အချစ်ကံ

Dec 29, 2022
Relationship

ချစ်သူနှစ်ဦးကြား

အချစ်တွေ ကြာရှည်

ခိုင်မြဲချင်ရင်...

သက်ဆိုင်သူကိုသာ

ရင်ထဲရှိတဲ့အတိုင်း

ချစ်တဲ့အကြောင်းပြောပြီး

အချစ်ကိုပေးပါ။

ချစ်သေးရဲ့လားလို့...

ဆန္ဒရှိသလို ထပ်ခါထပ်ခါမေးပါ။

ရတဲ့အဖြေအပေါ်

ကျေနပ်မှုနဲ့ သူ့အချစ်ကို ရရှိပါ။

နှစ်ဦးကြားမှာလည်း

အချစ်စကားတွေ

အမြဲဖန်တီးပြောဆိုပါ။

နှစ်ဦးသားဖန်တီးမှုကြောင့်

ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်၊

စိတ်လှုပ်ရှားမှုလေးနဲ့

တုံ့ပြန်မှုလေးတွေကိုလည်း...

အရှိကို အရှိအတိုင်း

စောင့်ကြည့်ပါ။

ဝန်ခံပါ။ အသိအမှတ်ပြုပါ။

လက်ခံပါ။ ဝေမျှပါ။

ပြောပြပါ။

အချစ်ဆိုတာ

ပုဂ္ဂိုလ်ရေးရာမို့...

သက်ဆိုင်သူ နှစ်ဦးကြားမှာပဲ

လုံခြုံအောင်သိမ်းထားပါ။

ချစ်သူ မအားရင်...

စာအုပ်လေးတစ်အုပ်နဲ့ ဘောပင်လေးတစ်ချောင်း...

သူ့ကိုယ်စား ရေးချပြောဆိုဖို့

မိမိနံဘေးမှာ ထားပါ။

ဒါဆိုရင် လုံလောက်ပါပြီ။

မိမိရဲ့ရိုးရှင်းတဲ့လုပ်ဆောင်မှုကြောင့်...

အချစ်ကံတွေ ကောင်းလာပါလိမ့်မယ်။

2023 နှစ်သစ်မှာ... ချစ်သူတွေအားလုံး ခံစားမှုတွေဝေမျှပြီး ယုယနွေးထွေးမှုအပြည့်နဲ့ လှပတဲ့ချစ်သူဘဝကို တည်ဆောက်နိုင်ကြပါစေ။ 🌸🥰

Thida Aung

Dec 29, 2022 (Thursday)

စာကြွင်း။ ဒီဆောင်းပါးကို ကိုယ်ချစ်ရတဲ့သူတွေနဲ့မျှဝေပေးပါ။ 🌸🥰
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form