Attraction Circle: Men vs. Women

Aug 26, 2020
Relationship

Relationship နဲ့ပတ်သက်လို့စိတ်ဝင်စားတဲ့သူ၊ Friend Zone ထဲမှာရှိနေတဲ့သူ၊ Romantic ဘဝကိုရောက်ချင်တဲ့သူတွေအတွက် ယောက်ျားလေးနဲ့မိန်းကလေးမှာ “Attraction Circle” မတူဘူးဆိုတာကို သိထားရပါမယ်။ ယောက်ျားလေးက မိန်းကလေးတစ်ယောက်ကို ဘယ်ကစပြီးစိတ်ဝင်စားတာလဲ။ မိန်းကလေးကရော ယောက်ျားလေးတစ်ယောက်အပေါ်မှာ ဘယ်လိုစပြီးစိတ်ဝင်စားတတ်လဲ။ မတူညီတဲ့ Attraction Circle ကို မသိထားရင် romantic relationship မှာ ခက်ခဲတတ်ပါတယ်။

ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားတဲ့အခါ…

သူတို့က မိန်းကလေးတစ်ယောက်ကိုကြည့်လိုက်တာနဲ့ romantic ဖြစ်လို့ရမလား။ Sexual attraction, Physical attraction ရှိလားကို အရင်ကြည့်ပါတယ်။ ဒီတစ်ယောက်ကိုကြည့်လိုက်တာနဲ့ သူတို့ကိုရင်ခုန်စေတဲ့ Physical attraction ရှိတယ်ဆိုရင် စိတ်ဝင်စားကြပါတယ်။ ပြီးရင် အဲ့ဒီမိန်းကလေးနဲ့ date လုပ်ကြည့်မယ်။ စကားတွေပြောကြည့်မယ်။ သူ့ရဲ့စကားပြောဆိုပုံ၊ ပြောလိုက်တဲ့စကားအပေါ်မှာ မိန်းကလေးက ရယ်ကာမောကာနဲ့ပျော်ရွှင်နေတယ်ဆိုရင် အဲ့ယောက်ျားလေးက သူရဲ့နှလုံးသားကိုစတင်ဖွင့်ဟလာပါတယ်။ ပြီးမှ တဖြည်းဖြည်းနဲ့ဒီမိန်းကလေးအပေါ်မှာ စိတ်ယိုင်လာပါတယ်။

“သြော်… ငါဟာ ဒီအမျိုးသမီးကိုပျော်အောင်လုပ်နိုင်ပါလား။ ဒီအမျိုးသမီးက ငါနဲ့ပတ်သက်ပြီးမှ ရယ်ရယ်မောမောဖြစ်နေပါလား။” အဲ့ဒါကိုကြည့်ပြီးတော့မှ သူတို့ရဲ့စိတ်နှလုံးကိုဖွင့်လာတာပါ။ ပြီးတော့မှ ဦးနှောက်နဲ့စဉ်းစားတဲ့အပိုင်းလာပါတယ်။ “ဒီကောင်မလေးကို ငါဆက်ပြီး date လုပ်သင့်လား” “သူနဲ့သာငါ့ဘဝကိုဖြတ်သန်းရမယ်ဆိုရင် ဘယ်လိုနေမလဲ” “ဒီအမျိုးသမီးက ငါ့ရဲ့အိမ်ထောင်ဖက်ဖြစ်ခဲ့ရင်… သူနဲ့ခရီးအတူတူသွားရရင်” “ငါသူ့အပေါ်မှာ commitment ထားရရင် ကောင်းမလား” ဆိုတာတွေကို တဖြည်းဖြည်းစဉ်းစားလာကြပါတယ်။ ယောက်ျားလေးကမိန်းကလေးကို စိတ်ဝင်စားတဲ့အခါ ဒီလိုအခြေခံကနေစကြပါတယ်။

မိန်းကလေးက ယောက်ျားလေးတစ်ယောက်ကိုစိတ်ဝင်စားတဲ့အခါ…

ဦးနှောက်နဲ့စတွေးပါတယ်။

  • သူက စိတ်ဝင်စားဖို့ကောင်းသလား။
  • ဘယ်လိုလူမျိုးလဲ။
  • မိန်းမတွေကိုချစ်တတ်သလား။

မိန်းကလေးတွေရဲ့ဦးနှောက်ထဲမှာ မေးခွန်းပေါင်းများစွာနဲ့ ယောက်ျားလေးကို စတင်ချဉ်းကပ်ပါတယ်။

ဒီလိုတွေးပြီးတော့မှ “အိုကေ… We are going to date.” ဆိုတော့မှ ထမင်းသွားစားကြမယ်။ Hangout လုပ်ကြမယ်။ ဒီအခြေအနေမှာ သူတို့ရဲ့စိတ်ထဲမှာ ဒီယောက်ျားလေးက သူတို့ကိုနွေးထွေးစေတဲ့ခံစားချက်မျိုးတွေပေးတာ၊ လုံခြုံတယ်လို့ခံစားလိုက်ရတာ၊ “ဟာ… ဒီယောက်ျားလေးနဲ့နေရတာ… သူတို့ရဲ့ပြောပုံဆိုပုံ၊ ဆက်ဆံပုံက ငါ့အတွက်လုံခြုံမှုကိုဖြစ်စေပါလား။ ငါ့ကိုအရိပ်အမိုးပေးနိုင်မယ့်သူပါလား” ဆိုတဲ့ခံစားချက်မျိုးတွေ၊ အတွေးမျိုးတွေဝင်သွားတယ်ဆိုရင် မိန်းကလေးတွေက သူတို့နှလုံးသားတံခါးကိုဖွင့်ပေးပါတယ်။ ဒီလိုဖြစ်တဲ့အခါကျမှ hormone balance ညီလာတာနဲ့ အမျှ ဒီယောက်ျားလေးအပေါ်မှာ physical attraction သွားပါတယ်။ ဒါကြောင့် မိန်းကလေးနဲ့ယောက်ျားလေး Attraction Circle သွားလာပုံချင်းမတူကြပါဘူး။

ဒါဆိုဘယ်လိုညှိယူရမလဲ။

မိန်းကလေးတစ်ယောက်ကို ယောက်ျားလေးတစ်ယောက်က စိတ်ဝင်စားကြောင်းဖွင့်ပြောပြီးသွားရင် ယောက်ျားလေးဘက်က နည်းနည်းလေး detach လုပ် (ခပ်ခွာခွာနေ) ရပါတယ်။ သူလုပ်သင့်တာတွေ လိုက်လုပ်နေရပါမယ်။ အဲ့ဒီအချိန်မှာ မိန်းကလေးဘက်ကကြည့်ရင် ယောက်ျားလေးက သွေးအေးလိုက်တာ။ ဘယ်လိုမှန်းမသိဘူး။ ငါ့ဆီလည်းပြန်မလာတော့ပါလား။ ငါနဲ့တော့ hangout လုပ်နေတာကြာနေပြီးတော့မှ အခုတော့ပျောက်သွားလိုက်တာဆိုပြီး မိန်းကလေးတွေရဲ့ရင်ထဲမှာ တောင့်တတဲ့စိတ်၊ တမ်းတတဲ့စိတ်မျိုးဝင်လာပါတယ်။ ဒီကနေတဆင့် ဖုန်းခေါ်တာတို့ဘာတို့ဖြစ်လာပြီးမှ detachment ကနေတဆင့် အချစ်ဆိုတာတဖြည်းဖြည်းနဲ့ပေါက်ဖွားလာပါလိမ့်မယ်။

ဒီလိုမဟုတ်ဘဲ ယောက်ျားလေးကမိန်းကလေးကိုကြိုက်ပြီး (မိန်းကလေးကလည်း ယောက်ျားလေးကို သဘောကျကြောင်းပြောထားတော့) အနောက်ကနေ အသည်းအသန်လိုက်ကပ်နေမယ် (ကလေးတစ်ယောက်က အမေဆီကနေတစ်ခုခုလိုချင်လို့ ကပ်နေတဲ့ပုံစံမျိုး)၊ မိန်းကလေးကလည်း ယောက်ျားလေးကို ကလေးထိန်းနေရသလိုဖြစ်လာပြီဆိုရင် ဒီ relationship က ရှေ့ဆက်ဖို့သိပ်အဆင်မပြေတတ်ပါဘူး။

တစ်ခါတလေ မိန်းကလေးဘက်ကကြိုက်ပါတယ်လို့ပြောထားပြီးပေမယ့်လည်း physically ready မဖြစ်သေးတဲ့အခါမျိုးမှာ ယောက်ျားလေးဖက်က physical attraction, physical movement တွေကို ချက်ချင်းကြီး jump in သွားလုပ်လိုက်မိရင် မိန်းကလေးအတွက် ဖိအားဖြစ်စေပြီး relationship က ရပ်တန့်သွားနိုင်ပါတယ်။ ဒီမိန်းကလေးကိုရမှဖြစ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ နောက်ကတကောက်ကောက်လိုက်နေမယ်ဆိုရင် မိန်းကလေးတွေအတွက်အဆင်မပြေနိုင်တဲ့အတွက်ကြောင့် detachment ကိုလုပ်ပါ။ သူတို့အတွက် space ပေးမှ ယောက်ျားလေးအပေါ်မှာ အလိုက်သင့်စိတ်ဝင်စားလာပြီး physically attractive ဖြစ်လာပါလိမ့်မယ်။

ဒါကြောင့်ဘယ်လိုလုပ်ရမလဲဆိုရင် မိန်းကလေးရဲ့အိမ်ကိုသွားလည်တာမျိုးလုပ်လို့ရပါတယ်။ သူတို့ခွင့်ပြုတယ်ဆိုရင် hangout လုပ်တဲ့အခါ ပန်းကန်ဝင်ဆေးတာ၊ သစ်ပင်ရေလောင်းတာမျိုးတွေကို သူငယ်ချင်းတစ်ယောက်လိုလုပ်ပေးလို့ရပါတယ်။ မိန်းကလေးတွေအနေနဲ့ လုံခြုံမှုကိုခံစားရတယ်ဆိုရင် သူ့အလိုအလျောက် physical attraction ဖြစ်လာပြီး ချစ်သူဘဝကိုကူးပြောင်းလို့ရလာပါလိမ့်မယ်။

Thida Aung

Aug 26, 2020 (Wednesday)

စာကြွင်း။ ဒီဆောင်းပါးကိုကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ်သဘောကျနေတဲ့သူ/ဂရုစိုက်တဲ့သူတစ်ယောက်ကို မျှဝေလိုက်ပါ။ 🌸
Thida Aung

Founder & Head Educator of TDA Life Education. Thida sees relationships as the center of every area in life, from failure to success, from happiness to fulfillment.

Related Posts

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form