လူငယ်တွေပြောပြောနေတဲ့ "Crush"

Jul 24, 2022
Relationship

Crush ဆိုတဲ့စကားအသုံးအနှုန်းကို အခုခေတ်မှာသုံးနှုန်းလာကြပါတယ်။ တကယ်တော့ လူလူချင်းသဘောကျတာ (crush ဖြစ်တာ) လူတွေမှာဖြစ်တတ်တဲ့သဘာဝပါ။ တဒင်္ဂ (moment) မှာဖြစ်တတ်တဲ့စိတ်ရဲ့အနောက်ကနေ ကပ်ပါလာတဲ့ခန္ဓာကိုယ်ရဲ့ movement နဲ့ reaction လေးတစ်ခုပါ။

ငယ်ရွယ်သူတွေမှာ အကြည့်လေးဆုံတဲ့အခါ ရင်ခုန်မိသွားစေတယ်၊ နှစ်သက်မိသွားစေတယ်၊ ကြိုက်မိသွားစေတတ်တာကို အခုခေတ်မှာ "I have a crush on you" ဆိုတဲ့စကားမျိုးကိုသုံးနှုန်းကြခြင်းပါ။

အသက်အရွယ်ရလာရင်တော့ မျက်လုံးချင်းဆုံလို့ ကြက်သီးမွေးညင်းလေးထမိတယ်။ သာယာမှုအပေါ်လိုက်ပြီး body chemistry အရ ဆွဲဆောင်မှုရှိတယ်ဆိုပြီး "We have chemistry between us" ဆိုပြီး ပြောဆိုတတ်ကြပါတယ်။

တကယ်တော့ တစ်ဦးနဲ့တစ်ဦးစတွေ့တဲ့အခါဖြစ်တတ်တဲ့ reaction တွေပါ။ Crush ကတော့ အသက် ၈ နှစ်အရွယ်မှာစတင်ပြီး human growth နဲ့အတူ ဟော်မုန်းပြောင်းလဲမှုတွေကြောင့်ဖြစ်တတ်ပါတယ်။ Sexuality နဲ့ပတ်သက်ပြီး ဗဟုသုတအတွေ့အကြုံမရှိသေးတဲ့လူငယ်တွေမှာဖြစ်တတ်သလို လူကြီးတွေမှာလည်း crush ဖြစ်တတ်ကြပါတယ်။

"အတိတ်ရေစက်ကြောင့်ထင်တယ်... မြင်မြင်ချင်းချစ်မိသွားတယ်"

"ဖူးစာဆုံပြီး ချစ်ဖို့ဖြစ်လာတာနဲ့တူတယ်"

"ဟယ်... ဘာဖြစ်လို့တွေ့တွေ့ချင်း ဒီလို butterflies တွေ ရင်ထဲရောက်သွားသလိုခံစားရတာလဲ"

ပြောရမယ်ဆိုရင်တော့ crush ဖြစ်ရခြင်းရဲ့အကြောင်းရင်းက ဟော်မုန်း hijack လုပ်ခြင်းခံလိုက်ရလို့ပါ။ ဟော်မုန်း hijack ဆိုတာကတော့ ခန္ဓာကိုယ်မှာရှိတဲ့ဟော်မုန်းတွေရဲ့ expression ပါ။

Thida Aung

Jul 24, 2022 (Sunday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူတွေကိုမျှဝေပေးပါ။ 🌸
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form