Business ကို Business တစ်ခုလို အကောင်အထည်ဖော်နိုင်ဖို့ level up လုပ်တိုင်း လိုက်နာကျင့်ကြံရမယ့် စိတ်နေသဘောထားကအစ Business အမြင်တစ်ခုကို ပြောင်းလဲပေးနိုင်လို့ Business Coaching Session ပြီးတာနဲ့ Business လုပ်ငန်းထဲက structure တွေကို ပြင်စရာရှိတာ ပြင်တယ်။ ဖြည့်စရာရှိတာ ဖြည့်တယ်။ ပြောင်းလဲစရာရှိတာတွေကို ရဲရဲကြီးလုပ်ဆောင်ခဲ့တာကြောင့် အတိုင်းအတာတစ်ခုအထိ အနာဂတ်ကို လမ်းမြင်ပုံဖော်နိုင်တာမို့ တီချယ်နဲ့ coaching ယူဖြစ်လို့ အရမ်းပဲ ကျေနပ်အားရပျော်ရွှင်ပါတယ်။ ဒီထက်မကလည်း ပိုမိုလုပ်ဆောင်နိုင်ဖို့ ဆက်လက်ပြီး ကြိုးစားနေပါတယ်။
မရှင်သန်ချင်လောက်အောင်ဖြစ်နေတဲ့အချိန် ဆရာမနဲ့စကားပြောတဲ့အခါ ဘာဆက်လုပ်ရမယ်ဆိုတာကိုသိလာတယ်။ အများကြီးစိတ်သက်သာရာရစေခဲ့ပါတယ်။ အများကြီးကျေးဇူးတင်ပါတယ် ဆရာမ။
မိန်းမတွေက အိမ်ထောင်ဦးစီးဆိုတာ သိလိုက်ရတယ်။ အမျိုးသမီးတွေဘက်ကပြုလုပ်သင့်တာတွေ အသိပေးလို့ ကျေးဇူးပါဆရာမ။
ကျွန်မမှာထွက်ပေါက်မရှိဘူးလို့ ထင်ရလောက်အောင် စိတ်ညစ်ခဲ့ရတဲ့အချိန်မှာ မမဆီကို အမေတစ်ယောက်လိုသဘောထားပြီး ရင်ဖွင့်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်မတင်ခိုင်းဘူး။ ကိုယ့်ရဲ့အတွေးတွေကို အကောင်းဘက်ကိုပြောင်းခိုင်းခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်ပဲပြောင်းလဲခိုင်းတယ်။ အဲ့လိုပြောင်းလဲခဲ့တဲ့အခါ ကျွန်မကြုံတွေ့ခဲ့တဲ့အခက်အခဲတွေ ပြေလည်ခဲ့ရတယ်။ ကျေးဇူးလည်းတင်ပါတယ် မမရေ။
ဆရာမနဲ့ဆွေးနွေးပြီး communication ရဲ့အရေးပါပုံတွေ၊ AAL ကြောင့် ကိုယ့်ကိုယ်ကိုယ်ကြောက်စိတ်တွေနဲ့ ၁၆နှစ်သမီးတုန်းကအဖြစ်အပျက်ကို အခုချိန်အထိကြောက်နေတာကိုသိခဲ့ရပါတယ်။ ကျေးဇူးတင်ပါတယ်ရှင် ဆရာမ။
ဆရာမနဲ့ဆွေးနွေးမှုကနေမှ အမျိုးသားတွေမှာရှိတဲ့စိတ်နေစိတ်ထားတွေကို သိလာရပါတယ်။ မိမိဖက်မှာလည်း လိုအပ်ချက်တွေအများကြီးရှိတာတွေ သိလာပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ရင်ထဲကခံစားချက်တွေကို ဖွင့်ပြောရမယ်ဆိုတာရယ်၊ အိမ်ထောင်ကျစအရွယ်လို အမြဲစိတ်ရောလူပါနုပျိုအောင်နေရမယ်၊ နွေးထွေးအောင်နေရမယ်ဆိုတာတွေ သိရပါတယ်။ တင်းထားတဲ့မာနတွေကိုလည်း လျော့နိုင်အောင်ကြိုးစားပါ့မယ်။ ဆရာမနဲ့ဆွေးနွေးပြီးနောက်ပိုင်း စိတ်ကြည်ကြည်လင်လင်နဲ့ဘုရားရှိခိုးလာနိုင်ပါတယ်။ ကောင်းကောင်းအိပ်ပျော်လာပါတယ်။ ချစ်စရာကောင်းတဲ့ဆရာမကို ကျေးဇူးတင်ပါတယ်။
အရမ်းစိတ်ရှည်ပြီး သေချာဆွေးနွေးပေးတဲ့ coach ပါ။ Parenting နဲ့ ပတ်သက်တဲ့ အရမ်းတန်ဖိုးရှိတဲ့ knowledge တွေကိုမျှဝေပေးလို့ ကျေးဇူးတင်ရပါတယ်။