How to Get Out of Friend Zone

Aug 26, 2020
Relationship

သူငယ်ချင်းဘဝကနေ romantic ချစ်သူဘဝရောက်အောင် ဘယ်လိုလုပ်ရမလဲ။

ကျွန်မမှာသူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက အမျိုးသားတစ်ယောက်နဲ့တွေ့နေတာ ၂ နှစ်လောက်ရှိပြီ။ Hangout အတူတူလုပ်တယ်။ Hiking တွေ အတူတူသွားတယ်။ ရုပ်ရှင်အတူတူကြည့်တယ်။ ထမင်းအတူတူစားတယ်။ သူ့အိမ်ကိုလည်း အမြဲတမ်းလာလည်တယ်။ တစ်ယောက်အကြောင်းကိုလည်း တစ်ယောက်သိနေတယ်။ သံယောဇဉ်လည်းရှိတယ်။ ဒါပေမယ့် သူငယ်ချင်းပဲ။ နှစ်ယောက်လုံးက အမြင်ချင်းလည်းတူတယ်။ တိုင်ပင်လို့လည်းရတယ်။ ပြောရဆိုရတာ သက်တောင့်သက်သာလည်းဖြစ်တယ်။ ခက်တာက နှစ်ယောက်လုံးကသဘောကျကြပေမယ့် ဘယ်သူမှစပြီးမလှုပ်ရှားကြဘူးဖြစ်နေတယ်။ ဒါနဲ့ ချစ်သူဘဝရောက်အောင်ဘယ်လိုလုပ်ရမလဲလို့ သူငယ်ချင်းကမေးလာပါတယ်။

Friend Zone ထဲကထွက်ချင်တာပဲဖြစ်ဖြစ်၊ Romantic relationship ကိုလိုချင်လို့ပဲဖြစ်ဖြစ် အရေးကြီးတဲ့အချက်တစ်ခုကတော့ ယောက်ျားလေးနဲ့မိန်းကလေးမှာ “Attraction Circle” မတူဘူးဆိုတာကို သိထားရပါမယ်။ Attraction Circle ကို သေချာနားလည်ထားမယ်ဆိုရင် romantic relationship တစ်ခုရဖို့ သိပ်မခဲယဉ်းဘူးလို့ ကျွန်မပြောရဲပါတယ်။

Friend Zone ကနေ ဘယ်လိုထွက်ရမလဲ။

စာဖတ်သူက မိန်းကလေးဆိုရင်...

မိန်းကလေးတွေရဲ့သဘာဝက relationship အရမ်းလုပ်တတ်ပါတယ်။ ဒါကြောင့်မို့လို့ မိန်းကလေးကပဲ စရပါတယ်။ အထူးသဖြင့် ဒီဖက်ခေတ်မှာ မိန်းကလေးကပဲစတာ ပိုကောင်းပါတယ်။ ဒါမှ မိန်းကလေးတွေက powerfully relationship ကို ဖန်တီးလို့ရမယ်။ အမျိုးသားတွေက စသင့်၊ မစသင့် ရွံ့နေတဲ့အခါမျိုးမှာ မိန်းကလေးဖက်ကနေ “ငါတို့သူငယ်ချင်းဖြစ်နေတာ ကြာပြီ။ ဒါပေမယ့် Do you want to try to be another level? Romantic level ကို try ချင်သလား။ နင်နဲ့ငါနဲ့စပြီး date လုပ်မလား။ ငါလည်း နင့်ကိုသဘောကျတယ်။ နင်လည်း ငါ့ကိုသဘောကျတယ်။ You can… hug me. Kiss me. Don't worry about that.”

အဲ့လိုမျိုး ပြတ်ပြတ်သားသားပြောပြီး သူတို့ရဲ့ခေါင်းထဲကိုထည့်ပေးလိုက်ရင် သူတို့အနေနဲ့ ချစ်ကြိုက်ကြောင်းထုတ်ပြောတဲ့အခါ အငြင်းမခံရတော့ဘူး။ သူငယ်ချင်းက date လုပ်ဖို့ တောင်းဆိုလာတဲ့အတွက် စဉ်းစားလို့ရပြီ။ သူက ဖက်မယ်၊ နမ်းမယ်ဆိုရင်လည်း မိန်းကလေးဖက်က ရုန်းတာမျိုးတွေမရှိတော့ embarrassed မဖြစ်တော့ဘူး။ သူ့အနေနဲ့စပြီးလုပ်သင့်ပြီဆိုပြီး ယောက်ျားလေးတွေအတွက် ပိုပြီးယုံကြည်မှုရှိစေပါတယ်။ ဒါကြောင့် မိန်းကလေးတွေကလုပ်သင့်တယ်လို့ ကျွန်မမြင်ပါတယ်။

တစ်ခုရှိတာက မိန်းကလေးတွေအနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာ ယောက်ျားလေးတစ်ယောက်ကို ဒီလိုမျိုးပွင့်ပွင့်လင်းလင်းထုတ်ပြောလမ်းကြောင်းပေးနိုင်လဲဆိုရင် ဒီသူငယ်ချင်းက တစ်ပတ်မှာငါးရက်လောက်က ကိုယ့်အိမ်မှာရောက်နေတယ်။ ကိုယ့်ကိုစိတ်ဝင်စားနေတယ်ဆိုတာလည်း 98% လောက်က သေချာနေတယ်ဆိုရင် စမ်းကြည့်လို့ရပါတယ်။ သူက ကိုယ့်အပေါ်မှာ romantic attraction ရှိလား၊ မရှိလားဆိုတာကို စမ်းတဲ့သဘောပါ။

ကိုယ့်ကတော့ ဒီလိုလမ်းဖွင့်ပေးလိုက်ပြီ။ သူ့ဖက်ကဘာမှမလှုပ်ရှားလာဘူး၊ ဆက်ပြီးတော့ romantic မဖြစ်လာဘူးဆိုရင်တော့ မိန်းကလေးတွေသတိထားပါ။ ယောက်ျားလေးတစ်ယောက်က ကိုယ့်ကို physically attraction မရှိဘူးဆိုရင် သူတို့ပါးစပ်ကနေ ဘယ်လောက်ပဲချစ်တယ်ပြောပြော relationship မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ circle က physical attraction ရှိမှ relationship ကို စတာမို့လို့ပါ။ ဒါကြောင့် ကိုယ်ကလမ်းဖွင့်ပြီးပြီ။ သူ့ဖက်ကဘာမှဆက်မဖြစ်လာဘူးဆိုရင် သူ့ကို friend zone မှာပဲ ထားလိုက်ပါ။ ကိုယ့်ကို romantic မျက်လုံးနဲ့ကြည့်မယ့်လူ၊ ချစ်သူတစ်ယောက်အနေနဲ့ချစ်ပေးမယ့်သူနဲ့ပဲ date လုပ်ပါလို့ ကျွန်မအကြံပေးချင်ပါတယ်။

စာဖတ်သူက ယောက်ျားလေးဆိုရင်...

မိန်းကလေးတွေရဲ့ Attraction Circle က သူတို့ကို နွေးထွေးမှု၊ လုံခြုံမှုပေးမှ relationship ကို စတာဆိုတော့ မိန်းကလေးတွေနဲ့ စကားပြောတဲ့အခါ သူတို့ပြောတာကို ပြီးဆုံးအောင်နားထောင်ပါ။ ဖြတ်မပြောပါနဲ့။ မိန်းကလေးတွေက စကားပြောတဲ့အခါမှာ emotion ပါတတ်ပါတယ်။ ငိုချင်လည်းငိုမယ်။ ရယ်ချင်လည်း ရယ်မယ်။ အဲ့အခါကျရင် “ဒီလိုမျိုးမဖြစ်သင့်ဘူး။ ဒီလိုမျိုးဖြစ်သင့်တယ်” လို့ သူတို့ကိုဝေဖန်တာမျိုး မလုပ်ပါနဲ့။ သူတို့ရှေ့မှာ ညည်းတွားတာမျိုး၊ complaint တက်တာမျိုး မလုပ်ပါနဲ့။ နောက်ပြီး ကိုယ်ကကောင်းလို့ သူတို့ဖက်ကဘာလုပ်ပေးမှဆိုပြီး တောင်းဆိုတာမျိုးမလုပ်ပါနဲ့။ မဟုတ်ရင် relationship က ရှေ့ဆက်သွားမှာမဟုတ်ပါဘူး။

နောက်တစ်ခုက ယောက်ျားလေးအနေနဲ့ သူ့ကိုစိတ်ဝင်စားတယ်လို့ပြောပြီးရင် ခဏတဖြုတ် leave her alone လုပ်ပေးပါ။ ဒီမိန်းကလေးတစ်ယောက်တည်းကိုပဲ focus ထားတာမျိုး မလုပ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကသူ့ကိုဖွင့်ပြောပြီးတဲ့အခါမှာ မိန်းကလေးဖက်ကနေ response မလာဘူးဆိုရင် “မတရားဘူး၊ ငါ့ဘက်ကချည်း သွားနေရတယ်။ သူကတော့ မလာဘူး”ဆိုပြီး စိတ်ထဲမှာဖြစ်တတ်ပါတယ်။

အမှန်တော့ မိန်းကလေးနဲ့ယောက်ျားလေးမှာ မိန်းကလေးက intimacy ဖြစ်ဖို့၊ physical attraction ဖြစ်ဖို့ကို အချိန်ပိုယူရပါတယ်။ မိန်းကလေးဖက်ကနေ “ငါ နင့်ကိုကြိုက်တယ်။ Anytime you can hug me, you can kiss me” လို့ relationship စဖို့ ပြောထားပေမယ့်လည်း ချက်ချင်းလက်ငင်းကြီး romantic ဖြစ်ဖို့အတွက် ready မဖြစ်တတ်သေးပါဘူး။ (Friend zone နဲ့ romantic ကြားမှာပဲ ရှိနေသေးလို့ပါ။) ဒါကြောင့် သူတို့ရင်ထဲကနေ physical attraction ဖြစ်လာဖို့အတွက် မိန်းကလေးတွေကို အချိန်ပေးရပါတယ်။ အတင်း jump in လုပ်မယ်ဆိုရင် မိန်းကလေးတွေဆီကနေမရနိုင်ပါဘူး။

Tips

မိန်းကလေးဆီကနေ ကိုယ့်အပေါ် attractive မြန်မြန်ဖြစ်လာဖို့ ဘာလုပ်ရမလဲဆိုရင် တခြားမိန်းကလေးတွေနဲ့ တစ်ခါတလေ hangout လုပ်ပေးပါ။ Date သဘောမျိုး၊ စကားသွားပြောတာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတဲ့အခါ ကိုယ်ချစ်တဲ့မိန်းကလေးဆီကို ပြန်လာတဲ့အခါ ယုံကြည်မှုပိုရှိသလိုခံစားရပါလိမ့်မယ်။ ဒီတစ်ယောက်တည်းရှိတာမဟုတ်ဘူး။ ဟိုမှာလည်းရှိတယ်။ ဒါပေမယ့် ဒီဖက်ကိုတော့ focus (ပိုအလေးထားတယ်) ဆိုတာမျိုးပါ။

ပြီးတော့ ကိုယ်ချစ်တဲ့မိန်းကလေးကိုလည်း တခြားမိန်းကလေးတွေနဲ့ မိတ်ဆက်ပေးပါ။ မိတ်ဆက်ပေးတဲ့အခါ တခြားမိန်းကလေးတွေက ကိုယ့်အပေါ်မှာ romantic မျက်လုံးနဲ့ကြည့်တာ၊ romantic attachment ပေးချင်နေတာမျိုးကို ကိုယ်ချစ်တဲ့မိန်းကလေးက မြင်ပါလိမ့်မယ်။ မြင်တဲ့အခါကျရင် သူတဖြည်းဖြည်းနဲ့ ကိုယ့်အပေါ်မှာစိတ်ပါလာလိမ့်မယ်။ တမ်းတလာပါလိမ့်မယ်။ “ငါ့ကိုသဘောကျတယ်လို့ သူပြောထားတယ်။ ငါလည်း ဒါကို try ကြည့်လို့ရတာပဲ” ဆိုပြီး မိန်းကလေးဖက်ကနေ try လုပ်ကြည့်ရင်းနဲ့မှ physical attraction ရလာတာမျိုးတွေ တွေ့ရပါလိမ့်မယ်။ ဒီကနေတဆင့် romantic relationship ဖက်ကိုကူးရင် အောင်မြင်နိုင်ခြေပိုများပါတယ်။

Thida Aung

Aug 26, 2020 (Wed)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ချစ်တဲ့သူ/သဘောကျနေတဲ့သူကို မျှဝေလိုက်ပါ။ 🌸
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form