Fear and Rejection

Jun 21, 2020
Inner Well-Being

ငြင်းပယ်မှုနှင့် စိုးရိမ်ကြောက်တတ်သောစိတ်

ငြင်းပယ်ခံရလို့ ရရှိခဲ့တဲ့စိတ်ထိခိုက်နာကျင်မှုအပေါ်မှာ စိုးရိမ်စိတ်နည်းပါးစေရန်အတွက် လုပ်ဆောင်ရန်အချက်များ

  • ငြင်းပယ်ခြင်းကို လက်ခံပေးပါ။
  • လူတွေရဲ့ငြင်းဆိုမှုကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ရဲ့ခံစားချက်၊ ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုတွေကို စစ်ဆေးပါ။ ပြီးရင် လက်ခံပြီးအသိအမှတ်ပြုပေးပါ။
  • ကိုယ့်ကိုယ်ကိုယ် “လူဖြစ်လာတာတန်ဖိုးရှိတယ်။ လူတွေကကိုယ့်ကိုလိုလားကြတယ်။ ကိုယ့်မိသားစုမှာ ကိုယ်မရှိရင်မဖြစ်ဘူး။ လူ့လောကထဲမှာ ကိုယ်ကအရေးကြီးပြီးအရာဝင်တယ်”ဆိုတာကို ယုံကြည်ပြီး အမြဲပြောပေးပါ။
  • ကြောက်စိတ်ကိုရင်ဆိုင်ပါ။ နာကြင်မှုကိုရင်ဆိုင်ပါ။ ခံနိုင်ရည်ရှိအောင်လုပ်ပါ။
  • ဇာတ်လမ်းထွင်ပြီး ကိုယ့်ကိုယ်ကိုယ်မကောင်းပြောတာတွေ ရှောင်ပါ။
  • ကိုယ့်ထက်တတ်ကျွမ်းနားလည်သူများထံမှ အကူအညီယူပါ။
  • ပညာဖလှယ်နှီးနှောဆွေးနွေးသောအဖွဲ့များထဲ ဝင်ရောက်ပါဝင်ပြီး ဗဟုသုတများကိုသင်ယူဝေမျှပါ။
  • ကိုယ်ရရှိခဲ့တဲ့အသိပညာဗဟုသုတတွေကိုအခြေခံပြီး ကိုယ်လုပ်ချင်သောအရာများကို စတင်လုပ်ဆောင်ပါ။

လူတစ်ယောက်သတ္တိရှိတယ်ဆိုတာ မကြောက်တတ်လို့မဟုတ်ပါဘူး။ ကြောက်စိတ်ကိုလက်ခံအသိအမှတ်ပြုပြီး လုပ်စရာရှိတာကို ရှေ့ဆက်လုပ်ဆောင်သွားနိုင်တဲ့သူကို သတ္တိရှိတဲ့လူလို့ခေါ်ပါတယ်။ ဒါကြောင့် တစ်ခါနှစ်ခါလေ့ကျင့်ရုံနဲ့ စိုးရိမ်ကြောက်ရွံ့စိတ်ပျောက်သွားဖို့ မျှော်လင့်လို့မရပါဘူး။ အကြိမ်ကြိမ်အဖန်ဖန်လေ့ကျင့်ထားမယ်ဆိုရင် ကိုယ်ရဲ့ခံနိုင်ရည်အားကောင်းလာတဲ့အလျောက် ကြောက်စိတ်ရှိနေသည့်တိုင်အောင် ကိုယ်လုပ်ချင်တာတွေကို အောင်အောင်မြင်မြင်လုပ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။

Courage is not the absence of fear. Courage is acting in spite of fear.

CARLY FIORINA

Thida Aung

Jun 21, 2020 (Sunday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ဂရုစိုက်တဲ့သူတစ်ယောက်ကို မျှဝေလိုက်ပါ။ 🌸
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form