Thazin Aung

Thazin Aung

Parenting & Life Direction Educator
Contribution • Inspiration • Integrity

Hello!

My name is Thazin Aung and I am an educator with a commitment to creating a safe supportive environment for every child in Myanmar. I firmly believe that a child's upbringing is greatly influenced by the environment they grow up in and their family support. That's why I invested most of my time and my whole career in the education industry and now as a professional parenting and life direction coach.

Having learned and practiced transformative techniques starting in 2014, the relationship with my parents has never been the same. With this first-hand transformation, I feel empowered and inspired to make a difference to the next generation in which parenting has a major role to play in encouraging children to grow up in a nurturing and positive environment.

My coaching focuses on creating possibilities for parents and children to be honest, intimate, and understand each other. I help parents, teachers, and guardians to develop a healthy parent-child relationship so that every child can grow up creative, self-expressive, and responsible.

I hold a Bachelor's degree in Business Management from the National Management College, Yangon, Myanmar, and an MBA from the University of Thai Chamber of Commerce, Bangkok, Thailand. I started working as a manager in the education sector in 2018 and now I am establishing a brand-new nursery school in my hometown for the younger generation this year. Furthermore, I am also a co-founder of the Scholarship for Myanmar Youth Leaders, which supports educational opportunities for young leaders in Myanmar.

Looking for a professional to ease your worries and find new possibilities? Click here. I am ready to help you in any possible way.

Dwell in Possibilities & Workability.
Thazin Aung

WordS FROM COACHING CLIENTS

နားလည်မှုအပြည့်နဲ့ဆွေးနွေးပေးတဲ့အတွက် လူကစိတ်ပေါ့ပေါ့ပါးပါးနဲ့ လွတ်လပ်စွာ စိတ်ထဲရှိတာတွေပြောဖြစ်ခဲ့ပါတယ်။ စိတ်အာရုံပြောင်းသွားချိန်လေးမှာ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာလေးတွေ long term / short term လုပ်ရမှာတွေ ပိုရှင်းလင်းသွားပါတယ်။ တန်ဖိုးရှိတဲ့အချိန်လေးကို မျှဝေပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။

Thant Sin Tint
Apr 25, 2023

Coaching session ကနေ ကိုယ့်ကိုတစ်သက်လုံးဒုက္ခပေးလာတဲ့ inner child trauma ကို မြင်ခွင့်ရသွားတယ်။ ဒီအခြေအနေကနေလွတ်မြောက်ဖို့ ဘာတွေလုပ်ရမလဲဆိုတာလမ်းညွှန်ပေးတဲ့အတွက်ရော  နားလည်မှုအပြည့်၊ စာနာမှုအပြည့်နဲ့‌ စေတနာထားပြီးဆွေးနွေးပေးတဲ့အတွက်ရော ကျေးဇူးအများကြီးတင်ပါတယ်။ သဇင်နဲ့ coaching ယူပြီးတည်းက Relationship မှာ တဖြည်းဖြည်းချင်းပြောင်းလဲလာခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အရင်ကမမြင်မိတဲ့ရှုထောင့်တွေကနေ မြင်နိုင်လာပြီး တဖြည်းဖြည်းပြောင်းလဲနိုင်ခဲ့တယ်။

Yu War Tun
Apr 22, 2023

Childhood trauma လေးတွေဖြစ်ခဲ့တာ နှစ် ၂၀ ကျော်ကြာအထိပါနေပေမယ့် သေချာလည်းမသိခဲ့ပါဘူး။ အမသဇင်အောင်နဲ့ဆွေးနွေးခွင့်ရတဲ့အချိန်မှာ မကျေနပ်ချက်တွေပြန်တွေးတော့ အဲ့တာလေးပြန်ထွက်လာခဲ့ပါတယ်။ ပြန်ရွေးချယ်ခွင့်ရမယ်ဆိုရင်လည်း အရင်ကရွေးချယ်မှုကို ကိုယ်တိုင်ပဲ ရွေးချယ်ချင်ခဲ့တာကိုသိလိုက်ရသလို ယုံကြည်မှုအပြည့်အဝပေးခဲ့တာကို မကျေနပ်တဲ့စိတ်နဲ့ပဲခံစားပြီး သယ်လာမိတာကို အဖြေရှာပေးသွားခဲ့ပါတယ်။ အချိန်အများကြီးပေးပြီး အဖြေရှာပေးတဲ့အမကျေးဇူးကြောင့် လွှတ်ချရမယ့်အလေးအပင်တွေ ချမိသွားပြီး မိဘတွေကိုလည်းပြန်ကျေးဇူးတင်မိပါတယ်။ စိတ်လေးလျှော့ပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောရယ်၊ ကိုယ်တစ်ယောက်တည်းဖြစ်နေတာမဟုတ်လို့ လက်ခံတတ်ဖို့ရယ်၊ အရာရာသတိကပ်ဖို့ ကြိုးစားပြီး လျှောက်ကြည့်ပါမယ်။ 💛

Moh Moh Zaw Thin
Apr 19, 2023

တီချယ်ရဲ့စိတ်ရှည်မှုနဲ့ သေချာဆွေးနွေးပေးတဲ့အတွက် ညီမစိတ်ကိုပါ ဖွင့်ပြနိုင်ခဲ့တာပါ။ "ခရီးရှည်ကြီးလျှောက်ရမှာမို့ ခဏနားလည်းရတယ်" ဒီလိုစကားတွေကြောင့် ညီမကိုယ်ညီမ လက်ခံနိုင်လာပါတယ်။ တီချယ်က inspire အများကြီးဖြစ်ခဲ့ပြီး ညီမသိချင်တဲ့အရာနဲ့ အားတစ်ခုဖြစ်ပေးခဲ့လို့လည်း ကျေးဇူးအများကြီးတင်ပါတယ်။

Nyein Shwe Sin
Apr 9, 2023

သဇင်အောင်ဆီကနေ career နဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ကိုယ်မမြင်တဲ့ရှုထောင့်တွေ၊ ကိုယ့်ရဲ့အားသာချက်တွေကိုမြင်လာအောင် လမ်းပြပေးနိုင်သူတစ်ဦးဖြစ်သလို action တစ်ခုရောက်အောင် တွန်းအားပေးနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ ခုတော့ ကျွန်မဘယ်လမ်းကို focus ထားရမလဲ၊ ဘယ်လို process နဲ့ goal တစ်ခုကိုရောက်အောင်သွားရမလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိသွားခဲ့ရလို့ ကျေးဇူးအများကြီးတင်ပါတယ်။

Nang Thida Aung
Dec 25, 2022

သားနှစ်ယောက်အတွက်စိတ်ပူပန်ပြီး စိတ်ဖိစီးမှုတွေရှိနေခဲ့လို့ ဆရာမနဲ့ဆွေးနွေးတိုင်ပင်ခွင့်ရခဲ့တာ ကျေးဇူးအများကြီးတင်ပါတယ်။ သားတို့ရဲ့မှားယွင်းမှုလေးတွေကို ပြောဆိုဆုံးမရမယ့်နည်းလမ်းကောင်းများကို အကြံဉာဏ်ပေးခဲ့ပြီး သားတွေရဲ့စိတ်ကိုပိုမိုနားလည်မှုရှိအောင်ကြိုးစားဖို့ သိမြင်လာရပါတယ်။ မိခင်တစ်ယောက်ရဲ့အတ္တနဲ့ ပြောင်းလဲရမယ့်စိတ်အနေအထားတွေကိုလည်း သေချာမြင်မိအောင် နည်းလမ်းတွေပြောပြပေးခဲ့လို့ ကိုယ့်စိတ်ကိုလည်းထိန်းနိုင်အောင်ပြုပြင်ကြိုးစားဖို့ ခွန်အားတွေဖြစ်စေခဲ့ပါတယ်။ Parenting Coach တစ်ယောက်အနေဖြင့် နည်းလမ်းကောင်းများလမ်းညွှန်ပေးပြီး မိခင်တွေအတွက် နွေးထွေးမှုတွေပေးခဲ့တဲ့ဆရာမလေး ဒီထက်မကအောင်မြင်မှုတွေရရှိနိုင်ပါစေ။

Thin Nwe Htwe
Nov 21, 2022

သားသားနဲ့ပတ်သက်ပြီး စိတ်ထဲမရှင်းမလင်းဖြစ်တာတွေ၊ ကိုယ်မမြင်တဲ့ရှုထောင့်တွေ၊ သတိမထားမိတာလေးတွေကို ထောက်ပြပေးတာရယ်... ကလေးလေးအပေါ်မှာ ကိုယ်ထားရမယ့်စိတ်သဘောထား၊ သတိပြုရမယ့်အမူအကျင့်လေးတွေကအစ ထောက်ပြပေးတာရယ်... ကျေးဇူးတင်ရပါတယ်ရှင့်။ စိတ်ထဲပူပင်နေတာတွေလည်း အများကြီးလျော့သွားပြီး သားသားကိုလိုအပ်တာလေးတွေဖြည့်ဆည်းပေးနိုင်အောင် အကြံပေးတယ်။ ကလေးနဲ့ပတ်သက်ပြီး အများကြီးပိုနားလည်လာရလို့ ကျေးဇူးတင်ပါတယ်ရှင့်။ လူလောကကိုအကျိုးပြုဖို့ အကြံဉာဏ်ကောင်းတွေပေးတဲ့ မသဇင်လည်း ဒီထက်မကအောင်မြင်ပါစေရှင့်။

Aye Zarni Lwin
Nov 12, 2022

သင်း သိချင်တာလေးတွေကို အချိန်ပေးပြီး စိတ်ရှည်လက်ရှည်ရှင်းပြပြီး ဆွေးနွေးပေးလို့ကျေးဇူးတင်ပါတယ်ရှင့်။ တီချယ်နဲ့စကားပြောပြီးတော့ သင်းစိတ်ထဲ သမီးလေးနဲ့ပတ်သက်ပြီး သင်းစိတ်ပူနေတာတွေ တော်တော်လေး သက်သာသွားတယ်ရှင့်။ သမီးလေးအတွက်ပါမဟုတ်ဘူး... သင်းအတွက်ပါ ဗဟုသုတတွေရတာမို့ အရမ်းအဆင်ပြေပါတယ်ရှင့်။ မိဘနဲ့သားသမီးကြားမှာ ထားရှိရမယ့်စိတ်သဘောထားကို သေချာလေးပြောပြပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်။ Parenting နဲ့ပတ်သက်ပြီး သေချာလေးဆွေးနွေးချင်တယ်ဆို teacher Thazin Aung (Parenting Coach) ကို အပြည့်အဝ recommend ပေးပါတယ်ရှင့်။

Thin Thin Wai
Nov 5, 2022

ပထမဦးဆုံး..Teacher ကို ကျေးဇူးအထူးတင်ပါတယ်လို့ ပြောချင်ပါတယ်ရှင်။ အချိန်ယူပြီး သေချာဆွေးနွေးပေးတဲ့အတွက်ရော.. ကျွန်မဘက်ကပြောပြရမယ့်အကြောင်းအရာလေးတွေကို စုံလင်အောင်သေသေချာချာမေးမြန်းပြီးမှ ကျွန်မလိုအပ်နေတဲ့အဖြေလမ်းကြောင်းကို ကိုယ်တိုင်ရှာတွေ့အောင် လမ်းပြပေးခဲ့လို့ပါ။ မိဘနဲ့သားသမီးကြား ထားသင့်တဲ့စိတ်နေသဘောထားလေးတွေကို သေချာပြောပြရုံမက ကျွန်မရဲ့ work-life balance ညီမျှအောင်ချိန်ဆတတ်ဖို့ကို နွေးထွေးစွာဆွေးနွေးအဖြေရှာပေးလို့ ချစ်ခင်လေးစားရပါတယ် Teacher ရှင့်။ မိသားစုတွင်း၊ သားသမီးနဲ့မိဘကြား handle လုပ်ရခက်နေတဲ့ မေမေ၊ ဖေဖေတို့ကို Teacherနဲ့ တိုင်ပင်ဆွေးနွေးအဖြေရှာကြည့်ဖို့ fully Recommend လုပ်ပါတယ်ရှင်။ တီချယ်လည်း ယခုထက်ပိုပြီး မိသားစုတွေကိုကူညီပေးနိုင်ပါစေရှင်။ စိတ်ချယုံကြည်နွေးထွေးစေတဲ့ Parenting Coach တစ်ယောက်ကို ရှာနေတယ်ဆိုရင်.. Teacher Thazin Aung နဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါရှင်။

Hnin Wutyi
Nov 4, 2022

Recent article Posts

No items found.

Stay in Touch

Thank you! Your subscription has been received!

Oops! Something went wrong while submitting the form