ချစ်ခြင်းမေတ္တာရဲ့လှည့်ကွက်

Feb 17, 2023
Relationship

ချစ်ခြင်းမေတ္တာဆိုတာ အခြားသောအရာတွေအပေါ်မှာမူတည်ပြီး ဖြစ်ပေါ်လာခြင်းမဟုတ်ပါ။ မိမိရဲ့တဒင်္ဂ တိုတောင်းလှသောအချိန်အတွင်းမှာဖြစ်ပေါ်သော နှစ်လိုဖွယ်ရာစိတ်ခံစားချက်လေးနဲ့ပဲ သက်ဆိုင်ပါတယ်။

မိမိရဲ့စိတ်ခံစားမှုက ခန္ဓာကိုယ်အထိအတွေ့အပေါ်မှာ တဒင်္ဂနှစ်လိုဖွယ်ဖြစ်သွားတယ်ဆိုရင်... ချစ်ခြင်းမေတ္တာမှာပါဝင်တဲ့ ကျန်းမာခြင်းသုခနဲ့ ကြည်နူးသာယာခြင်းကို ဖြစ်ပေါ်စေပါတယ်။

မိမိရဲ့စိတ်ခံစားမှုက စိတ်အတွေးအမြင်အပေါ်မှာ တဒင်္ဂနှစ်လိုဖွယ်ဖြစ်သွားတယ်ဆိုရင်... ချစ်ခြင်းမေတ္တာမှာပါဝင်တဲ့ ငြိမ်းချမ်းခြင်းနဲ့ ဝမ်းသာပျော်ရွှင်ခြင်းကို ရရှိစေပါတယ်။

မိမိရဲ့စိတ်ခံစားမှုက ပြင်းထန်လှုပ်ရှားရင်ခုန်မိတဲ့အပေါ် တဒင်္ဂနှစ်လိုဖွယ်ဖြစ်သွားတယ်ဆိုရင်... ချစ်ခြင်းမေတ္တာမှာပါဝင်တဲ့ မေတ္တာနဲ့ကရုဏာကို ရရှိစေပါတယ်။

မိမိရဲ့စိတ်ခံစားမှုက ဘဝရဲ့အားထုတ်မှုအပေါ်မှာ တဒင်္ဂနှစ်လိုဖွယ်ဖြစ်သွားတယ်ဆိုရင်... ချစ်ခြင်းမေတ္တာမှာပါဝင်တဲ့ ချမ်းသာသုခနှင့်ပြည့်စုံခြင်းနဲ့ ပီတိဘဝင်ကျခြင်းတွေ ဖြစ်လာစေပါတယ်။

ခံစားချက်အားလုံးက ချစ်ခြင်းမေတ္တာတွေပါပဲ။ အချစ်ဆိုတာက မှန်တယ် မှားတယ်၊ ချစ်သင့်တယ် မသင့်ဘူး၊ အချစ်စစ်တယ် မစစ်ဘူး စသဖြင့် သံသယဝင်ပြီး ဝေဖန်သုံးသပ်နေဖို့မဟုတ်ပါ။ မလိုအပ်ပါ။

မိမိရဲ့မေတ္တာခံစားချက်တွေဖြစ်ပေါ်နေခြင်းက မိမိနဲ့သာသက်ဆိုင်တာမို့ ချစ်ခြင်းမေတ္တာက အရာဝတ္ထု (သို့မဟုတ်) ရည်ရွယ်ချက်ထားစရာ ရှိနေစရာမလိုပါ။

လူသားအားလုံးအပေါ် ဖိုမ မခွဲခြားဘဲ လူတိုင်းအပေါ်ချစ်လို့ရပါတယ်။ တစ်ဘဝလုံးအတွက် သံယောဇဉ်အနှောင်အဖွဲ့တွေနဲ့ ရစ်နွယ်ပြီးချစ်မယ်ဆိုရင်တော့ တစ်ဦးတစ်ယောက်တည်းနဲ့ပေါင်းသင်းနေထိုင်ခြင်းက မိမိအတွက် ပိုပြီးအဆင်ပြေနိုင်ပါတယ်။

ချစ်ခြင်းမေတ္တာက လူတိုင်းအပေါ်ထားလို့ရပါတယ်။ တစ်ခုတော့ရှိတယ်... ခန္ဓာကိုယ်ပါဝင်တဲ့ပေါင်းသင်းနေထိုင်ခြင်းကတော့ တစ်ယောက်ထက်ပိုလာရင် မိမိအတွက် အဆင်မပြေဖြစ်လာနိုင်ပါတယ်။ မိမိကိုယ်မိမိ ဒုက္ခပြန်ပေးနိုင်ပါတယ်။

ခန္ဓာကိုယ်အထိအတွေ့က လူနှစ်ယောက်ကြားမှာ ရစ်နွယ်စေပါတယ်။ ဖြတ်ချဖို့ခက်ခဲ့တဲ့သာယာမှုကိုပေးတဲ့ ချစ်ခြင်းမေတ္တာတစ်ခုလို့ ပြောလို့ရပါတယ်။ မှတ်ဉာဏ်သိုလှောင်မှုကလည်း အထိအတွေ့အာရုံကို ပိုပြီးကြာရှည်စွာ သိုလှောင်တတ်ပါတယ်။

ပေါင်းသင်းပြီးမှ တကယ်မချစ်ဘဲပေါင်းသင်းနေရတယ်ဆိုတဲ့ သံသယ ဒွိဟဖြစ်နေတဲ့ ချစ်သူ၊ အိမ်ထောင်သည်တွေလည်း အချစ်ရဲ့ဆန်းပြားတဲ့လှည့်ကွက်အောက်မှာ အသိအမှတ်ပြုပြီး အချစ်ကို ဆက်လက်ဖန်တီးရှင်သန်နေထိုင်လို့ရပါတယ်။

အချစ်မှာ ကိုယ်ပိုင်ဖြတ်ထိုးဉာဏ် (Intelligence) ရှိသလို ချစ်ခြင်းမေတ္တာကလည်း သင်ပါပဲ။ သင်အသက်ရှိနေသရွေ့ ချစ်ခြင်းမေတ္တာတွေရှိနေမှာပါ။

With love ❤️

Thida Aung

Feb 17, 2023 (Friday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူတွေကိုမျှဝေပေးပါ။ 🌸🥰
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form