချယုံကြည်မှု တည်ဆောက်ပါ။ ဘာလုပ်လုပ် တစ်ဖက်လူရဲ့အနေအထားအပေါ်လိုက်ပြီး ဘဝကိုစိတ်ချယုံကြည်ရမယ်ဆိုရင် ဘဝပျောက်၊ လမ်းပျောက်ဖြစ်နေတတ်ပါတယ်။

Living Being Mindful (LBM) တက်ရောက်ဖို့ဖိတ်ခေါ်ပါတယ်။

Q: မိသားစု

A: "မိသားစု" လို့ပြောလိုက်ကတည်းက မိသားစုနဲ့ပတ်သက်ပြီး breakthrough တစ်ခုခုဖြစ်ချင်တဲ့ဆန္ဒရှိနေပုံရပါတယ်။ မိသားစုကြားမှာ ချစ်ခြင်းမေတ္တာ၊ ပျော်ရွှင်ခြင်းနဲ့ လွတ်လပ်စွာဆက်ဆံခြင်းကိုရရှိချင်ရင် Designing Your Relationships (DYR) တက်ရောက်ဖို့ဖိတ်ခေါ်ပါတယ်။

Q: သူကကိုယ့်ကို အရမ်းချစ်ပါတယ်။ သူ့ကိုအချိန်တိုင်း အလေးအနက်ထားစေချင်တယ်။ ကိုယ်ကလည်း သူ့ကိုချစ်တယ်။ ဒါပေမယ့် ကိုယ့်ရဲ့ပတ်ဝန်းကျင်ကြောင့် သူ့အပေါ်ထားတဲ့အချစ်ကို ထုတ်မပြဘဲနေတတ်တယ်။ ကိုယ့်ဘက်က လွန်နေမလားရှင်။

A: မိမိနဲ့ချစ်သူကြားမှာ ပတ်ဝန်းကျင်ဆိုတာကို မထည့်မိပါစေနဲ့။

Being self-expressed, being in communication, and being vulnerable to each other are keys to success and beautiful relationships.

Q: မိဘနဲ့သားသမီးကြားမှာရှိတဲ့ အမြဲရန်ဖြစ်နေရတဲ့ relationship. တစ်ဖက်ကရှင်းပြတာကို လက်မခံ၊ ပြောချင်ရာပြောနေတဲ့အချိန် နားလည်မှုပြန်ရအောင် ဘယ်လိုလုပ်သင့်လဲ။

A: အဓိကက အချင်းချင်းကြားမှာ ဆိုလိုချင်တာတွေကို တစ်ဦးရင်ထဲကိုတစ်ဦးက ရောက်အောင်မပို့ခြင်းနဲ့ စိတ်ရှည်စွာနားထောင်ခြင်းမရှိကြလို့ နားလည်မှုတွေ ကွဲလွဲနေကြတာပါ။

Designing Your Relationships (DYR) တက်ရောက်ဖို့ဖိတ်ခေါ်ပါတယ်။

Q: ၁၄ နှစ်အရွယ် မိန်းကလေးဖြစ်ချင်နေသောကျွန်မသားကို မဖြစ်စေချင်သောကျွန်မ... သူ လမ်းမမှားအောင်၊ သူနဲ့အဆင်ပြေအောင် ကျွန်မဘယ်လိုလုပ်ရမလဲ ဆရာမ။

A: မိမိဖြစ်စေချင်တာအကုန်လုံး မဖြစ်နိုင်ဘူးဆိုတဲ့ လူ့ဘဝထဲမှာ မိမိမဖြစ်စေချင်တာတွေလည်း လာဖြစ်နေခြင်းပါပဲ။ (None of the families are perfect.)

ပတ်ဝန်းကျင်ကပုတ်ခတ်မှာစိုးလို့ သားဖြစ်ချင်တာကိုလက်ခံလို့မရတာလား။ ဒါမှမဟုတ် သားလေးအတွက် သူ့ဘဝမှာ သူ့အတွက်သက်တောင့်သက်သာဖြစ်စေတဲ့ပုံသဏ္ဍာန်ကို သူရွေးချယ်ပြီးနေထိုင်ခြင်းကိုပံ့ပိုးပေးပြီး သားအမိကြား ချစ်ခင်စွာ၊ နားလည်မှုထားပြီး ရှင်သန်နေထိုင်မလားဆိုတာ... မေးခွန်းမေးကြည့်ပါ။ မိမိရဲ့ရွေးချယ်မှုပါပဲ။ အခြေအနေတွေကိုလက်ခံချင်ရင်လည်း မိမိအတွက် စိတ်ချမ်းမြေ့မှုရနိုင်သလို၊ စိုးရိမ်ကြောင့်ကြပြီး "မဖြစ်သင့်ဘူး" ဆိုတဲ့အပြစ်တင်ခြင်းတွေနဲ့နေထိုင်မယ်ဆိုလည်း မိမိရဲ့ရွေးချယ်မှုပါပဲ။ There is no right or wrong path in this case.

Q: ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ ကြိုးစားနေတာ။ ဘာတွေလိုအပ်လဲရှင့်။

A: မိမိကိုယ်မိမိလက်ခံခြင်း၊ ဘယ်သူနဲ့မှမနှိုင်းယှဉ်ခြင်းက မိမိကိုယ်မိမိချစ်ခြင်းပါပဲ။

Q: ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်၊ ကိုယ့်ထက်ရာထူးလည်းကြီးတဲ့သူက သူ့ထက်ကိုယ်သာသွားမှာမလိုလားဘူးလို့ ထင်နေမိပါတယ်။ မဟုတ်တဲ့အရာတွေ... ဥပမာ - အဝတ်အစားဘယ်လိုဝတ်တာ၊ သုံးတာသာပြိုင်ဆိုင်တယ်။ ရာထူးနဲ့ထိုက်တန်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ ခေါင်းရှောင်တယ်။ အဲ့လိုလူမျိုးနဲ့ ဘယ်လိုဆက်ဆံရပါ့မလဲရှင်။ ဝေးဝေးရှောင်ချင်ပေမယ့် ရှောင်မရ ဆက်ဆံနေရပါတယ်။

A: "ထင်နေမိတယ်" ဆိုတဲ့မိမိစကားအတိုင်း ထင်တာတွေက ရှေ့ကခံနေတာမျိုးတွေရှိတတ်ပါတယ်။ လူ့ရဲ့စိတ်တွေက လှည့်စားတတ်ပါတယ်။ တကယ့်စစ်မှန်တဲ့သူက ပျောက်နေတတ်ပြီး မိမိထင်ထားသလို တစ်ဖက်လူကပုံပေါ်နေတတ်ပါတယ်။ ပြီးရင် မိမိဘက်က စိတ်တိုင်းမကျဖြစ်နေတတ်ပါတယ်။ လူတိုင်းမှာ ထင်တတ်တဲ့အပြုအမူတွေရှိပါတယ်။ ထင်မယ့်အစား မိမိလိုချင်တာရှိရင် communication လုပ်ပေးပါ။ ဆက်ဆံရေးတွေ တိုးတက်မှုရှိလာပါလိမ့်မယ်။

Designing Your Relationships (DYR) သို့မဟုတ် Living Being Mindful (LBM) တက်ရောက်ဖို့ဖိတ်ခေါ်ပါတယ်။

အားလုံးအဆင်ပြေကြပါစေ။

Thida Aung

Oct 25, 2022 (Tuesday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူတွေကိုမျှဝေပေးပါ။ 🌸

Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form