Anxiety ဆိုတာဘာလဲ။
Anxiety စိုးရိမ်ပူပန်ကြောင့်ကြမှု (သောကစိတ်) ဆိုတာ -
- သံသယစိတ်အပေါ်လိုက်ပြီး ခန္ဓာကိုယ်ခွန်အားကျဆင်းသောအခြေအနေဖြစ်ပေါ်ခြင်း
- ခန္ဓာကိုယ်ခွန်အားကျဆင်းမှုအနေအထားအပေါ်လိုက်ပြီး သံသယစိတ်ဖြစ်ပေါ်ခြင်း
- စိတ်ဖိစီးမှုဒဏ် (stress) များလျှင်ဖြစ်ပေါ်တတ်သည်။
Anxiety ၏လက္ခဏာ
- စိတ်ခံစားချက် သည်းထိတ်ရင်ဖိုဖြစ်နေခြင်း (အတွေးထဲမှာ ကံကြမ္မာဆိုးကြီးကျတော့မှာပဲဟု တွေးထင်နေခြင်း)
- စိတ်ကဖြစ်ခဲ့ပြီးတဲ့ပြဿနာအပေါ်မှာသာအာရုံစိုက်နေပြီး လက်ရှိတဒင်္ဂဖြစ်ပျက်နေသည့်အပေါ် စိတ်မရှိနေခြင်း
- မကောင်းသောအတွေ့အကြုံ၊ ပြဿနာတွေကို မရပ်မနားတွေးနေတတ်ခြင်း
- နှလုံးခုန်မြန်လာခြင်း
- အသက်ရှူနှုန်းမြန်နေခြင်း
- ချွေးအရမ်းထွက်နေခြင်း
- တုန်တုန်ရီရီဖြစ်နေခြင်း
- အားအင်ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်နေခြင်း
Anxiety ကိုဖြစ်စေသောအရာများ
- အတွေးများခြင်း (Inner Voice)
- ကလေးဘဝကို ရိုင်းစိုင်းခက်ထန်ကြမ်းတမ်းသောပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့ရခြင်း
- မူးယစ်ဆေးဝါးသုံးစွဲခြင်း
- မသိသေးသော၊ မကျင်လည်ဖူးသောနယ်ပယ်ကိုရောက်သွားခြင်း
Anxiety ကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ။
ခန္ဓာကိုယ်ပိုင်းဆိုင်ရာ (Physically) အတွက် -
- Panic attack ဝင်နေလျှင် (နှလုံးခုန် အသက်ရှူနှုန်းအရမ်းမြန်၊ ချွေးစေးအလွန်အကျွံထွက်ခြင်း၊ အားအင်ကုန်ခမ်းတုန်ရီနေခြင်း) ၁ မှ ၁၀ အထိရေတွက်ပြီး အသက်ကို ပြင်းပြင်းရှူသွင်းရှူထုတ်လုပ်ပေးပါ။
- ကျွမ်းကျင်သူဆရာဝန်နှင့်ပြပြီး ဆေးကုသမှုခံယူပါ။ (ဆရာဝန်မှ လိုအပ်ပါက ဆေးဝါးအကူအညီဖြင့်ကုသပေးပါလိမ့်မည်။)
- အိပ်ရေးဝဝ၊ မှန်မှန်အိပ်ပါ။
- ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ပါ။
- လုံလောက်စွာအနားယူပါ။
စိတ်ပိုင်းဆိုင်ရာ (Mentally) အတွက် -
- စိတ်ကအရင်ကကြုံတွေ့ခဲ့တဲ့၊ အဆင်မပြေခဲ့တဲ့အရာတွေကို စဉ်းစားပြီးသောကရောက်နေသည်ကို အသိအမှတ်ပြုပါ။ (Acknowledge your distress about the past.)
- မဖြစ်လာသေးတဲ့အရာတွေကို ကြိုတင်စဉ်းစားပြီး စိုးရိမ်ပူပန်နေခြင်းအပေါ် အသိအမှတ်ပြုပါ။ (Acknowledge your worry about the future.)
- နေ့စဉ်အချိန်ပေးပြီး တရားမှန်မှန်ထိုင်ပါ။ တရားထိုင်နေစဉ်အတွင်း စိတ်ကဘာတွေတွေးနေသလဲ။ ဘယ်လိုခံစားနေသလဲ။ ခန္ဓာကိုယ်ကရော ဘယ်လိုတုံ့ပြန်လှုပ်ရှားနေသလဲဆိုတာတွေကို သတိကပ်ပြီး အသိအမှတ်ပြုပေးပါ။ (Be aware and acknowledge your thoughts.)
- စိတ်ထဲခံစားနေရတာတွေကို ယုံကြည်စိတ်ချရသူထံ ရင်ဖွင့်ပါ။ သို့မဟုတ် စာရွက်အလွတ်မှာ အကုန်ချရေးပါ။
- စိတ်ခွန်အားပြည့်ဝစေရန် ကျွမ်းကျင်သူများထံမှ လမ်းညွှန်မှုရယူပါ။ တိုင်ပင်ဆွေးနွေးပါ။
ရှောင်ရန်
- မိမိနှင့်မတည့်သောအစားအသောက်များကို ရှောင်ပါ။
- အရက်နှင့်ဆေးသုံးစွဲမှုများကို ရှောင်ပါ။
- တစ်ယောက်တည်း ကြိတ်မှိတ်ပြီးမဖြေရှင်းပါနဲ့။
Anxiety သည် သံသယနဲ့ကြောက်စိတ်ကိုအခြေခံပြီးဖြစ်လာသည့်အတွက် မိမိစိတ်ကိုအမြဲကြည်လင်လန်းဆန်းနေအောင်ထားဖို့အရေးကြီးပါတယ်။
Thida Aung
Jun 29, 2022 (Wednesday)