What our clients say

TESTIMONIALS

Words about Thida

ဆရာမနဲ့ စကားပြောရတာ ကိုယ့်အမတစ်ယောက်နဲ့စကားပြောရသလိုပဲ။ ကိုယ့်ခံစားချက်တွေရင်ဖွင့်၊ ပြဿနာတွေပြောပြ။ ပြဿနာတစ်ခုချင်းစီတိုင်းမှာ ကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ခံယူချက်အပေါ်မှာမူတည်နေတာကို သိရတယ်။ ငယ်ငယ်က ကလေးဘဝတုန်းကခံစားရတာတွေ ပြောဖြစ်တယ်။ ကလေးဘဝက အရေးကြီးကြောင်းသိခဲ့ရတယ်။ အလုပ်အကိုင်အကြောင်း၊ ရည်မှန်းချက်ပန်းတိုင်အကြောင်း၊ အမေနဲ့ဆက်ဆံရေး၊ Relationship မှာ ဘယ်လိုကောင်းအောင်လုပ်ရမလဲဆိုတာတွေ တော်တော်လေးအလင်းရသွားတယ်။ တခြားသူတွေက ကိုယ့်ကိုပုံမဖော်ခင် ကိုယ်ကဘယ်လိုပုံစံမျိုးဆိုတာသိအောင်လုပ်ရမယ်။ ကိုယ်ကဘယ်လိုဘဝကိုလိုချင်တာလဲ၊ ဘယ်လိုလူမျိုးဖြစ်ချင်တာလဲ... အဲ့လိုလူတွေကဘာတွေလုပ်လဲ၊ ကိုယ်ကရောဘာတွေလုပ်နေပြီလဲဆိုတဲ့ အတွေးလေးတွေရသွားတယ်။ အဓိကကတော့ အမေနဲ့စကားကောင်းကောင်းပြန်ပြောရအုံးမယ်။ ဆရာမကိုကျေးဇူးအများကြီးတင်ပါတယ်။ ဘဝကိုတစ်ဆစ်ချိုးပြောင်းမယ့်အတွေးလေးတွေရစေမယ်လို့ အာမခံပါတယ်။

Zwe Htet
Sep 30, 2020

ကျေးဇူးအများကြီးတင်ပါတယ် ဆရာမခင်ဗျ။ ကိုယ့်အကျိုးကိုလိုလားတဲ့ အမျိုးအရင်းအချာတစ်ယောက်နဲ့ တွေ့ရသလိုပါပဲ။ စိတ်ရှည်ရှည်နဲ့နားထောင်ပြီး လမ်းပြပေးတဲ့အတွက် ခွန်အားတွေရပါတယ်။ ဆရာမကိုအရမ်းကျေးဇူးတယ်ဗျ။

Thar Oo
Sep 23, 2020

ကျေးဇူးပါ မမ။ စိတ်ရှည်ရှည်ထားပြီးနားထောင်ပေးတယ်။ အကြံပေးတယ်။ ရှေ့လျှောက်ဆက်ပြီး order ပေးပါ မမရေ။

Pyae Pyae
Sep 13, 2020

အမနဲ့ပြောနေတဲ့အချိန်ကစပြီး တန်ဖိုးရှိတဲ့စကားတွေအများကြီးသင်ပြပေးတတ်သလို စိတ်ခွန်အားတွေရရှိခဲ့တယ်။ ဘဝမှာယုံကြည်အားကိုးရတဲ့ အမလို သူငယ်ချင်းလို ရင်ဖွင့်ပြလို့ရခဲ့ဖူးပြီ။ အဲဒါအမပါပဲ။ အမရဲ့အချိန်တွေမျှဝေပေးပြီး စိတ်ခွန်အားပေးတဲ့ အမရဲ့စေတနာမေတ္တာတွေ အသိမှတ်ပြုတဲ့အနေနဲ့ မနက်ဖြန်မှာ ဒီနေ့ထက် ပိုတော်သူ၊ ပိုကောင်းသူဖြစ်အောင် ကြိုးစားပြပါ့မယ်အမ။ Thank u so much.

Nilar Win
Sep 10, 2020

အဓိကကတော့ ဘာလုပ်ရမလဲဆိုတာသိသွားတယ်။ အရင်တုန်းက အခြေအနေနှစ်ခုကြားထဲမှာရပ်နေမိတာ။ အမှန်အတိုင်းပြောရင် ဘယ်ဘက်မှမသွားရဲလို့လေ။ မမနဲ့စကားပြောပြီးနောက်ပိုင်းမှာတော့ ပိုရှင်းလင်းသွားတယ်။ ပိုသတ္တိရှိသွားတယ်။ ပိုစိတ်လုံခြုံသွားတယ်။ ကိုယ့်အတွက် ဘယ်ရွေးချယ်မှုကိုပဲလုပ်လုပ် ကြောက်စိတ်မရှိတော့ဘဲ ယုံကြည်မှုပိုတိုးလာတယ်။ ကိုယ်ဝေဝါးနေတဲ့ကိစ္စတွေကိုလည်း ရှင်းရှင်းလင်းလင်းဖြစ်အောင် လမ်းပြပေးခဲ့တယ်။ အချိန်ပေးပြီး အများကြီးဆွေးနွေးပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် မမ။

Murie Murie
Jul 16, 2020

Words about thazin

နားလည်မှုအပြည့်နဲ့ဆွေးနွေးပေးတဲ့အတွက် လူကစိတ်ပေါ့ပေါ့ပါးပါးနဲ့ လွတ်လပ်စွာ စိတ်ထဲရှိတာတွေပြောဖြစ်ခဲ့ပါတယ်။ စိတ်အာရုံပြောင်းသွားချိန်လေးမှာ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာလေးတွေ long term / short term လုပ်ရမှာတွေ ပိုရှင်းလင်းသွားပါတယ်။ တန်ဖိုးရှိတဲ့အချိန်လေးကို မျှဝေပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။

Thant Sin Tint
Apr 25, 2023

Coaching session ကနေ ကိုယ့်ကိုတစ်သက်လုံးဒုက္ခပေးလာတဲ့ inner child trauma ကို မြင်ခွင့်ရသွားတယ်။ ဒီအခြေအနေကနေလွတ်မြောက်ဖို့ ဘာတွေလုပ်ရမလဲဆိုတာလမ်းညွှန်ပေးတဲ့အတွက်ရော  နားလည်မှုအပြည့်၊ စာနာမှုအပြည့်နဲ့‌ စေတနာထားပြီးဆွေးနွေးပေးတဲ့အတွက်ရော ကျေးဇူးအများကြီးတင်ပါတယ်။ သဇင်နဲ့ coaching ယူပြီးတည်းက Relationship မှာ တဖြည်းဖြည်းချင်းပြောင်းလဲလာခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အရင်ကမမြင်မိတဲ့ရှုထောင့်တွေကနေ မြင်နိုင်လာပြီး တဖြည်းဖြည်းပြောင်းလဲနိုင်ခဲ့တယ်။

Yu War Tun
Apr 22, 2023

Childhood trauma လေးတွေဖြစ်ခဲ့တာ နှစ် ၂၀ ကျော်ကြာအထိပါနေပေမယ့် သေချာလည်းမသိခဲ့ပါဘူး။ အမသဇင်အောင်နဲ့ဆွေးနွေးခွင့်ရတဲ့အချိန်မှာ မကျေနပ်ချက်တွေပြန်တွေးတော့ အဲ့တာလေးပြန်ထွက်လာခဲ့ပါတယ်။ ပြန်ရွေးချယ်ခွင့်ရမယ်ဆိုရင်လည်း အရင်ကရွေးချယ်မှုကို ကိုယ်တိုင်ပဲ ရွေးချယ်ချင်ခဲ့တာကိုသိလိုက်ရသလို ယုံကြည်မှုအပြည့်အဝပေးခဲ့တာကို မကျေနပ်တဲ့စိတ်နဲ့ပဲခံစားပြီး သယ်လာမိတာကို အဖြေရှာပေးသွားခဲ့ပါတယ်။ အချိန်အများကြီးပေးပြီး အဖြေရှာပေးတဲ့အမကျေးဇူးကြောင့် လွှတ်ချရမယ့်အလေးအပင်တွေ ချမိသွားပြီး မိဘတွေကိုလည်းပြန်ကျေးဇူးတင်မိပါတယ်။ စိတ်လေးလျှော့ပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောရယ်၊ ကိုယ်တစ်ယောက်တည်းဖြစ်နေတာမဟုတ်လို့ လက်ခံတတ်ဖို့ရယ်၊ အရာရာသတိကပ်ဖို့ ကြိုးစားပြီး လျှောက်ကြည့်ပါမယ်။ 💛

Moh Moh Zaw Thin
Apr 19, 2023

တီချယ်ရဲ့စိတ်ရှည်မှုနဲ့ သေချာဆွေးနွေးပေးတဲ့အတွက် ညီမစိတ်ကိုပါ ဖွင့်ပြနိုင်ခဲ့တာပါ။ "ခရီးရှည်ကြီးလျှောက်ရမှာမို့ ခဏနားလည်းရတယ်" ဒီလိုစကားတွေကြောင့် ညီမကိုယ်ညီမ လက်ခံနိုင်လာပါတယ်။ တီချယ်က inspire အများကြီးဖြစ်ခဲ့ပြီး ညီမသိချင်တဲ့အရာနဲ့ အားတစ်ခုဖြစ်ပေးခဲ့လို့လည်း ကျေးဇူးအများကြီးတင်ပါတယ်။

Nyein Shwe Sin
Apr 9, 2023

သဇင်အောင်ဆီကနေ career နဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ကိုယ်မမြင်တဲ့ရှုထောင့်တွေ၊ ကိုယ့်ရဲ့အားသာချက်တွေကိုမြင်လာအောင် လမ်းပြပေးနိုင်သူတစ်ဦးဖြစ်သလို action တစ်ခုရောက်အောင် တွန်းအားပေးနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ ခုတော့ ကျွန်မဘယ်လမ်းကို focus ထားရမလဲ၊ ဘယ်လို process နဲ့ goal တစ်ခုကိုရောက်အောင်သွားရမလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိသွားခဲ့ရလို့ ကျေးဇူးအများကြီးတင်ပါတယ်။

Nang Thida Aung
Dec 25, 2022

SHARE your EXPERIENCE

Sharing is a selfless innate ability of human beings.
Your sharing has been received! Thank you for your contribution.
Oops! Something went wrong while submitting the form.

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form