Inner Well-Being Course

LIVING BEING MINDFUL

သတိနှင့်နေထိုင်ခြင်း

Inner Well-Being Course | Online | Zoom Class

"နေကောင်းလား" လို့မေးခံရတဲ့အခါ ခန္ဓာကိုယ်နေကောင်းပါတယ်၊ စိတ်နေကောင်းပါတယ်လို့ ခွဲခြားပြီးပြန်ဖြေတတ်ဖို့လိုပါတယ်။ မိမိတို့ရဲ့နေကောင်းကျန်းမာခြင်းဆိုသည်မှာ ခန္ဓာကိုယ်မှာရှိသလို စိတ်မှာလည်းရှိပါတယ်။ "Living Being Mindful - သတိနှင့်နေထိုင်ခြင်း" သင်တန်းသည် ခန္ဓာကိုယ်ကျန်းမာခြင်းနဲ့စိတ်၏ကျန်းမာခြင်းကို အပြန်အလှန်ဂရုစိုက်တတ်သွားစေရန်၊ မိမိနေထိုင်ရတဲ့ လူ့ဘဝသက်တမ်းတစ်လျှောက်မှာ သတိ၊ အသိနှင့် နားလည်သဘောပေါက်ခြင်းတို့ဖြင့် စိတ်တည်ငြိမ်အေးချမ်းစွာ မိမိလိုချင်သော စိတ်သဏ္ဌာန်ပုံစံနှင့် ခန္ဓာကိုယ်တို့ကို ထိန်းသိမ်းပြီးနေထိုင်သွားနိုင်စေရန် ရည်ရွယ်ပါတယ်။

လူသားတစ်ယောက်က လူသားဖြစ်ရခြင်းသဘာဝအရ စိတ်၊ ခန္ဓာကိုယ်၊ စိတ်ခံစားချက်၊ မှတ်ဉာဏ်၊ စွမ်းအင်တွေနဲ့ နေ့စဉ်အသက်ရှင်သန်နေထိုင်နေရပေမယ့် မိမိစိတ်ကို ဘယ်လိုတည်ဆောက်ရမယ်၊ ကိုယ်လိုချင်တဲ့ စိတ်အနေအထားရောက်ဖို့ ဘယ်လိုစီမံခန့်ခွဲကိုင်တွယ်ရမယ်ဆိုတာကိုတော့ ဘယ်ကျောင်းမှာမှ မသင်ခဲ့ရပါဘူး။ "သတိနှင့်နေထိုင်ခြင်း" သင်တန်းမှာတော့ နှစ်ပေါင်း ၂၀ ကျော် စိတ်နဲ့ပတ်သက်ပြီး လက်တွေ့လေ့လာလိုက်စားခဲ့တဲ့ Inner Well-Being Educator ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကို ပြန်လည်မျှဝေလမ်းညွှန်ပေးမှာဖြစ်ပါတယ်။ လေးရက်ခွဲသင်တန်းအပြီးမှာ (ဘဝမှာမမျှော်လင့်ထားတဲ့) တစ်ဦးချင်းစီ၏ သင်တန်းတက်ရခြင်းရည်ရွယ်ချက်အားလုံးကို အပြည့်အဝရရှိစေမယ်လို့ အာမခံပါတယ်။

ဘယ်သူတွေတက်သင့်သလဲ။

  • အထီးကျန်နေသူများ
  • ဒေါသမထိန်းနိုင်သူများ
  • နောင်တနှင့်နေထိုင်သူများ
  • စိတ်ဖိစီးမှုဒဏ်ခံနေရသူများ
  • သောကပူပန်စိုးရိမ်စိတ်ဖြင့်နေထိုင်နေသူများ
  • အပျက်သဘောဆောင်သောခံစားချက်များနှင့်အတွေးများနေသူများ

သင်ကြားမည့်အကြောင်းအရာများ

  • စိတ်ဆိုတာဘာလဲ။
  • လူသားတို့၏တုံ့ပြန်မှုများ
  • အတွင်းအပြင်အာရုံသံသရာကို နားလည်သဘောပေါက်ခြင်း
  • ယုံကြည်မှုစနစ်
  • တရားထိုင်ခြင်း၏အကျိုးကျေးဇူးများကို အပြည့်အဝရယူခြင်း
  • စိတ်နှင့်ခန္ဓာကိုယ်ကို ပြန်လည်ချိတ်ဆက်ခြင်း
  • သတိရှိခြင်းကို ပစ္စုပ္ပန်တွင်လက်တွေ့ကျင့်သုံးခြင်း

ရရှိမည့်အကျိုးကျေးဇူးများ

  • သတိအသိရှိလာခြင်း
  • ညတိုင်းနှစ်ခြိုက်စွာအိပ်နိုင်ခြင်း
  • မိမိကိုယ်မိမိစိတ်ချယုံကြည်ခြင်း
  • လူတွေနဲ့ဆက်ဆံရေးပြေလည်လာခြင်း
  • စီးပွားရေးလမ်းကြောင်းများပိုမြင်တတ်လာခြင်း
  • စိတ်နှင့်ခန္ဓာကိုယ်တစ်စုတစ်စည်းတည်းနေထိုင်တတ်လာခြင်း
  • ခွန်အားပြည့်ဝစွာဖြင့် ကြုံတွေ့သမျှကိုရင်ဆိုင်နေထိုင်တတ်လာခြင်း

Upcoming: LBM Batch 13

Date: Nov 22, 23, 24, 25 & 27, 2024
Time: 8:00-10:30 PM (Yangon Time)
Fee: 200,000 MMK
Language: Burmese
Trainer: Thida Aung

Zoom ဖြင့် သင်ကြားပါမည်။
REGISTER NOW

သင်တန်းသားတွေရဲ့စကားသံ

Tr. Thida Aung ရဲ့ Living Being Mindful (LBM) တက်ပြီးနောက် သဇင်အရင်ကထက် mindset ကို ပိုပြီးနားလည်သွားတယ်။ တခြားသူတွေကို အရင်လို အပြစ်တင်စိတ်မရှိတော့ဘူး။ ကိုယ့်ရဲ့ဖြစ်တည်မှုကို အားမရတဲ့စိတ်တွေရှိခဲ့ဖူးတာတွေ၊ open mind လုပ်နည်းတွေ ဒီသင်တန်းကနေ အများကြီးရရှိခဲ့ပါတယ်။ အရမ်းကိုကောင်းတဲ့သင်တန်းပါ။ Thank you so much Tr. Thida Aung.

May Thazin Myint
LBM, Batch 8
Mar 29, 2023

LBM class ကနေ ရတဲ့အသိတရားတွေကအများကြီးမို့ ဘယ်ကနေစပြီး စာစီရမလဲတောင် မသိလောက်အောင်ပါပဲရှင့်။

(၁) Mindfulness ကို လက်တွေ့ကျင့်လို့ရတဲ့ approach နဲ့သွားတယ်။ စစချင်းတော့ စိတ်ထဲကအတွေးတွေ၊ ခံစားချက်တွေကို သိလာလို့ ခက်တာမျိုးဖြစ်ပေမယ့် တီချယ်ပြောသလို အတွေးခံစားချက်မပါတဲ့စိတ်က သတိပါပဲဆိုသလို သတိနဲ့နေနည်းကို လက်တွေ့ကျကျသိလာပါတယ်။ အတွင်းထဲကလာတဲ့ပျော်ရွှင်မှုကို စခံစားလာရတယ်။ အခက်အခဲတွေကြုံရတဲ့နေ့တွေမှာလည်း ပိုပြီးတည်ငြိမ်စွာနဲ့ ကိုယ့်ဖြစ်တည်မှုကို ကိုယ်ဖန်တီးခွင့်ရှိလာတယ်။

(၂) ကိုယ့်ရဲ့စစ်မှန်တဲ့ကိုယ်နဲ့ ပြန်တွေ့လာရပါတယ်။ ကိုယ့်ဟာကိုယ် ငါမလုပ်နိုင်ဘူးထင်တဲ့ဘောင်ကနေ ထွက်လာနိုင်တဲ့ moment တွေ ကြုံလာရပါတယ်။

(၃) ကိုယ့်အတွင်းသံတွေကနေ  ကိုယ့်ကိုအကျိုးရှိမယ့်ဉာဏ်ပညာကိုရွေးချယ်ပြီး လုပ်ဆောင်တတ်လာပါတယ်။

ဘဝကို အမြင်အသစ်၊ စိတ်အသစ်၊ လူအသစ်ဖြစ်သွားစေတဲ့အတန်းမို့ လူတိုင်း တက်ကိုတက်သင့်တဲ့အတန်း ဖြစ်ပါတယ်ရှင့်။

Myo Yadana Oo
LBM, Batch 1
Mar 7, 2023

အချစ်ခံလူသားဘဝကနေ... ကိုယ့်ကိုမချစ်တော့ဘူး။ မင်းဟာ ငါ့အတွက်အနှောင့်အယှက်တစ်ခုလို့... သိမြင်ခံစားလာအောင် ပြုလုပ်ခံလိုက်ရတဲ့အခိုက်အတန့်တစ်ခုမှာ ကျွန်မဟာ ကျွန်မကိုယ်တိုင်ရော၊ အရာရာကိုရော မုန်းတီးခဲ့တယ်။ နောက်ဆုံးထွက်ပေါက်ဟာ သေဆုံးခြင်းလို့ပဲသတ်မှတ်ပြီး သေဖို့ကိုပဲအမျိုးမျိုးကြိုးစားခဲ့တယ်။ ခက်တာကလည်း သေချင်တိုင်းလည်း သေရမယ့်နေ့မရောက်သေးတော့ မသေဘူးပေါ့။ အဲ့အချိန်ကိုပဲ ကျေးဇူးတင်ပါတယ်။ ကျွန်မသာသေသွားခဲ့ရင် တီချယ်နဲ့တွေ့ခဲ့မှာ၊ တီချယ်ဆီကနေ သင်တန်းတွေတက်ခွင့်ရခဲ့မှာ မဟုတ်တော့ပါဘူး။

တီချယ်ဆီကနေ LBM သင်တန်းတက်ပြီးတဲ့အချိန်မှာ ကျွန်မဘဝရဲ့အလင်းရောင်တွေ၊ ပျော်ရွှင်မှုတွေ၊ မေ့ထားတာကြာပြီဖြစ်တဲ့ လုပ်ချင်တဲ့ရည်မှန်းချက်တွေကို တဖြေးဖြေးပြန်ရှာတွေ့ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်းပြန်ချစ်လာသလို သူ့ကိုလည်း အရင်လိုပြန်မချစ်နိုင်တော့ပေမယ့် ကောင်းကောင်းနားလည်ခွင့်လွှတ်ပေးနိုင်ခဲ့ပါတယ်။ စွန့်လွတ်စရာမလိုဘဲနဲ့ စိတ်လက်ပေါ့ပါးစွာ အတူတူနေထိုင်လာနိုင်ခဲ့ပါတယ်။ အရာအားလုံးကို အရင်အခြေအနေထက်ပိုကောင်းအောင် ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုလည်း ကောင်းကောင်းသိခဲ့ပါတယ်။ ဖြစ်ပျက်ခဲ့တဲ့အရာတွေကို ကျေးဇူးတင်တယ်။ နို့မို့ဆို တီချယ်နဲ့ကျွန်မ ဘယ်လိုမှတွေ့ဖြစ်မှာမဟုတ်ဘူး။ တီချယ်နဲ့တွေ့ရတာ တကယ်ကိုပဲ ပျော်ရွှင်ကြည်နူးကျေးဇူးတင်ရပါတယ်။

Thel Oo Nyan
LBM, Batch 7
Jan 31, 2023

အတွေးလွန်တတ်တဲ့လူဆိုတော့ စိတ်အရမ်းပင်ပန်းရတယ်။ သူများတွေကတော့ မတွေးနဲ့ ပြောလည်း မတွေးအောင်ဘယ်လိုလုပ်ရမလဲမသိခဲ့ဘူး။ ပြောတော့သာလွယ်တာ... ထိန်းရအရမ်းခက်တာလေ။ ခု Living Being Mindful course လေးမှာမှ inner voice အကြောင်းသိပြီး အတွေးတွေဖြတ်တတ်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် authentic ဖြစ်ဖြစ်နဲ့ ဘဝကို ပေါ့ပါးအောင်နေတတ်သွားတယ်။ မိမိရဲ့ကောင်းခြင်းကိုသာမက အဆိုးတွေကိုပါလက်ခံနိုင်လာတယ်။ အဲ့ဒီအတွက် တီချယ်နဲ့ မယမုံကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒီသင်တန်းက လူလိမ္မာသင်တန်းမဟုတ်ဘူးလို့ မယမုံပြောတာတော့ သဘောတော်တော်ကျမိတယ်။

Khin Sandi Han
LBM, Batch 5
Dec 4, 2022

တီချယ့်ဆီမှာ LBM course တက်ပြီး ကိုယ့်ရဲ့ရှုပ်ထွေးနေတဲ့စိတ်တွေအကြောင်း ပိုသိလာတယ်။ Inner voice တွေ၊ autopilot တွေကို အရင်ကသတိမပြုမိပေမဲ့ အခုစပြီး သတိပြုလာတဲ့အချိန်ကစပြီး အဆင်ပြေလာပါတယ်။ Mindfulness အကြောင်းနားလည်ချင်ရင် တကယ်တက်သင့်တဲ့သင်တန်းလေးပါ။ တီချယ်နဲ့မယမုံကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်နော်။ 💕

Hsu Myat Sandi
LBM, Batch 5
Dec 1, 2022

အမေးများသောမေးခွန်းများ

Updated on Aug 21, 2022.
အကျိုးများဖို့ ဘာလုပ်ရမလဲ။
လက်တွေ့လေ့ကျင့်ဖို့ကူညီပေးလား။
Graduate ၏အကျိုးခံစားခွင့်များ
သင်တန်းစည်းကမ်းချက်များ
သင်တန်းဘယ်လိုအပ်ရမလဲ။

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form