Inner Well-Being Course

LIVING BEING MINDFUL

သတိနှင့်နေထိုင်ခြင်း

Inner Well-Being Course | Online | Zoom Class

"နေကောင်းလား" လို့မေးခံရတဲ့အခါ ခန္ဓာကိုယ်နေကောင်းပါတယ်၊ စိတ်နေကောင်းပါတယ်လို့ ခွဲခြားပြီးပြန်ဖြေတတ်ဖို့လိုပါတယ်။ မိမိတို့ရဲ့နေကောင်းကျန်းမာခြင်းဆိုသည်မှာ ခန္ဓာကိုယ်မှာရှိသလို စိတ်မှာလည်းရှိပါတယ်။ "Living Being Mindful - သတိနှင့်နေထိုင်ခြင်း" သင်တန်းသည် ခန္ဓာကိုယ်ကျန်းမာခြင်းနဲ့စိတ်၏ကျန်းမာခြင်းကို အပြန်အလှန်ဂရုစိုက်တတ်သွားစေရန်၊ မိမိနေထိုင်ရတဲ့ လူ့ဘဝသက်တမ်းတစ်လျှောက်မှာ သတိ၊ အသိနှင့် နားလည်သဘောပေါက်ခြင်းတို့ဖြင့် စိတ်တည်ငြိမ်အေးချမ်းစွာ မိမိလိုချင်သော စိတ်သဏ္ဌာန်ပုံစံနှင့် ခန္ဓာကိုယ်တို့ကို ထိန်းသိမ်းပြီးနေထိုင်သွားနိုင်စေရန် ရည်ရွယ်ပါတယ်။

လူသားတစ်ယောက်က လူသားဖြစ်ရခြင်းသဘာဝအရ စိတ်၊ ခန္ဓာကိုယ်၊ စိတ်ခံစားချက်၊ မှတ်ဉာဏ်၊ စွမ်းအင်တွေနဲ့ နေ့စဉ်အသက်ရှင်သန်နေထိုင်နေရပေမယ့် မိမိစိတ်ကို ဘယ်လိုတည်ဆောက်ရမယ်၊ ကိုယ်လိုချင်တဲ့ စိတ်အနေအထားရောက်ဖို့ ဘယ်လိုစီမံခန့်ခွဲကိုင်တွယ်ရမယ်ဆိုတာကိုတော့ ဘယ်ကျောင်းမှာမှ မသင်ခဲ့ရပါဘူး။ "သတိနှင့်နေထိုင်ခြင်း" သင်တန်းမှာတော့ နှစ်ပေါင်း ၂၀ ကျော် စိတ်နဲ့ပတ်သက်ပြီး လက်တွေ့လေ့လာလိုက်စားခဲ့တဲ့ Inner Well-Being Educator ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကို ပြန်လည်မျှဝေလမ်းညွှန်ပေးမှာဖြစ်ပါတယ်။ လေးရက်ခွဲသင်တန်းအပြီးမှာ (ဘဝမှာမမျှော်လင့်ထားတဲ့) တစ်ဦးချင်းစီ၏ သင်တန်းတက်ရခြင်းရည်ရွယ်ချက်အားလုံးကို အပြည့်အဝရရှိစေမယ်လို့ အာမခံပါတယ်။

ဘယ်သူတွေတက်သင့်သလဲ။

  • အထီးကျန်နေသူများ
  • ဒေါသမထိန်းနိုင်သူများ
  • နောင်တနှင့်နေထိုင်သူများ
  • စိတ်ဖိစီးမှုဒဏ်ခံနေရသူများ
  • သောကပူပန်စိုးရိမ်စိတ်ဖြင့်နေထိုင်နေသူများ
  • အပျက်သဘောဆောင်သောခံစားချက်များနှင့်အတွေးများနေသူများ

သင်ကြားမည့်အကြောင်းအရာများ

  • စိတ်ဆိုတာဘာလဲ။
  • လူသားတို့၏တုံ့ပြန်မှုများ
  • အတွင်းအပြင်အာရုံသံသရာကို နားလည်သဘောပေါက်ခြင်း
  • ယုံကြည်မှုစနစ်
  • တရားထိုင်ခြင်း၏အကျိုးကျေးဇူးများကို အပြည့်အဝရယူခြင်း
  • စိတ်နှင့်ခန္ဓာကိုယ်ကို ပြန်လည်ချိတ်ဆက်ခြင်း
  • သတိရှိခြင်းကို ပစ္စုပ္ပန်တွင်လက်တွေ့ကျင့်သုံးခြင်း

ရရှိမည့်အကျိုးကျေးဇူးများ

  • သတိအသိရှိလာခြင်း
  • ညတိုင်းနှစ်ခြိုက်စွာအိပ်နိုင်ခြင်း
  • မိမိကိုယ်မိမိစိတ်ချယုံကြည်ခြင်း
  • လူတွေနဲ့ဆက်ဆံရေးပြေလည်လာခြင်း
  • စီးပွားရေးလမ်းကြောင်းများပိုမြင်တတ်လာခြင်း
  • စိတ်နှင့်ခန္ဓာကိုယ်တစ်စုတစ်စည်းတည်းနေထိုင်တတ်လာခြင်း
  • ခွန်အားပြည့်ဝစွာဖြင့် ကြုံတွေ့သမျှကိုရင်ဆိုင်နေထိုင်တတ်လာခြင်း

Upcoming: LBM Batch 13

Date: Nov 22, 23, 24, 25 & 27, 2024
Time: 8:00-10:30 PM (Yangon Time)
Fee: 200,000 MMK
Language: Burmese
Trainer: Thida Aung

Zoom ဖြင့် သင်ကြားပါမည်။
REGISTER NOW

သင်တန်းသားတွေရဲ့စကားသံ

LBM သင်တန်းကို တီချယ်ကတက်ဖို့တိုက်တွန်းလို့တက်ခဲ့ပါတယ်။ နောက်ရက်တွေမှာတော့ စိတ်ဝင်စားစရာကောင်းတာ၊ လူတိုင်းနားလည်သင့်၊ သိသင့်တယ်ဆိုတဲ့ concept မျိုးတွေးမိလာတယ်။ ပိုပြီးသဘောပေါက်နားလည်လာတယ်။ Day 1 to 4 recording ကိုပြန်ထည့်ပေးထားတာလည်း အရမ်းကောင်းတယ်။ Recording တွေကိုပြန်နားထောင်ရင် ပိုပြီးနားလည်တယ်လို့ခံစားရတယ်။ ပြီးတော့ သင်တန်းကိုနောက်ထပ်တစ်ကြိမ်ပြန် join ခွင့်ရှိတာလည်း အရမ်းကောင်းပါတယ်။ တီချယ်နဲ့ ညီမလေးယမုံတို့ရဲ့စေတနာလို့ထင်ပါတယ်။ လူကြီးလူငယ်မရွေးတက်သင့်တဲ့သင်တန်းပါ။ အခုချိန်မှာ လူတိုင်းစိတ်ပိုင်းဆိုင်ရာလိုအပ်ချက်ပိုများနေကြတော့ ပိုပြီးတက်သင့်ပါတယ်။

Mya Moe Thant
LBM, Batch 4
Nov 30, 2022

Living Being Mindful ကို ပထမတစ်ခေါက်တက်ကတည်း အတော်အားရပြီး ကိုယ့်အနာဂတ်ကို သေချာပုံဖော်တတ်ခဲ့တယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင် ငယ်ငယ်ကတည်းကဖြစ်ခဲ့တဲ့ emotion တွေကိုနားလည်လာပေမယ့် doubt လေးတွေရှိနေသေးတာ။ LBM ကို ဒုတိယအကြိမ်ထပ်တက်တော့ အခြား participant တွေရဲ့ life အတွေ့အကြုံတွေကောသိရပြီး ကိုယ့် doubt တွေ ပျောက်လာတယ်။ ဒုတိယအကြိမ်တက်ပါတယ်ဆိုတဲ့ကိုယ်က အခုမှတက်တဲ့အမတွေဆီကတောင် life advice ကောင်းကောင်းလေးတွေ ပြန်ရခဲ့သေးတယ်။ တက်ခဲ့ရတာပျော်ပျော်ကြီးပါပဲ။ LBM က ကျွန်တော့် life Being ကို စ change ပေးခဲ့ပြီ။

Ye Lwin
LBM, Batch 4
Nov 11, 2022

LBM အတန်းလေးကိုတက်လိုက်ရတာက ညီမဘဝမှာ ဘဝအချိုးအကွေ့အခိုက်အတန့်တစ်ခုကို ရောက်သွားသလိုပါပဲ။ ဆရာမသီတာအောင်ကြောင့် ဘယ်အရာနဲ့မှအစားမထိုးနိုင်တဲ့ ဗဟုသုတအသစ်တွေကော၊ တန်ဖိုးရှိလှတဲ့ပညာတွေကောကို လက်ခံရရှိခဲ့ပါတယ်ရှင်။ ၁၉နှစ်ကာလတာဖြတ်သန်းခဲ့ရသမျှက တကယ်အကျိုးရှိသွားပါတယ်ရှင်။ လက်ရှိအခြေအနေကိုလည်း ရှုထောင့်မျိုးစုံကနေလေ့လာလာနိုင်ပြီး ကိုယ်နဲ့စိတ်ကျန်းမာရေးအတွက် ဘယ်လိုမျိုးဟန်ချက်ညီအောင်လုပ်ဆောင်ရမလဲ၊ တွေးတောရမလဲဆိုတာပါ သဘောပေါက်သွားပါတယ်။ အရင်ထက်စာရင်လည်း လူအများနဲ့ပေါင်းသင်းဆက်ဆံရတာလည်း ပိုပေါ့ပါးလာပြီး အဆင်ပြေလာပါတယ်ရှင်။ ဘဝတစ်လျှောက်လုံးအတွက်အသုံးချနိုင်တဲ့ mindset ကိုလည်း အစပျိုးပေးလိုက်ပြီး ကိုယ့် inner voice ကို သေချာနားထောင်သင့်ကြောင်းသင်ပေးလိုက်တဲ့ ဆရာမသီတာအောင်ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

သီရိအတွက်က မရှင်းပြနိုင်လောက်တဲ့အထိ အကျိုးကျေးဇူးတွေအများကြီးရခဲ့ပါတယ်။ လက်ရှိမှာလည်း ဒီကနေရရှိတဲ့ပညာတွေကို ကောင်းကောင်းအသုံးချပြီး အနာဂတ်သစ်ဆီသို့ ရဲဝင့်စွာလျှောက်လှမ်းနေပါတယ်။ ဒီ LBM အတန်းလေးက သီရိ့ဘဝကို တကယ်ပြောင်းလဲပေးခဲ့တာပါရှင်။ Recommended 100/10 ✨

Thiri Myo Myat Win
LBM, Batch 4
Nov 3, 2022

LBM သင်တန်းလေးတက်ခွင့်ရခဲ့လို့ ကျေးဇူးတင်ပါတယ် တီချယ်ရှင့်။ ဒီသင်တန်း (၄) ရက်တာအချိန်လေးမှာ မိမိလိုချင်သောစိတ်နှင့်ခန္ဓာကိုယ်တို့ကို ဘယ်လိုနေထိုင်သွားရမယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိခွင့်ရခဲ့ပါတယ်။ ပိုပြီးကြိုးစားနေထိုင်သွားပါမယ်ရှင့်။ အခုဆို inner voice ကို အမြဲနားထောင်ဖြစ်လာပါတယ်။ စိတ်ညစ်စရာ၊ ဒေါသဖြစ်စရာစိတ်လေးပေါ်လာခဲ့ရင် ဒါ inner voice လေးကပြောနေတာဆိုပြီး အသိအမှတ်ပြုတတ်လာပါတယ်။ ကိုယ်တိုင်နဲ့သူများတွေအပေါ် ဘယ်လို AAL မျိုးနဲ့နားထောင်မိပြီး ပြုမူနေသလဲဆိုတာကိုပါ သိရှိလာပါတယ်။ စိတ်က story တွေဖန်တီးနေတယ်ဆိုတာ သိလာပါတယ်။ မိမိရင်ဆိုင်နေရတဲ့ breaking the circle ကို တီချယ်နဲ့တွေ့ပြီး ကွင်းကွင်းကွက်ကွက်ကြီးကိုတွေ့မြင်လာရပါတယ်။

အရင်က စိတ်နဲ့ပတ်သက်ပြီး တစ်နေ့တာဖြတ်သန်းမှုမှာ မကျေနပ်ချက်တွေနဲ့ဖြတ်သန်းနေရာကနေ တီချယ်နဲ့တွေ့ပြီး မိမိစိတ်မကျေနပ်မှုတွေကို သေချာသိရှိလာခဲ့ပါတယ်။ ပစ္စုပ္ပန်မှာ စိတ်နဲ့ကိုယ် ကျန်းမာချမ်းသာခြင်းဖြင့် သတိနှင့်နေထိုင်တတ်လာဖို့ ပိုမိုသိရှိနားလည်လာပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အရင်ထက်အများကြီးကျေးဇူးတင်လာမိပါတယ်ရှင့်။ တီချယ်၊ ညီမယမုံနှင့် တီချယ့် team, အတူတူတက်ရောက်ခဲ့ကြတဲ့ Batch 4 မှ မောင်နှမတွေကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ထပ် တီချယ်ရဲ့ LBM သင်တန်းနဲ့အခြားသင်တန်းများကိုတက်ဖို့ ဆုံးဖြတ်ထားပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်။ 💛

Saw Su Su San
LBM, Batch 4
Oct 27, 2022

တီချယ့်ကို 2022 နှစ်ဆန်းပိုင်းလောက်ကစပြီး FB video လေးတွေ၊ စာစုလေးတွေကနေစသိခဲ့ပြီး 2022 ၆ လပိုင်းမှာ ဝေဝါးနေတဲ့ဆုံးဖြတ်ချက်ချဖို့ တီချယ်နှင့် coaching ယူဖြစ်ခဲ့ပါတယ်။ တီချယ်နှင့်တွေ့ခွင့်ရပြီးနောက်ပိုင်း ရွေးချယ်တတ်လာတယ်။ စိတ်ကိုအေးချမ်းစွာ ထားတတ်လာတယ်။ မိမိကိုယ်မိမိ relate လုပ်တတ်လာတယ်။ LBM သင်တန်းတက်ပြီး ဘဝကို present moment မှာနေကာ ပိုမိုပျော်ရွှင်စွာဖြတ်သန်းနိုင်တယ်ဆိုတာ သိရှိနားလည်ရတာတော့ တန်ဖိုးမဖြတ်နိုင်အောင်ပါပဲ။ သင်တန်းတက်ခွင့်ရလို့ ကျေးဇူးတင်ရပါတယ်။ နောက်ထပ်သင်တန်းတွေမှာ ဆုံခွင့်ရချင်ပါသေးတယ်။

Htet Htet Aung
LBM, Batch 4
Oct 27, 2022

အမေးများသောမေးခွန်းများ

Updated on Aug 21, 2022.
အကျိုးများဖို့ ဘာလုပ်ရမလဲ။
လက်တွေ့လေ့ကျင့်ဖို့ကူညီပေးလား။
Graduate ၏အကျိုးခံစားခွင့်များ
သင်တန်းစည်းကမ်းချက်များ
သင်တန်းဘယ်လိုအပ်ရမလဲ။

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form