Business ကို Business တစ်ခုလို အကောင်အထည်ဖော်နိုင်ဖို့ level up လုပ်တိုင်း လိုက်နာကျင့်ကြံရမယ့် စိတ်နေသဘောထားကအစ Business အမြင်တစ်ခုကို ပြောင်းလဲပေးနိုင်လို့ Business Coaching Session ပြီးတာနဲ့ Business လုပ်ငန်းထဲက structure တွေကို ပြင်စရာရှိတာ ပြင်တယ်။ ဖြည့်စရာရှိတာ ဖြည့်တယ်။ ပြောင်းလဲစရာရှိတာတွေကို ရဲရဲကြီးလုပ်ဆောင်ခဲ့တာကြောင့် အတိုင်းအတာတစ်ခုအထိ အနာဂတ်ကို လမ်းမြင်ပုံဖော်နိုင်တာမို့ တီချယ်နဲ့ coaching ယူဖြစ်လို့ အရမ်းပဲ ကျေနပ်အားရပျော်ရွှင်ပါတယ်။ ဒီထက်မကလည်း ပိုမိုလုပ်ဆောင်နိုင်ဖို့ ဆက်လက်ပြီး ကြိုးစားနေပါတယ်။
အန်တီနဲ့စကားပြောပြီးတဲ့နောက် ဝေဝါးနေတဲ့အတွေးစတွေ ရှင်းလင်းသွားတယ်။ စိတ်ခွန်အားတွေရသွားတယ်။ အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ်ရော သူတပါးကိုပါ ချစ်တတ်ဖို့နဲ့ခွင့်လွှတ်တတ်ဖို့ သင်ပေးတဲ့ အန်တီရေ Love you.
နားလည်မှုအပြည့်နဲ့ဆွေးနွေးပေးတဲ့အတွက် လူကစိတ်ပေါ့ပေါ့ပါးပါးနဲ့ လွတ်လပ်စွာ စိတ်ထဲရှိတာတွေပြောဖြစ်ခဲ့ပါတယ်။ စိတ်အာရုံပြောင်းသွားချိန်လေးမှာ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာလေးတွေ long term / short term လုပ်ရမှာတွေ ပိုရှင်းလင်းသွားပါတယ်။ တန်ဖိုးရှိတဲ့အချိန်လေးကို မျှဝေပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
Coaching session ကနေ ကိုယ့်ကိုတစ်သက်လုံးဒုက္ခပေးလာတဲ့ inner child trauma ကို မြင်ခွင့်ရသွားတယ်။ ဒီအခြေအနေကနေလွတ်မြောက်ဖို့ ဘာတွေလုပ်ရမလဲဆိုတာလမ်းညွှန်ပေးတဲ့အတွက်ရော နားလည်မှုအပြည့်၊ စာနာမှုအပြည့်နဲ့ စေတနာထားပြီးဆွေးနွေးပေးတဲ့အတွက်ရော ကျေးဇူးအများကြီးတင်ပါတယ်။ သဇင်နဲ့ coaching ယူပြီးတည်းက Relationship မှာ တဖြည်းဖြည်းချင်းပြောင်းလဲလာခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အရင်ကမမြင်မိတဲ့ရှုထောင့်တွေကနေ မြင်နိုင်လာပြီး တဖြည်းဖြည်းပြောင်းလဲနိုင်ခဲ့တယ်။
Childhood trauma လေးတွေဖြစ်ခဲ့တာ နှစ် ၂၀ ကျော်ကြာအထိပါနေပေမယ့် သေချာလည်းမသိခဲ့ပါဘူး။ အမသဇင်အောင်နဲ့ဆွေးနွေးခွင့်ရတဲ့အချိန်မှာ မကျေနပ်ချက်တွေပြန်တွေးတော့ အဲ့တာလေးပြန်ထွက်လာခဲ့ပါတယ်။ ပြန်ရွေးချယ်ခွင့်ရမယ်ဆိုရင်လည်း အရင်ကရွေးချယ်မှုကို ကိုယ်တိုင်ပဲ ရွေးချယ်ချင်ခဲ့တာကိုသိလိုက်ရသလို ယုံကြည်မှုအပြည့်အဝပေးခဲ့တာကို မကျေနပ်တဲ့စိတ်နဲ့ပဲခံစားပြီး သယ်လာမိတာကို အဖြေရှာပေးသွားခဲ့ပါတယ်။ အချိန်အများကြီးပေးပြီး အဖြေရှာပေးတဲ့အမကျေးဇူးကြောင့် လွှတ်ချရမယ့်အလေးအပင်တွေ ချမိသွားပြီး မိဘတွေကိုလည်းပြန်ကျေးဇူးတင်မိပါတယ်။ စိတ်လေးလျှော့ပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောရယ်၊ ကိုယ်တစ်ယောက်တည်းဖြစ်နေတာမဟုတ်လို့ လက်ခံတတ်ဖို့ရယ်၊ အရာရာသတိကပ်ဖို့ ကြိုးစားပြီး လျှောက်ကြည့်ပါမယ်။ 💛
တီချယ်ရဲ့စိတ်ရှည်မှုနဲ့ သေချာဆွေးနွေးပေးတဲ့အတွက် ညီမစိတ်ကိုပါ ဖွင့်ပြနိုင်ခဲ့တာပါ။ "ခရီးရှည်ကြီးလျှောက်ရမှာမို့ ခဏနားလည်းရတယ်" ဒီလိုစကားတွေကြောင့် ညီမကိုယ်ညီမ လက်ခံနိုင်လာပါတယ်။ တီချယ်က inspire အများကြီးဖြစ်ခဲ့ပြီး ညီမသိချင်တဲ့အရာနဲ့ အားတစ်ခုဖြစ်ပေးခဲ့လို့လည်း ကျေးဇူးအများကြီးတင်ပါတယ်။
သဇင်အောင်ဆီကနေ career နဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ကိုယ်မမြင်တဲ့ရှုထောင့်တွေ၊ ကိုယ့်ရဲ့အားသာချက်တွေကိုမြင်လာအောင် လမ်းပြပေးနိုင်သူတစ်ဦးဖြစ်သလို action တစ်ခုရောက်အောင် တွန်းအားပေးနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ ခုတော့ ကျွန်မဘယ်လမ်းကို focus ထားရမလဲ၊ ဘယ်လို process နဲ့ goal တစ်ခုကိုရောက်အောင်သွားရမလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိသွားခဲ့ရလို့ ကျေးဇူးအများကြီးတင်ပါတယ်။