စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ မိသားစုအရေး၊ ကိုယ်ရည်ကိုယ်သွေးတိုးတက်မှု စသည့် ဘဝ၏အခန်းကဏ္ဍအားလုံးတွင် လက်ရှိအနေအထားထက် ပိုမြင့်သောနေရာ၊ အစွမ်းအစ၊ ဖန်တီးမှုများကို လေ့ကျင့်သင်ကြားပေးမည့် တစ်နှစ်လျှင် တစ်ကြိမ်သာဖွင့်သည့် သင်တန်းဖြစ်ပါတယ်။
ဘယ်အခြေအနေမှာပဲဖြစ်ဖြစ်၊ ဘယ်လိုပုံစံမှာပဲဖြစ်ဖြစ်၊ ဘယ်လိုလူမျိုးနဲ့ပဲဖြစ်ဖြစ်... တစ်ဖက်လူရဲ့တိုက်ခိုက်မှုသည် မိမိဆီ မရောက်ဘူး။ တစ်နည်းအားဖြင့် မိမိဆီမှာ တုံ့ပြန်မှု မရှိဘူး။ အေးချမ်းစွာဖြင့် နားထောင်နိုင်တယ်။ လက်ခံနိုင်တယ်။ လွတ်လပ်မှုရှိနေခြင်းကို ခွန်အားအပြည့်ဖြင့်နေထိုင်ခြင်း (Living Powerfully) ဟု ခေါ်ပါတယ်။ ယင်းအနေအထားကို ရံဖန်ရံခါမဟုတ်ဘဲ နေ့စဉ်ဘဝမှာ breakdown ကြုံလာတိုင်း မိမိဘာသာ breakthrough ရသည်အထိ ကိုင်တွယ်ဖြေရှင်းတတ်စေရန် Advanced Transformation Program တွင် အပတ်စဉ် လက်တွေ့လေ့ကျင့်မှုများဖြင့် သင်ယူရမှာဖြစ်ပါတယ်။
သင်တန်းကာလမှာ ၃ လဖြစ်ပြီး အတန်းချိန် ၁၀ ချိန် (တစ်ပတ်လျှင် ၁ ချိန်) နှင့် အကြိုနေ့ ၁ ချိန် ပါဝင်ပါတယ်။ Advanced Program ဖြစ်သောကြောင့် လိုအပ်ချက်အနေနဲ့ Designing Your Relationships နှင့် Living Being Mindful သင်တန်းနှစ်ခုလုံး တက်ထားပြီးသူ ဖြစ်ရပါမယ်။
သင်တန်းကာလ ၃ လအတွင်း အမှန်တကယ်ပါဝင်လေ့ကျင့်သူများသည် သင်တန်းပြီးဆုံးသည့်အခါတွင် အထက်ပါအကျိုးကျေးဇူးများအားလုံးကို မိမိ၏ (မွေးရာပါ) ကိုယ်ပိုင်အရည်အချင်းကဲ့သို့ အသွေးထဲအသားထဲအထိ စိမ့်ဝင်တည်ရှိ ပိုင်ဆိုင်လာမှာဖြစ်ပါတယ်။
Start Date: Jun 10, 2024 (Pre-Classroom)
Duration: 10 weeks (Every Wednesday)
Time: 8:00-10:00 PM (Yangon Time)
Fee: 600,000 MMK
Language: Burmese
Trainer: Thida Aung